YCDC

Source: https://www.ycdc.gov.mm/frontend_show_content/10

Archived: 2026-04-23 17:17

YCDC
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ဘာသာစကား
Myanmar
English
ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန
စျေးများဌာန ပင်မစာမျက်နှာ
ဌာန၏ လုပ်ငန်းတာဝန်များ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ထားသော စျေးများတွင် ဆိုင်ခန်းများ အငှားချထားခြင်း၊ စျေးစည်းကမ်းဖောက်ဖျက်သည့်ဆိုင်များအား ပြန်လည် သိမ်းယူခြင်းနှင့် ဆိုင်ခန်းအား တရား၀င်လွှဲပြောင်းထားသူများအား ရောင်းချသတ်မှတ် ခွင့်ပြုခြင်း။
သတ်မှတ်ထားသော စျေးစည်းကမ်းများကို ကြီးကြပ်ထိန်းသိမ်းခြင်း၊ စည်းကမ်းဖောက်ဖျက်သူ များအား အရေးယူခြင်း။
စျေးအသီးသီးအတွက် စျေးခွန်ပြေစာများနှင့် စျေးကောက်လက်မှတ်များကို ထုတ်ပေးခြင်း၊ စျေးခွန်စျေးကောက်များ ပြည့်ဝစွာကောက်ခံရရှိရန် ကြီးကြပ်ဆောင်ရွက်ခြင်း။
ဈေးများနှင့်ပွဲရုံစခန်းများ လုံခြုံ‌ရေးနှင့်သန့်ရှင်း‌ရေးကို စနစ်တကျ ကောင်းမွန်‌စေရန် စီမံ ကြီးကြပ်‌ဆောင်ရွက်ခြင်း။
စျေးများကို စီမံအုပ်ချုပ်သည့် စျေးတာ၀န်ခံအဆင့်ဆင့်နှင့် စျေးသန့်ရှင်း​ရေး၊ လုံခြုံရေး၀န်ထမ်း များအားဌာနအကြီးအကဲထံ တင်ပြခန့်ထားခြင်း၊ ၄င်းတို့၏ တာ၀န်များကို ခွဲ​​​ဝေသတ်မှတ်ခြင်း။
စျေးရုံအဆောက်အအုံများရှိ ဆိုင်နေရာပုံစံများ၊ စျေးဆိုင်စာရင်းများနှင့် စျေးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများကို ပြုစုထိန်းသိမ်းခြင်း။
ဈေးများနှင့်ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးဌာန၏ ရုံးတွင်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ‌ ဆောင်ရွက်ခြင်း။
စျေးလုပ်ငန်းများနှင့်ပတ်သက်၍အခြားအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
စျေးအသီးသီးရှိ စျေးရုံများ၊ စျေးဆိုင်ခန်းများ၊ စျေးတာဝန်ခံရုံးများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် စျေးအတွင်းရေပေးရေးစနစ်၊ လျှပ်စစ်မီးနှင့်အခပေးအိမ်သာများပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဌာနအကြီးအကဲ၏ သီးခြားခွင့်ပြုချက်ဖြင့် တာဝန်ယူဆောင်ရွက်ခြင်း။
စျေးဆိုင်ခုံများ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းကို စိစစ်ခွင့်ပြုခြင်း။
အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းများ စနစ်တကျရှိစေရေးနှင့် သတ်မှတ်ထားသည့် အခွန် အကောက်များ အပြည့်အဝ ကောက်ခံရရှိရေး စီမံကြီးကြပ်ဆောင်ရွက်ခြင်း
ကော်မတီပိုင် ဆိုင်ခန်း/မြေ/လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်စဉ် အငှားချ ဆောင်ရွက်ပြီး သတ်တမ်းမကုန်ဆုံးမီ ဆက်လက်ငှားရမ်းနိုင်ရေး ကြပ်မတ် ဆောင်ရွက်ခြင်း။
ပွဲရုံစခန်းများရှိ ဆိုင်ခန်းလခများကောက်ခံခြင်း၊ နှစ်ကောက်လုပ်ငန်းများ ကောက်ခံခြင်း တို့အား ကြပ်မတ်ကွပ်ကဲခြင်း။
ကော်မတီမှအခါ အား‌လျော်စွာ သတ်မှတ်‌ပေးသည့် လုပ်ငန်းတာဝန်များကို အကောင် အထည်‌ ဖော်‌ဆောင်ရွက်ခြင်း။
ဌာန၏ ရ/သုံးမှန်း‌ခြေ‌ငွေစာရင်းများကို ရေးဆွဲတင်ပြခြင်း။။
ဆက်သွယ်ရန်
အကြံပြုရန်
ပြန်ကြားစာ
FAQs
ကိုယ်ရေးအချက်အလက်မူဝါဒ
ဆိုဒ်အညွှန်း
My City Application
လမ်းညွှန်ဗီဒီယိုများ
ယနေ့ကြည့်ရှုသူ - ၃၀
Online Services ကြည့်ရှုသူ - ၄၁၅၂၆
UEC ကြည့်ရှုသူ - ၁၃၅၉၃
ကြည့်ရှုသူစုစုပေါင်း - ၁၁၇၀၉၀၈၁
© Copyright. All rights reserved by YCDC