YCDC
Source: https://www.ycdc.gov.mm/frontend_service/16
Archived: 2026-04-23 17:09
YCDC
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ဘာသာစကား
Myanmar
English
ပြည်သူ့ကျန်းမာရေးဌာန
၁။ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသောက်ဆိုင်များ၊ လုပ်ငန်းများ၊ တည်းခိုခန်းများ၊ဘော်ဒါဆောင်များဖွင့်လှစ်ရန် လုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာန၏ ထောက်ခံချက်လက်မှတ် လိုအပ်ပါသည်။ ၎င်းလက်မှတ်ရရှိရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ ကျန်းမာရေးတာဝန်ခံများထံ ဝန်ဆောင် ခပေးသွင်း၍ စစ်ဆေးပြီး ထောက်ခံချက်လက်မှတ် ရယူရမည်ဖြစ်ပါသည်။ ရရှိလာသော ဝန်ဆောင်ခများကို ကော်မတီသို့ ပေးသွင်းပါသည်။
၂။ ဓာတ်ခွဲစစ်ဆေးခြင်း
(က) ပြည်သူ့ကျန်းမာရေးဌာနတွင် ရေအဏုဇီဝနှင့် ရေဓါတုဗေဒ ဓာတ်ခွဲစစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
ရေအဏုဇီဝဓာတ်ခွဲစစ်ဆေးလိုလျှင် ပြည်သူ့ကျန်းမာရေးဌာန ရုံးချုပ်တွင်ပုံစံဖြည့်စွက်၍ စစ်ဆေးငွေ ၂ဝဝဝိ/(ကျပ်နှစ်ထောင်တိတိ) ပေးသွင်းရပါမည်။ ရေနမူနာယူရန်အတွက်ပြည်သူ့ကျန်းမာရေးဌာန ဓာတ်ခွဲခန်းမှ ပိုးသတ်ထားသောပုလင်းကိုယူ၍ ရေဖြည့်ပြီးဓာတ်ခွဲခန်းသို့ နှစ်နာရီ အတွင်းပို့ပေးရမည် ဖြစ်ပါသည်။ နှစ်နာရီအတွင်းမပို့ပေးနိုင်ပါက ရေနမူနာပုလင်းကို ရေခဲဗူးတွင်ထည့်၍ ပေးပို့ရမည်ဖြစ်ပါသည်။ ဓာတ်ခွဲစစ်ဆေးမှုအဖြေကို (၃) ရက်အကြာတွင် ရရှိမည်ဖြစ်ပါသည်။
ရေဓါတုဗေဒဓာတ်ခွဲစစ်ဆေးလိုလျှင်ပြည်သူ့ကျန်းမာရေးဌာနရုံးချုပ်ရှိ ဓာတ်ခွဲခန်းမှစစ်ဆေးသည့်ပုံစံကိုဖြည့်စွက်၍ စစ်ဆေးခ ငွေ ၂ဝဝဝိ/ (ကျပ်နှစ်ထောင်တိတိ) ပေးသွင်းရပါမည်။ ရေနမူနာကို ၂ဂါလံဝင်ပလပ်စတစ်ပုံးအသစ်ထဲသို့အပြည့်ရေဖြည့်ပြီး
ဓာတ်ခွဲခန်းသို့ ပေးပို့ရမည်ဖြစ်ပါသည်။ ဓာတ်ခွဲစစ်ဆေးမှုအဖြေကို (၇)ရက်အကြာတွင်ရရှိမည်ဖြစ်ပါသည်။
ရေနမူနာတစ်မျိုးကို အဏုဇီဝနှင့် ဓါတုဓာတ်ခွဲစစ်ဆေးခြင်းအတွက်စုစုပေါင်း ၄ဝဝဝိ/(ကျပ်လေးထောင်တိတိ) ပေးသွင်းရမည်ဖြစ်ပါသည်။
(ခ) နှာတို့ရည်စစ်ဆေးခြင်း
အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများတွင် အစာအဆိပ်သင့်စေသော ပိုးမွှား ရှိ၊မရှိ နှာတို့ရည်နမူနာယူ၍ စစ်ဆေးနိုင် ပါသည်။ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ ပြည်သူ့ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ စစ်ဆေးခငွေ တစ်ဦးလျှင် ၁၉၀ဝိ/ (ကျပ်တစ်ထောင့်ကိုးရာတိတိ) ဖြင့် စစ်ဆေးနိုင်ပါသည်။ ဓာတ်ခွဲစစ်ဆေးမှုအဖြေကို(၇)ရက်အတွင်း ရရှိမည်ဖြစ်ပါသည်။
(ဂ) အစားအသောက်များ စားသုံးရန်သင့်မသင့် ဓာတ်ခွဲစစ်ဆေးခြင်း။
ရန်ကုန်မြို့တော်အတွင်းရောင်းချနေသောအစား အသောက်များကိုစားသုံးရန်သင့်မသင့် ဓာတ်ခွဲစစ်ဆေးနိုင်ပါသည်။ ပြည်သူ့ကျန်းမာရေးဌာန ဓာတ်ခွဲခန်းမှ အစားအစာ နမူနာ ယူသည့် ပုံစံတွင်ဖြည့်စွက်၍ ဓာတ်ခွဲစစ်ဆေးခ ၃ဝဝဝိ/(ကျပ်သုံးထောင်တိတိ) ပေးသွင်း၍ စစ်ဆေးနိုင်ပါသည်။ စစ်ဆေးလိုသည့် အစားအစာကို အစားအစာနမူနာ ယူသည့်ပလတ်စတစ်အိတ်ထဲသို့သန့်ရှင်းစွာ ထည့်၍ ဓာတ်ခွဲခန်းသို့နှစ်နာရီ အတွင်း ပေးပို့ရမည်ဖြစ်ပါသည်။ ဓာတ်ခွဲစစ်ဆေးမှုအဖြေကို (၅)ရက်အကြာတွင် ရရှိမည် ဖြစ်ပါသည်။
(ဃ) စားသုံးဆီအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်း
ပွဲရုံများနှင့် ဈေးများတွင်ရောင်းချနေသော ဆီအမျိုးမျိုး(ပဲဆီ၊နှမ်းဆီ၊စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ)၊ စက်ရုံမှ ထုတ်လုပ် ရောင်းချနေ သော ဆီအမျိုးမျိုး၊ ဆီလက္ကား ဆိုင်များမှ ရောင်းချသောဆီအမျိုးမျိုး စားသောက်ဆိုင်များမှ သုံးစွဲနေ သောဆီများနှင့် အကြိမ်ကြိမ် ကြော်ပြီးဆီများကို ပြည်သူ့ကျန်းမာရေးဌာန ဓာတ်ခွဲခန်းတွင် ဓါတ်ခွဲစစ်ဆေးခြင်း၊ GC(Gas Chromatography)စက်ဖြင့် ဆီအရည်အသွေး၊ အမျိုးအစားနှင့် စားသုံးရန် သင့်၊မသင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဓါတ်ခွဲစစ်ဆေးခ ၃၀၀၀ဝိ (ကျပ်သုံးသောင်း တိတိ)နှင့် ထောက်ခံချက်ကဒ်ပြားခ ၅၀ဝိ (ကျပ်ငါးရာတိတိ)၊စုစုပေါင်း ၃၀၅၀ဝိ/ (ကျပ်သုံးသောင်း ငါးရာတိတိ) ပေးသွင်း၍ ဆီနမူနာ ၁လီတာဝင်ပုလင်း ၂ပုလင်းပေးပို့၍ စစ်ဆေးနိုင်ရန် စီစဉ်ထားပါသည်။ ဓါတ်ခွဲစစ်ဆေးမှု အဖြေကို (၇)ရက်အတွင်း ရရှိနိုင်မည်ဖြစ်ပါ သည်။
(င) ဆိုးဆေးများစစ်ဆေးခြင်း
စားသောက်ကုန်ထုတ်လုပ်သောစက်ရုံများ၊ လက်လီလက္ကားဆိုင်များ၊ ဈေးများ၊ စားသောက်ဆိုင်များနှင့် မုန့်မျိုးစုံထုတ်လုပ်သောလုပ်ငန်းများမှ စားသောက်ကုန်ပစ္စည်းများ(အချိုရည်၊ ငရုတ်ဆီ၊ ငရုပ်သီးမှုန့်အမျိုးမျိုး၊ ငါးပိ စိမ်းစား၊ ပုဇွန်ခြောက်မှုန့်၊ ရေခဲမုန့်၊ ရေခဲချောင်း၊ မျှစ်၊ အသားချောင်း အမျိုးမျိုး၊ ငါးချဉ်၊ ပုဇွန်ချဉ်၊ လက်ဖက်နှင့် မုန့်အမျိုးမျိုး) တို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိ၊မရှိကို (Thin Layer Chromatography) ဖြင့် စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဓာတ်ခွဲစစ်ဆေးခ ကျပ် ၁၀၀၀ဝိ (ကျပ်တစ်သောင်းတိတိ) နှင့် ထောက်ခံချက်ကဒ်ပြားခ ၅၀ဝိ/- (ကျပ်ငါးရာတိတိ)၊ စုစုပေါင်း ၁၀၅၀ဝိ/- (ကျပ်တစ်သောင်းငါးရာတိတိ) ပေးသွင်း၍ စားသောက်ကုန်နမူနာ ၂၅ ကျပ်သားပေးပို့၍ စစ်ဆေးနိုင်ရန် စီစဉ်ထားပါသည်။ ဓာတ်ခွဲစစ်ဆေးမှုအဖြေကို (၇)ရက်အတွင်း ရရှိနိုင်မည် ဖြစ်ပါသည်။
(စ) ခဲဆိပ်သင့်မှုစစ်ဆေးခြင်း
ခဲဆိပ်အန္တရာယ်ရှိနိုင်သည့်လုပ်ငန်းအချို့ (ဉပမာ- ဘတ္ထရီလုပ်ငန်း၊ ဆေးမှုတ် လုပ်ငန်း၊ အလှကုန်နှင့်ဓါတုပစ္စည်းဆိုင်များ) မှ ဝန်ထမ်းများ ခဲဆိပ်သင့်မှုရှိ၊မရှိ ပဏာမအနေဖြင့်ဆီးကိုစစ်ဆေးနိုင်ပါသည်။ စစ်ဆေးခတစ်ဦးလျှင် ၃၇၀ဝိ/ (ကျပ်သုံးထောင့်ခုနှစ်ရာတိတိ)ဖြစ်ပြီး အဖြေကို(၇)ရက်အတွင်း ရရှိမည်ဖြစ်ပါသည်။
(ဆ) အနှေးယာဉ်လုပ်သားများ ကာလသားရောဂါပိုး (VDRL) စစ်ဆေးခြင်း
အနှေးယာဉ်လုပ်သားများ နင်းသားလိုင်စင်ပြုလုပ်ရာတွင် လိုင်စင်သစ် ပြုလုပ်သော အနှေးယာဉ်လုပ်သားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးစစ်ပြီး ကာလသားရောဂါပိုးရှိ၊မရှိ VDRL Test ပြုလုပ်ပေးပြီး၊ ရောဂါပိုး တွေ့ရှိသူများအား ကုသမှုခံယူနိုင်ရန် ဗဟိုကာလသားရောဂါတိုက်ဖျက်ရေးသို့ လွှဲပြောင်းပေးပါသည်။ စစ်ဆေးခ တစ်ဦးလျှင် ၆၀ဝိ/- (ကျပ်ခြောက်ရာတိတိ) ဖြစ်ပြီး၊ အဖြေကို (၃)ရက်အတွင်းရရှိမည်ဖြစ်ပါသည်။
(ဇ) ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုနှင့် မှိုအဆိပ်ပါဝင်မှုစစ်ဆေးခြင်း
ပိုးသတ်ဆေးဓါတ်ကြွင်း ပါဝင်မှုနှင့် မှိုအဆိပ်ပါဝင်မှု စစ်ဆေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(စျ) ရေတွင်ပါဝင်သော အိုင်းယွန်းများစစ်ဆေးခြင်း
ရေအမျိုးမျိုးထဲတွင် ပျော်ဝင်နေသော အိုင်းယွန်းပမာဏ မည်မျှပါဝင်ကြောင်းကို Spectro Direct စက်ကို အသုံးပြု၍ စစ်ဆေးနိုင်ပါသည်။ အိုင်းယွန်းတစ်ခုစီအတွက် စစ်ဆေးစမ်းသပ်ခနှုန်းထားများမှာ ကော့ပါး (ကြေးနီ) - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ ကလိုရိုဒ် - ၂၅၀၀/- (ကျပ်နှစ် ထောင့်ငါးရာတိတိ)၊ အလူမီနီယမ်(ဒန်) - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ ဖော့စ်ဖိတ် (ပါဝင်မှုနည်း) - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ ဖော့စ်ဖိတ် (ပါဝင်မှုများ) - ၃၅၀၀/- (ကျပ်သုံးထောင့်ငါးရာတိတိ)၊ ဇင့် - ၂၅၀၀/- (ကျပ်နှစ်ထောင့်ငါးရာတိတိ)၊ အယ်ကာလီနီတီ - ၂၀၀၀/- (ကျပ်နှစ်ထောင် တိတိ)၊ ဘိုရွန် - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ မဂ္ဂနီ(စ်) - ၄၀၀၀/- (ကျပ် လေးထောင်တိတိ)၊ ပိုတက်စီယမ် - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ သံဓါတ် - ၃၀၀၀/- (ကျပ်သုံးထောင်တိတိ)၊ စုစုပေါင်း - ၃၂၅၀၀/- (ကျပ်သုံးသောင်း နှစ်ထောင့်ငါးရာတိတိ) ဖြစ်ပါသည်။ ရေနမူနာများအား ၂ ဂါလံဆံ့သော ပလတ်စတစ်ပုံးသစ်ဖြင့် ဓာတ်ခွဲခန်းသို့ နှစ်နာရီအတွင်းပေးပို့ရမည်။ ဓာတ်ခွဲ အဖြေအား (၇) ရက်အတွင်း ရရှိနိုင်ပါသည်။
(ည) သောက်သုံးရေတွင်ပါဝင်သော အဆိပ်အတောက်ဖြစ်စေသည့် ဒြပ်စင် များ စစ်ဆေးခြင်း
သောက်သုံးရေတွင် ပျော်ဝင်နေသော အဆိပ်အတောက်ဖြစ်စေသည့် အာဆင်းနစ် (Arsenic)၊ ကဒ်မီယမ် (Cadmium)၊ ခဲ (Lead) စသည့် ဒြပ်စင် များအား Atomic Absorption Spectrophotometer (AAS) စက်အား အသုံးပြုစစ်ဆေးနိုင်ပါသည်။ စမ်းသပ်စစ်ဆေးခများအနေဖြင့် အာဆင်းနစ် (Arsenic) - ၆၅၀၀၀/- (ကျပ်ခြောက်သောင်းငါးထောင်တိတိ)၊ ကဒ်မီယမ် (Cadmium) - ၅၅၀၀/- (ကျပ်ငါးထောင့်ငါးရာတိတိ)၊ ခဲ (Lead) - ၅၀၀၀/- (ကျပ်ငါးထောင်တိတိ) အသီးသီးကျသင့်ပါမည်။ ရေနမူနာများအား ၂ ဂါလံဆံ့ သော ပလတ်စတစ်ပုံးအသစ်တွင်ထည့်၍ ဓါတ်ခွဲခန်းသို့ နှစ်နာရီ အတွင်း ပေးပို့ရမည်။ ဓါတ်ခွဲအဖြေအား (၁၀) ရက်အတွင်း ရရှိနိုင်ပါသည်။
ကျန်းမာရေးထောက်ခံချက်အတွက် ပေးဆောင်ရမည့်ဝန်ဆောင်ခနှုန်းထားများ
စားသောက်ဆိုင်လုပ်ငန်းဝန်ဆောင်ခ
စဉ်
လုပ်ငန်းလိုင်စင်နှုန်း
ဝန်ဆောင်ခ
၁။
၅၀၀၀ဝိ/- အထိ
၃၀၀ဝိ/-
၂။
၅၀၀၀ဝိ/- အထက်မှ ၁၅၀၀၀ဝိ/- အထိ
၆၀၀ဝိ/-
၃။
၁၅၀၀၀ဝိ/-အထက်
၉၀၀ဝိ/-
ကျန်းမာရေးအန္တရာယ်ဖြစ်စေတတ်သည့် လုပ်ငန်းဝန်ဆောင်ခ
စဉ်
လုပ်ငန်းလိုင်စင်နှုန်း
ဝန်ဆောင်ခ
၁။
၅၀၀၀ဝိ/- အထိ
၃၀၀ဝိ/-
၂။
၅၀၀၀ဝိ/- အထက်မှ ၁၅၀၀၀ဝိ/-အထိ
၆၀၀ဝိ/-
၃။
၁၅၀၀၀ဝိ/- အထက် မှ ၃၀၀၀၀ဝိ/- အထိ
၉၀၀ဝိ/-
၄။
၃၀၀၀၀ဝိ/- အထက် မှ ၇၀၀၀၀ဝိ/- အထိ
၁၂၀၀ဝိ/-
၅။
၇၀၀၀၀ဝိ/- အထက်
၁၅၀၀ဝိ/-
လုပ်ငန်းလိုင်စင်သစ်များအတွက် ဝန်ဆောင်ခကောက်ခံရန်
ရင်းနှီးမြှုပ်နှံငွေအပေါ် အခြေခံသတ်မှတ်သည့်နှုန်း
စားသောက်ဆိုင်များဝန်ဆောင်ခ
စဉ်
ရင်းနှီးမြှုပ်နှံငွေ
ဝန်ဆောင်ခ
၁။
ကျပ် ၁၅သိန်းအောက်
၃၀၀ဝိ/-
၂။
ကျပ် ၁၅ သိန်းမှ ကျပ် ၁၀၀ သိန်းအထိ
၆၀၀ဝိ/-
၃။
ကျပ်သိန်း ၁၀၀ အထက်
၉၀၀ဝိ/-
ကျန်းမာရေးအန္တရာယ်ဖြစ်စေသော လုပ်ငန်းများဝန်ဆောင်ခ
စဉ်
ရင်းနှီးမြှုပ်နှံငွေ
ဝန်ဆောင်ခ
၁။
ကျပ် ၁၅သိန်းအောက်
၃၀၀ဝိ/-
၂။
ကျပ် ၁၅ သိန်းမှ ကျပ် ၇၅ သိန်းအထိ
၆၀၀ဝိ/-
၃။
ကျပ် ၇၅ သိန်းမှ ကျပ်သိန်း ၂၀၀ အထိ
၉၀၀ဝိ/-
၄။
ကျပ်သိန်း ၂၀၀ မှ ကျပ် သိန်း၄၀၀ အထိ
၁၂၀၀ဝိ/-
၅။
ကျပ်သိန်း ၄၀၀ အထက်
၁၅၀၀ဝိ/-
Back to Top
ဆက်သွယ်ရန်
အကြံပြုရန်
ပြန်ကြားစာ
FAQs
ကိုယ်ရေးအချက်အလက်မူဝါဒ
ဆိုဒ်အညွှန်း
My City Application
လမ်းညွှန်ဗီဒီယိုများ
ယနေ့ကြည့်ရှုသူ - ၃၀
Online Services ကြည့်ရှုသူ - ၄၁၅၂၆
UEC ကြည့်ရှုသူ - ၁၃၅၉၃
ကြည့်ရှုသူစုစုပေါင်း - ၁၁၇၀၉၀၈၁
© Copyright. All rights reserved by YCDC