YCDC
Source: https://www.ycdc.gov.mm/frontend_show_content/3
Archived: 2026-04-23 17:11
YCDC
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ဘာသာစကား
Myanmar
English
ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန
ဌာန၏ လုပ်ငန်းတာဝန်များ
ကော်မတီရှိ ဌာနများနှင့် ညှိနှိုင်းရေးဆွဲထားသော နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကို စုစည်း၍ ကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူခြင်း။
ကော်မတီ၏ နှစ်စဉ်အရ အသုံးခန့်မှန်းခြေငွေစာရင်းများကို ရန်ကုန်တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြနိုင်ရေးကို ဆောင်ရွက်ခြင်း။
ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာဥပဒေတွင် ကော်မတီအတွက် အတည်ပြု သတ်မှတ်ထားသော နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းအရ ဌာနအသီးသီး၏ လျာထားငွေစာရင်းများကို ပြုစုထုတ်ပြန်ခြင်း။
ခွင့်ပြုရန်ပုံငွေများအရ သုံးစွဲမှုများကို စိစစ်ခြင်း၊ လိုအပ်ပါက ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှုများ၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်တင်ပြခြင်း။
နိုင်ငံခြားသုံးငွေလျာထားချက် စာရင်းပြုစုရေးဆွဲခြင်း၊ ရငွေများကို ကော်မတီရန်ပုံငွေသို့ ပေးသွင်းခြင်း၊ နိုင်ငံခြားသုံးငွေဖြင့်ပေးချေရမည့် အသုံးစရိတ်များအတွက် နိုင်ငံပိုင် နိုင်ငံခြားသုံးငွေ သုံးစွဲခွင့် (FE Permit) လျှောက်ထားရယူခြင်းနှင့် စာရင်းထိန်းသိမ်းခြင်း။
ကော်မတီလက်အောက်ရှိ ဌာနအသီးသီးမှ တင်ပြတောင်းခံသည့် အသုံးစရိတ်ငွေ တောင်းခံလွှာများ၊ ကြိုတင်ငွေတောင်းခံလွှာများကို စစ်ဆေးပေးရှင်းခြင်း။
ဌာနအသီးသီးမှ တင်ပြတောင်းခံသည့် ဝန်ထမ်းများ၏ လစာ၊ ခရီးစရိတ် ငွေတောင်းခံလွှာများကို စစ်ဆေးပေးရှင်းခြင်း။
အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာနှင့် လုပ်သက်ဆုငွေများ ခံစားခွင့်ရရှိရေးအတွက် ဌာနများမှပေးပို့သော ပင်စင်အမှုတွဲများကို စစ်ဆေးခြင်း၊ ပင်စင်လစာနှင့် လုပ်သက်ဆုငွေ တွက်ချက်၍ ပင်စင်ဦးစီးဌာနသို့ ပေးပို့ခြင်း၊ ပင်စင်ဦးစီးဌာန၏ စာရင်းစစ် အစီရင်ခံစာနှင့် ထောက်ခံချက် ရရှိပါက သက်ဆိုင်ရာ အငြိမ်းစားဝန်ထမ်းသို့ ထုတ်ပေးခြင်း၊ လစဉ် ပင်စင်လစာငွေ တောင်းခံလွှာများအရ ပင်စင်လစာငွေကို သက်ဆိုင်ရာဘဏ်များသို့ ပေးသွင်းခြင်းနှင့် ငွေသားထုတ်ပေးခြင်း။
ဘတ်ဂျက်နှင့်ငွေစာရင်းဌာနမှ တာဝန်ခံကောက်ခံသည့် ဘီးခွန်ဝင်ငွေများကို သက်ဆိုင်ရာ လက်ခံစခန်းများအလိုက် စနစ်တကျကောက်ခံ၍ ဘဏ်သို့ ပေးသွင်းခြင်းနှင့် စာရင်းထိန်း သိမ်းခြင်း။
ကော်မတီကခွင့်ပြုထားသည့် ပြည်တွင်းပြည်ပ ပစ္စည်းဝယ်ယူရေးလုပ်ငန်းများကို ဆောင် ရွက် ခြင်း ၊ ပြည်ပ ဝယ်ယူမှုများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း ၊ ငွေလွှဲစာ တမ်းဖွင့် လှစ်ခြင်း ၊ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပစ္စည်းများရောက်ရှိလာပါက ဆိပ်ကမ်း ရှင်း လင်းခြင်းတို့ကို တာဝန်ခံဆောင်ရွက်ခြင်း။
ကော်မတီ၏ဌာန၊ ရုံးများမှ ကောက်ခံရရှိသော အခွန်နှင့်ဝင်ငွေအရပ်ရပ်ဆိုင်ရာ စာရင်းများကို စစ်ဆေးခြင်း ၊ ငွေကြေးသုံးစွဲမှုများနှင့် စာရင်းထိန်းသိမ်းမှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှု ရှိစေရေးအတွက် အတွင်းစာရင်းစစ် အဖွဲ့များဖြင့် စစ်ဆေးခြင်း။
ရငွေ၊ သုံးငွေများနှင့်ပတ်သက်သည့်စာရင်းများကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနက သတ်မှတ်ထားသော “ ဦးစီးဌာနများ၏ အခြေခံစာရင်းပြုဌာနများ အတွက် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းညွှန်ကြားချက်များ ”နှင့်အညီ ထိန်းသိမ်းခြင်း၊ လစဉ် စာရင်းနှင့်ဘဏ္ဍာရေးအစီရင်ခံစာများ ကော်မတီသို့ ပြုစုတင်ပြခြင်း၊ လချုပ်အစီရင်ခံစာများကို တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ပြုစုပေးပို့ခြင်း၊ ကော်မတီ၏ နှစ်ချုပ်စာရင်း များ ပြုစုတင်ပြခြင်း။
ကော်မတီ၏ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်စီမံကိန်း ရည်မှန်းချက်များအား ဌာန ၊ ရုံးများ၏ တင်ပြ ချက်ကို အခြေခံ၍ ပြုစုရေးဆွဲပြီး ကော်မတီသို့ အတည်ပြုချက်ရယူခြင်းနှင့် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြခြင်း။
ကော်မတီ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ချုပ်စာရင်းများကိုရေးဆွဲခြင်း ၊ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးမှုကိုခံယူခြင်းနှင့် စာရင်းစစ်အစီရင်ခံစာများကို ရှင်း လင်း ပြန်ကြားခြင်း။
Back to Top
ဆက်သွယ်ရန်
အကြံပြုရန်
ပြန်ကြားစာ
FAQs
ကိုယ်ရေးအချက်အလက်မူဝါဒ
ဆိုဒ်အညွှန်း
My City Application
လမ်းညွှန်ဗီဒီယိုများ
ယနေ့ကြည့်ရှုသူ - ၃၀
Online Services ကြည့်ရှုသူ - ၄၁၅၂၆
UEC ကြည့်ရှုသူ - ၁၃၅၉၃
ကြည့်ရှုသူစုစုပေါင်း - ၁၁၇၀၉၀၈၁
© Copyright. All rights reserved by YCDC