YCDC

Source: https://www.ycdc.gov.mm/frontend_show_content/13

Archived: 2026-04-23 17:13

YCDC
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ဘာသာစကား
Myanmar
English
မြို့ပြမြေစီမံခန့်ခွဲမှုဌာန
ဌာန၏လုပ်ငန်းတာ၀န်များ
မြို့မြေများ မြေစီမံခန့်ခွဲခြင်း
မြို့တော်နယ်နမိတ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ၊ အစိုးရဌာနအဖွဲ့အစည်းပိုင်မြေ၊ အခွန်လွတ် သာသနာ့မြေနှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေ၊ လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများမှအပ ကော်မတီပိုင်မြေများ၊ ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ ကော်မတီက တည်ဆဲဥပဒေနှင့်အညီ လွှဲပြောင်းရယူ ထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့် ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသော မြေများကို စီမံခန့်ခွဲခြင်း။
လူနေထိုင်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် သို့မဟုတ် အခြားလုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ ထုတ်ပေးခြင်း။
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် မြေယာမူဝါဒနှင့် မြေအသုံးချခြင်းဆိုင်ရာ စိမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ အထူးကိစ္စရပ်များ၌ လိုအပ်သောအချက်အလက်များ ပြည့်စုံမှုမရှိသော်လည်း လျှော့ပေါ့ သတ်မှတ်၍ထုတ်ပေးခြင်း။
မြေငှားအသစ်ချထား၍ မြေငှားရမ်းခွင့် ရရှိသည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးခြင်း။
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များ၏ သက်တမ်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးနိုင်ခြင်း။
သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်လွတ်သာသနာ့မြေဂရန် နှင့်အခွန်လွတ် ဗုဒ္ဓသိမ် မြေဂရန် များကို ပြည်ထဲရေး ဝန်ကြီးဌာန ၏ခွင့်ပြချက်ဖြင့် ထုတ်ပေးခြင်း။
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
မြေငှားစာချုပ်များ၊ ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလ အတွင်းမြေငှားစာချုပ်၊ လိုင်စင်သို့မဟုတ်ပါမစ်ရရှိသည့် ပုဂ္ဂိုလ်က ငွေပေးသွင်းရန် ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းခြင်း။
စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်မြေခများကို တည်ဆဲဥပဒေများ နှင့် အညီစည်းကြပ် ကောက်ခံခြင်း။
စည်းကြပ်ကောက်ခံမည့် မြေခွန်မြေခ အမျိုးအစားနှင့် နှုန်းထားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ပြောင်းလဲခြင်း တို့ကို ပြုလုပ်ခြင်း။
ရရန်ရှိသော မြေခွန်မြေခ ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ အရတောင်းခံခြင်း။
မြို့တော်နယ်နမိတ်အတွင်း လွှဲပြောင်းသည့် မရွှေမပြောင်းနိုင်သော ပစ္စည်းတန်ဖိုးပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေအရ ရရှိသည့်ငွေ၏ (၂)ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနထံမှ တောင်းခံရယူခြင်း။
မြေငှားစာချုပ်၊လိုင်စင်သို့မဟုတ်ပါမစ်အတွက် ရရန်ရှိသည့် မြေခွန်မြေခ များကို ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုခြင်း
နိုင်ငံခြားသား အမည်ပေါက် မြေများအား မြေသိမ်းအမှု ဆောင်ရွက်ပြီးမြို့ပြစီမံကိန်းနှင့် အညီ မြေစီမံခန့်ခွဲခြင်း။
Back to Top
ဆက်သွယ်ရန်
အကြံပြုရန်
ပြန်ကြားစာ
FAQs
ကိုယ်ရေးအချက်အလက်မူဝါဒ
ဆိုဒ်အညွှန်း
My City Application
လမ်းညွှန်ဗီဒီယိုများ
ယနေ့ကြည့်ရှုသူ - ၃၀
Online Services ကြည့်ရှုသူ - ၄၁၅၂၆
UEC ကြည့်ရှုသူ - ၁၃၅၉၃
ကြည့်ရှုသူစုစုပေါင်း - ၁၁၇၀၉၀၈၁
© Copyright. All rights reserved by YCDC