YCDC

Source: https://www.ycdc.gov.mm/frontend_service/7

Archived: 2026-04-23 17:14

YCDC
ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ပင်မစာမျက်နှာ
ဌာနများ
ဥပဒေ၊နည်းဥပဒေများ
ဝန်ဆောင်မှုများ
လေ့လာစရာရန်ကုန်
ဖျော်ဖြေရေး
ဘာသာစကား
Myanmar
English
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရေဆက်သွယ်ခွင့်ပြုမိန့်နှင့်ပတ်သက်၍ မြန်ဆန်သည့်စနစ်ဖြစ်စေရန် ဆောင်ရွက်ထားရှိမှု
(က) ရေဆက်သွယ်ခွင့်လျှောက်ထားမှုအဆင့်ဆင့်
(၁)
https://app.ycdc.gov.mm/watersanitation
တွင် ရေဆက်သွယ်လိုသည့် လိပ်စာနှင့် ဖုန်းနံပါတ် ဖော်ပြ၍ သတ်မှတ်ပုံစံတွင်ဖြည့်စွက်ရပါမည်။
(၂) မြို့နယ်တာဝန်ခံမှရေပေးဝေနိုင်ခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး၍ (၃)ရက်အတွင်း အကြောင်းပြန်ကြားပေးမည်ဖြစ်ပါသည်။
(၃) ရေပေးဝေနိုင်ပါက ရေဆက်သွယ်ခွင့်ပြုမိန့်အား ဌာနမှသတ်မှတ်လျှောက်လွှာ၊ မှတ်ပုံတင်မိတ္တူ၊ ပိုင်ဆိုင်မှုအထောက်အထားမိတ္တူ (သို့မဟုတ်) နေထိုင်ကြောင်းအထောက်အထားများပူးတွဲ၍ Online မှတဆင့် လျှောက်ထားရ မည်ဖြစ်ပါသည်။
(၄) အဆိုပါအချက်အလက်များအား မြို့နယ်တာဝန်ခံမှ စစ်ဆေးပြီး မှန်ကန်ပြည့်စုံမှုရှိပါက ရေဆက်သွယ်မှုအတွက်ကျသင့်ငွေတွက်ချက်၍ အကြောင်းပြန်ကြားပေးမည်ဖြစ်ရာ နီးစပ်ရာမြို့တော်ဘဏ် (သို့မဟုတ်) My City Application ဖြင့် CB Bank နှင့် ချိတ်ဆက်၍ ငွေပေးသွင်းနိုင်ပါသည်။
(၅) ငွေပေးသွင်းသည့် အထောက်အထားဖြင့် မြို့နယ်တာဝန်ခံမှ ရုံးချုပ်သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ရုံးချုပ်စတို၌ ရေမီတာထုတ်ယူရမည်ဖြစ်ပါသည်။
(၆) ကာယကံရှင်မှ ငွေပေးသွင်းပြီး (၃)ရက်အကြာတွင် မြို့နယ်၌ ရေမီတာရောက်ရှိပြီးဖြစ်သဖြင့် ရေဆက်သွယ်နိုင်မည်ဖြစ်ပါသည်။
(၇) ရေဆက်သွယ်ခွင့်လျှောက်ထားသော အမှုတွဲအား မြို့နယ်မှ ခရိုင်၊ ခရိုင်မှ ရုံးချုပ်သို့ အဆင့်ဆင့် တင်ပြ၍ ရုံးချုပ်မှအတည်ပြုထုတ်ပေးမည်ဖြစ်ရာ ငွေပေးသွင်းပြီး (၇)ရက်အကြာတွင် ရေဆက်သွယ်ခွင့်ပြုမိန့် ရရှိမည်ဖြစ်ပါသည်။
(ခ) သတ်မှတ်ဝန်ဆောင်ခများ
(၁)ဝန်ဆောင်ခများ
(က)ရေဆက်သွယ်ခွင့်
(၁) 20mm Ø
၁၀၀၀၀ ကျပ်
(၂) 25mm Ø
၁၂၀၀၀ ကျပ်
(၃) 40mm Ø
၁၅၀၀၀ ကျပ်
(၄) 50mm Ø
၂၀၀၀၀ ကျပ်
(၅) 63mm Ø
၂၅၀၀၀ ကျပ်
(၆) 75mm Ø
၃၀၀၀၀ ကျပ်
(၇) 90mm Ø
၃၅၀၀၀ ကျပ်
(၈) 110mm Ø
၄၀၀၀၀ ကျပ်
(၉) 160mm Ø
၆၀၀၀၀ ကျပ်
(၁၀) 200mm Ø
၈၀၀၀၀ ကျပ်
(ခ )လျှပ်စစ်ရေစုပ်စက်တပ်ဆင်ခွင့်
(၁) ½ HP
၁၀၀၀၀ ကျပ်
(0.25 HP တိုးတိုင်း ၅၀၀၀ ကျပ် တိုးကောက်ရန်)
(ဂ)အိမ်တွင်း(ရေ/သန့်) ပစ္စည်းတပ်ဆင်ခွင့်
ရေချိုးခန်း/အိမ်သာတစ်ခန်းလျှင်
၇၅၀၀ ကျပ်
(ဃ)မိလ္လာကန်ဆောက်လုပ်ခွင့်
အိမ်သာတစ်ခန်းလျှင်
၇၅၀၀ ကျပ်
(င)ယာယီအိမ်သာဆောက်လုပ်သုံးစွဲခွင့်
(တစ်နှစ်လျှင်)
၇၀၀၀၀ ကျပ်
(စ )မိလ္လာပြွန်ဆက်သွယ်ခွင့်
(အိမ်သာခန်းတစ်ခန်းလျှင်)
၂၀၀၀၀ ကျပ်
(ဆ)ခွင့်ပြုမိန့်သက်တမ်းတိုးမြှင့်ခွင့်
တစ်နှစ်လျှင်
ဝန်ဆောင်ခ စုစုပေါင်း၏(၁၀၀%)
(ဇ)ဒီဇိုင်းစစ်ဆေးအတည်ပြုခ
ဝန်ဆောင်ခ စုစုပေါင်း၏ (၁၀%)
(ဈ) နေ့စဉ်မှတ်တမ်းစာအုပ်
Log Book (၁) အုပ်
၆၀၀၀ ကျပ်
(ည) ခွင့်ပြုမိန့်မိတ္တူကူးယူခွင့်
တစ်ခုလျှင်
၅၀၀၀၀ ကျပ်
(ဋ)BCC အတွက် ရေနှင့်သန့်ရှင်းမှုဆိုင်ရာစစ်ဆေးခ
ဝန်ဆောင်ခ စုစုပေါင်း၏ ၂၅%
(ဌ)ရေမီတာစစ်ဆေးမှတ်ပုံတင် ထိန်းသိမ်းခ
ရေမီတာတန်ဘိုး၏ ၁၀%
(ဍ)ရေဖြန့်ဖြူးပေးဝေရေး လစဉ်ဝန်ဆောင်ခ(နိုင်ငံသား)
(၁) အိမ်သုံး
၁၅၀၀ ကျပ်
(၂) စီးပွားသုံး
၂၅၀၀ ကျပ်
(၃) လုပ်ငန်းသုံး
၃၅၀၀ ကျပ်
(ဎ)ရေဖြန့်ဖြူးပေးဝေရေး လစဉ်ဝန်ဆောင်ခ(နိုင်ငံခြားသား)
(၁) အိမ်သုံး
၅၀၀၀ ကျပ်
(၂) စီးပွားသုံး
၆၀၀၀ ကျပ်
(၃) လုပ်ငန်းသုံး
၇၀၀၀ ကျပ်
(ဏ)အမည်ပြောင်း လျှောက်ထားခြင်း
၁၅၀၀၀ ကျပ်
(၂) ပိုက်ဖောက်ခနှုန်းထားများ
(က)
20mm Ø
၁၀၀၀၀
(ခ )
25mm Ø
၁၂၀၀၀
(ဂ )
40mm Ø
၁၅၀၀၀
(ဃ )
50mm Ø
၂၀၀၀၀
(င )
63mm Ø
၂၅၀၀၀
(စ )
75mm Ø
၃၀၀၀၀
(ဆ)
90mm Ø
၃၅၀၀၀
(ဇ )
110mm Ø
၄၀၀၀၀
(ဈ)
160mm Ø
၆၀၀၀၀
(ည)
200mm Ø
၈၀၀၀၀
(၃) ဒဏ်ကြေးငွေနှုန်းထားများ
(က)ကြိုတင်ရေဆက်သွယ်အသုံးပြုခြင်း
၁၀၀,၀၀၀
(ခ)ရေစုပ်စက်ကြိုတင်/ကွဲလွဲ၍ တပ်ဆင်ခြင်း
၁၀၀,၀၀၀ ကျပ် (1.5 HP)
0.25 HP တိုးတိုင်း ၅၀၀၀ ကျပ်
(ဂ )မိလ္လာကန် ကြိုတင်တည်ဆောက်ခြင်းနှင့်မိလ္လာပြွန်ကြိုတင်ဆက်သွယ်အသုံးပြုခြင်း
၅၀၀,၀၀၀ ကျပ်
(ဃ) မိလ္လာသန့်စင်မှုစနစ်မှန်ကန်သော်လည်းခွင့်ပြုမိန့်ပါ မိလ္လာကန်သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိခြင်း
၅၀၀,၀၀၀ ကျပ်
(င) အိမ်တွင်းရေနှင့်မိလ္လာပိုက်လိုင်း ဆက်သွယ်မှုစနစ် မှန်ကန်သော်လည်း ခွင့်ပြုမိန့်ပါ အိမ်တွင်းရေနှင့် မိလ္လာဆက်သွယ်မှုပုံစံနှင့်ကိုက်ညီမှုမရှိခြင်း
၂၀၀,၀၀၀ ကျပ်
(စ) နေ့စဉ်မှတ်တမ်းစာအုပ် (Log Book) ပျောက်ဆုံးခြင်း
Log Book တန်ဖိုး x ၃ ဆ
(ဆ) ရေမီတာကို ဖျက်ဆီးခြင်း၊ ပြုပြင်ပြောင်းလဲတပ်ဆင်ခြင်း၊ ရေမီတာအစိတ်အပိုင်းကို ဖြုတ်ခြင်းနှင့် ရေမီတာ ရှေ့မှ ကြို၍ ဖောက်ယူသုံးဆွဲခြင်း
ရေမီတာတန်ဖိုး x ၃ ဆ
(ဇ) ရေပေးဝေရေးစနစ်နှင့် မိလ္လာစွန့်ပစ်မှုစနစ်၏အခြေခံအဆောက်အအုံများထိခိုက်ပျက်စီးမှုအတွက်ဒဏ်ကြေး
တည်ဆောက်ခ၏ ၅ဆ
(၄)နိုင်ငံခြားသုံးငွေဖြင့်ကောက်ခံသောနှုန်းထားများ
(က)အိမ်တွင်းရေ/သန့်ပစ္စည်းတပ်ဆင်ခွင့်
(၁) ရေချိုးကန်
တစ်ခုလျှင် 10 US$
(၂) အိမ်သာ
တစ်ခုလျှင် 5 US$
(၃) ဆီးခွက်တစ်ခုလျှင်
တစ်ခုလျှင် 5 US$
(၄) လက်ဆေးကန်
တစ်ခုလျှင် 3 US$
(၅)မီးဖိုချောင်ပန်းကန်ဆေးကန်၊ဓါတ်ခွဲခန်းသုံးပစ္စည်းဆေးကန်
တစ်ခုလျှင် 3 US$
(၆) ရေပူစက်
တစ်ခုလျှင် 10 US$
(၇) ဘုံဘိုင်ခေါင်းများ
တစ်ခုလျှင် 3 US$
(၈) ရေပန်း
တစ်ခုလျှင် 10 US$
(၉) မီးသတ်ခေါင်း
တစ်ခုလျှင် 15 US$
(၁၀) ရေလှောင်ကန်
တစ်ကန်လျှင် 10 US$
(ခ)ရေလှောင်ကန် တည်ဆောက်ခွင့်
တစ်ကန်လျှင် 500 US$
(ဂ)မိလ္လာကန်တည်ဆောက်ခွင့်
တစ်ကန်လျှင် 250 US$
(ဃ)မြေအောက်ရေလှောင်ကန်တည်ဆောက်ခွင့် စစ်ဆေးခ
တစ်ကန်လျှင် 250 US$
(င)လျှပ်စစ်ရေစုပ်စက်တပ်ဆင်ခွင့်
(၁)1/2 HP
50 US$
(0.25 HP တိုးတိုင်း 25 US$ တိုးကောက်ရန်
(စ)ဒီဇိုင်းစစ်ဆေးအတည်ပြုခ
တစ်ထပ်လျှင် 200 US$
(ဆ)ရေဆက်သွယ်ခွင့်
(၁)
20mm Ø
10 US$
(၂ )
25mm Ø
15 US$
(၃)
40mm Ø
20 US$
(၄)
50mm Ø
25 US$
(၅)
63mm Ø
30 US$
(၆)
75mm Ø
35 US$
(၇)
90mm Ø
40 US$
(၈)
110mm Ø
50 US$
(၉)
160mm Ø
65 US$
(၁၀)
200mm Ø
100 US$
(ဇ)ရေမီတာတပ်ဆင်ခွင့်
တစ်လုံးလျှင်
1 US$
(ဈ)မိလ္လာပိုက်လိုင်းဆက်သွယ်ခွင့်
50 US$
(ည)ပိုက်ဖောက်ဝန်ဆောင်ခ (ရေဆက်သွယ်မှုတစ်ခုလျှင်)
(၁)
20mm Ø
10 US$
(၂ )
25mm Ø
15 US$
(၃)
40mm Ø
20 US$
(၄)
50mm Ø
25 US$
(၅)
63mm Ø
30 US$
(၆)
75mm Ø
35 US$
(၇)
90mm Ø
40 US$
(၈)
110mm Ø
50 US$
(၉)
160mm Ø
65 US$
(၁၀)
200mm Ø
100 US$
မှတ်ချက်။ ဝန်ဆောင်ခများအား နိုင်ငံခြားငွေ (US$)ဖြင့်ကောက်ခံရာတွင် လာရောက်ပေးဆောင်သည့်နေ့တွင် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော်ဘဏ်လီမိတက်မှ ထုတ်ပြန်သည့်နှုန်းရှင် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ (US$) လျှင် မြန်မာကျပ်ငွေဖြင့် သင့်၍ ကောက်ခံပါသည်။
(၅) ရေဖိုးရေခ
(က)နိုင်ငံသားရေမီတာဖိုး(အိမ်သုံး)
တစ်ဂါလန်လျှင်
၁ကျပ် ၅၀ပြား
(ခ)နိုင်ငံသားရေမီတာဖိုး(စီးပွါးသုံး)
တစ်ဂါလန်လျှင်
၂ ကျပ်
(ဂ)နိုင်ငံသား လုပ်ငန်း/စက်ရုံသုံး
တစ်ဂါလန်လျှင်
၂ကျပ် ၅၀ ပြား
(ဃ)နိုင်ငံသားသီးခြားပြေစာရေဖိုး
တစ်ကွာတာလျှင်
၂၂၅၀၀ကျပ်
(င)နိုင်ငံခြားသား ရေဖိုး(အိမ်သုံး)
တစ်ဂါလန်လျှင်
၃ကျပ်
(စ)နိုင်ငံခြားသား ရေဖိုး(စီးပွါးသုံး)
တစ်ဂါလန်လျှင်
၄ကျပ် ၅၀ပြား
(ဆ)နိုင်ငံခြားသားရေဖိုး(လုပ်ငန်းသုံး/စက်ရုံသုံး)
တစ်ဂါလန်လျှင်
၅ကျပ် ၅၀ ပြား
မှတ်ချက်။ စီးပွားသုံးအခြေခံ ရေဖိုးရေခနှုန်းထားအား လစဉ် ၂၀m3 ဖြင့် လည်းကောင်း၊ လုပ်ငန်းသုံး/စက်ရုံသုံး အခြေခံရေဖိုးရေခနှုန်းထားအား လစဉ် ၃၀m3 ဖြင့်လည်းကောင်း၊ မည်သည့်ရေသုံးစွဲမှုအမျိုးအစားမဆို ရေမီတာတပ်ဆင်ထားခြင်းမရှိသော ရေဆက်သွယ်မှုအား ၂ဆဖြင့်လည်းကောင်း ကောက်ခံပါမည်။ ( ၁ m3 = ၂၂၀ ဂါလန်)
(ဇ)
သောက်ရေသန့်စက်မှ ထွက်ရှိသော သောက်ရေသန့်အတွက် ရေဖိုးရေခ
၂၀လီတာ တစ်ဘူးလျှင် ၅၀၀ကျပ်
(၆) (က) BDS တွင် မိလ္လာကန်အမြဲတမ်းကျူးကျော်ကြေး
(တစ်နှစ်လျှင်)
၁ စတုရန်းပေလျှင် ၁၅၀၀ ကျပ်
(၇) ရေမီတာနှုန်းထားများ
(က)
၃/၄"Ø
၆၁၀၀၀
(ခ )
၁"Ø
၁၀၅၀၀၀
(ဂ )
၁ ၁/၂"Ø
၂၁၀၀၀၀
(ဃ )
၂"Ø
၃၅၀၀၀၀
(င )
၃"Ø
၅၄၁၀၀၀
(စ )
၄"Ø
၆၁၃၀၀၀
(ဆ )
၆"Ø
၈၈၁၀၀၀
(ဇ )
၈"Ø
၁၅၃၀၀၀၀
(ဂ)ရေဆက်သွယ်သုံးစွဲသူကလိုက်နာရမည့်စည်းကမ်းချက်များ
(၁) ရေဆက်သွယ်မှုအား ခွင့်ပြုပုံစံအတိုင်းသုံးစွဲရမည်။
(၂) ရေမီတာအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်သောနေရာ၊ ရေမီတာဝန်ထမ်းမှ ဖတ်ရှုစစ်ဆေး ဝင်/ထွက်နိုင်သောနေရာ၊ ရေနစ်မြုပ်မှုမရှိသည့်နေရာတွင် ရေမီတာအိမ် (Meter Box) ဖြင့် စနစ်တကျတပ်ဆင်ရမည်။
(၃) ရေမီတာကိုတရားမဝင်ပြုပြင်ခြင်း၊ ရေမီတာအစိတ်အပိုင်းကိုဖြုတ်ခြင်း၊ ရေမီတာကိုဖျက်ဆီးခြင်း၊ ဖြုတ်သိမ်းခြင်း၊ တစ်နည်းနည်းဖြင့် ပြောင်းလဲတပ်ဆင်ခြင်း၊ ရေမီတာရှေ့မှဖောက်ယူ သုံးစွဲခြင်းမပြုရ။
(၄) ရေဆက်သွယ်မှုတိုင်းအတွက် ရေမီတာတပ်ဆင်ရမည်။
(၅) ခွင့်ပြုထားသောရေပိုက်လိုင်းမှအခြားသူသို့ တရားမဝင်ဆင့်ပွားရေပိုက်လိုင်းခွဲ၍ ဆက်သွယ်ခြင်း၊ ရေကို တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုရ။
(၆) ကျသင့်သောရေဖိုးရေခအား လစဉ်ပုံမှန်ပေးဆောင်ရမည်။ ရေဖိုးရေခများကို နှိုးဆော်စာရရှိသည့်နေ့မှ (၁၀)ရက် အတွင်း ပေးသွင်းရမည်။
(၇) ကျသင့်သော ရေဖိုးရေခကိုပေးဆောင်ရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ကော်မတီကထုတ်ပြန်ထားသော ရေသုံးစွဲခြင်းဆိုင်ရာညွှန်ကြားချက်တစ်စုံတစ်ရာကို မလိုက်နာလျှင်ဖြစ်စေ ရေဖြတ်တောက် အရေးယူခြင်း ခံရမည်။
(၈) ရေဆက်သွယ်ခွင့်ပြုမိန့်ဖြင့် ရေသုံးစွဲသောအိမ်ရှင်/မြေရှင်သည် ၎င်းပိုင်အဆောက်အအုံတွင် အငှားနေထိုင်သူ (သို့) တစ်နည်းနည်းဖြင့် အသုံးပြုသူအား မူလဆက်သွယ်ခွင့်ပြုထားသည့် ရေပိုက် (သို့) ရေလှောင်ကန်မှတဆင့် ဆက်လက်သုံးစွဲခွင့်ပြုရန် အကြောင်းမဲ့ပျက်ကွက်ခြင်း၊ ငြင်းဆန်ခြင်းပြုလျှင် ရေဖြတ်တောက် အရေးယူခြင်းခံရမည်။
(၉) အဆောက်အဦတွင်နေထိုင်သုံးစွဲမည့်လူဦးရေအတွက်တစ်ရက်ခွဲစာရေသိုလှောင်မှုစနစ်ရှိရမည်။
(၁၀) သတ်မှတ်ခွင့်ပြုသည့် လျှပ်စစ်ရေစုပ်စက်မြင်းကောင်ရေအတိုင်း တပ်ဆင်သုံးစွဲရန်နှင့် ကျော်လွန်ပြီး တပ်ဆင်သုံးစွဲပါက မြင်းကောင်ရေတိုးမြှင့်ဝန်ဆောင်ခ ပေးသွင်းရမည်။
(၁၁) ရေဖြန့်ဝေရေးပိုက်လိုင်းမှ ရေမီတာအထိ ရေပိုက်လိုင်းဆက်သွယ်မှုအပိုင်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။
(၁၂) အထက်ပါစည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲစည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။
၁။ ရေဆက်သွယ်ခွင့်လျှောက်ထားရာတွင် ရေဆက်သွယ်ခွင့်ပြုမိန့် အမျိုးအစားများမှာအောက်ပါ အတိုင်းဖြစ်သည် -
(က) အိမ်ရေဆက်သွယ်ခွင့် - အဆောက်အဦပြုပြင်တည်ဆောက်ခြင်း မရှိပဲ ရေသုံးစွဲလိုခြင်း (သို့မဟုတ်) အဆောက်အဦဆောက်လုပ်စဉ်ရေသုံးစွဲလိုခြင်း (သို့မဟုတ်) အဆောက်အဦ ဆောက်လုပ်ပြီးစီး၍ ရေသုံးစွဲလိုခြင်း။
(ခ)     ရေပိုဆက်သွယ်ခွင့် - မူလရေသွယ်လိုင်းမှမယူဘဲ သီးခြားရေလိုင်းသုံးစွဲလိုခြင်း။
(ဂ)     ဆင့်ပွားရေဆက်သွယ်ခွင့် - မူလရေသွယ်လိုင်းမှရေလိုင်းခွဲ၍ သုံးစွဲလိုခြင်း
(ဃ)   ရေပိုက်လိုင်းပြောင်းရွေ့ဆက်သွယ်ခွင့် - ရေအားနည်းသဖြင့်မူလရေသွယ်လိုင်းအား ပိတ်သိမ်းပြီး ရေပိုက်ပြောင်းရွှေ့သုံးစွဲလိုခြင်း။
၂။ ရေဆက်သွယ်ခွင့်လျှောက်ထားရာတွင် အမျိုးအစားအလိုက် အောက်ဖော်ပြပါအချက်အလက်များကို scan ဖတ်ပြီး attached file တွင်ပူးတွဲတင်ပေးရမည်
ရေဆက်သွယ်ခွင့်
အဆောက်အဦဟောင်းများတွင်ရေသုံးစွဲရန်လျှောက်ထားလိုပါက
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
လျှောက်ထားသူ၏ ခြံ၊ မြေ၊ အဆောက်အအုံပိုင်ဆိုင်မှု အထောက် အထားမိတ္တူ
အဆောက်အဦဆောက်လုပ်စဉ် ရေသုံးစွဲရန်လျှောက်ထားလိုပါက
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
မြေပုံမြေရာဇဝင်မိတ္တူ
အဆောက်အအုံခွင့်ပြုမိန့်ပုံစံမိတ္တူ
အဆောက်အဦအသစ်ဆောက်လုပ်ပြီး ရေသုံးစွဲရန်လျှောက်ထားလိုပါက
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
အဆောက်အအုံခွင့်ပြုမိန့်မိတ္တူ(သို့မဟုတ်) အဆောက်အအုံပြီးစီးကြောင်း ခွင့်ပြုမိန့်မိတ္တူ
ရေပိုဆက်သွယ်ခွင့်
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
လျှောက်ထားသူ၏ ခြံ၊ မြေ၊ အဆောက်အအုံပိုင်ဆိုင်မှု အထောက် အထားမိတ္တူ
မြေရှင်မူလရေဆက်သွယ်ခွင့်ပြုမိန့်ရရှိပြီးသူ၏ သဘောတူခွင့်ပြုချက်
(သို့မဟုတ်) သဘောတူညီချက်မတင်ပြနိုင်ပါက သက်ဆိုင်ရာရပ်ကွက်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်း၏အမှန်တကယ် ရေအခက်အခဲရှိကြောင်း ထောက်ခံချက်
ဆင့်ပွားရေဆက်သွယ်ခွင့်
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
မူလရေဆက်သွယ်ခွင့်ရရှိသူ၏သဘောတူခွင့်ပြုချက်
ရေပိုက်လိုင်းပြောင်းရွှေ့ ဆက်သွယ်ခွင့်
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
ရေစုပ်စက်တပ်ဆင်ခွင့်နှင့် အိမ်တွင်းရေ/သန့်ပစ္စည်းတပ်ဆင်သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာအချက်အလက်များ
လျှပ်စစ်ရေစုပ်စက်တပ်ဆင်ခွင့်+အိမ်တွင်းရေသန့်ပစ္စည်းတပ်ဆင်သုံးစွဲခွင့်(EP+ရသ)
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြား
လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထား
မြေပုံမြေရာဇဝင်/Dmap
မိလ္လာကန်ခွင့်ပြုမိန့်နှင့် Drawing (သို့မဟုတ်) ပူးတွဲလျှောက်ထားမှု
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ(Water & Sanitation)မှတ်ပုံတင်လက်မှတ်ရှိထားသည့် P.E(သို့မဟုတ်)R.S.E (သို့မဟုတ်)R.E ၊ L.C နှင့် မြေရှင် လက်မှတ်များရေးထိုးထားသော အိမ်တွင်းရေ/သန့်ပစ္စည်းများ တပ်ဆင်မည့် အဆိုပြုပုံစံ(၂)စုံ (A3 Size)
အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ခွင့်ပြုထားသော Architectural Drawing မိတ္တူ
မှီငြမ်းသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ
Y.C.D.C by-law, Rules & Regulations, HPBC (High-rise and Public Building project Committee) Guideline, Myanmar National Building Code (2020)
ဆောင်ရွက်ပုံ
ဌာနမှစိစစ်၍ ပြည့်စုံမှန်ကန်သောအမှုတွဲများအား (၁၀)ရက်(အလုပ်ဖွင့်ရက်)အတွင်း ဝန်ဆောင်စရိတ်ကျသင့်ငွေသွင်းခွင့်ပြုပါသည်။ လိုအပ်ချက်ရှိသောအမှုတွဲများအား လျှောက်ထားသူသို့ အကြောင်းကြားပေးပါသည်။
အမှုတွဲများအား (Online)စနစ်ဖြင့် ငွေသွင်းစေပါသည်။
ငွေသွင်းပြီး(၄)ရက်(အလုပ်ဖွင့်ရက်)အတွင်း ခွင့်ပြုမိန့်ထုတ်ပေးပါသည်။
ပေးသွင်းရမည့်ဝန်ဆောင်စရိတ်များ
www.ycdc.gov.mm
ရှိ နှုန်းထားဇယားတွင် ဖော်ပြထားရှိပါသည်။
မှတ်ချက်
ရေစုပ်စက်တပ်ဆင်ခွင့်နှင့်အိမ်တွင်းရေ/သန့်ပစ္စည်း တပ်ဆင်သုံးစွဲခွင့် ခွင့်ပြုမိန့်လျှောက်ထားရာ တွင် စည်ပင်ရေသုံးစွဲပါက ရေသွယ်ခွင့်ပြုမိန့်မိတ္တူပူးတွဲတင်ပြရန် လိုအပ်ပါသည်။
မိလ္လာနှင့်ရေဆိုးသန့်စင်မှုစနစ်ဆောင်ရွက်ခွင့်ပြုမိန့်
လျှောက်ထားသူမှ တင်ပြရန်လိုအပ်သော စာရွက်စာတမ်း/အထောက်အထားများ
ဌာနမှသတ်မှတ်လျှောက်လွှာ
လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြား
လျှောက်ထားသူ၏ ခြံ၊မြေ၊အဆောက်အအုံပိုင်ဆိုင်မှု အထောက်အထား
မြေပုံမြေရာဇဝင်မိတ္တူ (D Map မိတ္တူ)
အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ Proposal ခွင့်ပြုထားသော/ဆောက်လုပ်ခွင့်ပြုထားသော Architectural Drawing မိတ္တူ / မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ(Water & Sanitation)မှတ်ပုံတင်လက်မှတ်ရှိP.E(သို့မဟုတ်)R.S.E (သို့မဟုတ်)R.E ၊ L.C နှင့် မြေရှင် လက်မှတ်များရေးထိုးထားသော Drawing မျာ:၊ အင်ဂျင်နီယာ(ရေနှင့်သန့်ရှင်းမှု)မှ သတ်မှတ်ထားသောမိလ္လာကန်Design ၊ မိလ္လာပိုက်လိုင်းဆက်သွယ်မှုပုံစံပါဝင်သော Floor Plan, Schematic Diagram, မိလ္လာကန်အတွက်မြေနေရာဝင်ဆံ့ခြင်းရှိ/မရှိ ပေါ်လွင်အောင်ရေးဆွဲထားသော Location Plan)(၂)စုံ (A3 Size)
မှီငြမ်းသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ
Y.C.D.C by-law, Rules & Regulations, HPBC (High-rise and Public Building project Committee) Guideline, Myanmar National Building Code (2020)
ဆောင်ရွက်ပုံ
ဌာနမှစိစစ်၍ ပြည့်စုံသောအမှုတွဲများအား (၁၀)ရက်(အလုပ်ဖွင့်ရက်)အတွင်း ဝန်ဆောင်စရိတ်ကျသင့်ငွေသွင်းခွင့်ပြုပါသည်။ လိုအပ်ချက်ရှိသောအမှုတွဲများအား လျှောက်ထားသူသို့ အကြောင်းကြားပေးပါသည်။
အမှုတွဲများအား (Online)ဖြင့် ငွေသွင်းစေပါသည်။
ငွေသွင်းပြီး(၄)ရက်(အလုပ်ဖွင့်ရက်)အတွင်း ခွင့်ပြုမိန့်ထုတ်ပေးပါသည်။
ပေးသွင်းရမည့်ဝန်ဆောင်စရိတ်များ
www.ycdc.gov.mm
ရှိ နှုန်းထားဇယားတွင်ဖော်ပြထားရှိပါသည်။
BCC အတွက် ရေ/သန့်ဆိုင်ရာလုပ်ငန်းများ ပြီးစီးကြောင်းထောက်ခံချက်
လျှောက်ထားသူမှ တင်ပြရန်လိုအပ်သော စာရွက်စာတမ်း/အထောက်အထားများ
ဌာနမှသတ်မှတ်လျှောက်လွှာ
အိမ်တွင်းရေ/သန့်ပစ္စည်းများတပ်ဆင်ခွင့်နှင့်မိလ္လာနှင့်ရေဆိုးသန့်စင်မှုစနစ် ဆောင်ရွက်ခွင့်ပြုမိန့်မိတ္တူ
အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ခွင့်ပြုထားသော Architectural Drawing မိတ္တူ
အဆိုပြုအဆောက်အဦ၏ ရေ/သန့်ဆိုင်ရာလုပ်ငန်းများပြီးစီးကြောင်း ဓာတ်ပုံမှတ်တမ်းများ
စစ်ဆေးချက်မှတ်တမ်းစာအုပ် (Logbook)မူရင်း
မှီငြမ်းသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ
Y.C.D.C by-law, Rules & Regulations, HPBC (High-rise and Public Building project Committee) Guideline, Myanmar National Building Code (2020)
ဆောင်ရွက်ပုံ
ဌာနမှစိစစ်၍ ပြည့်စုံသောအမှုတွဲများအား (၇)ရက်(အလုပ်ဖွင့်ရက်)အတွင်း ဝန်ဆောင်စရိတ် ကျသင့်ငွေသွင်းခွင့်ပြုပါသည်။လိုအပ်ချက်ရှိသောအမှုတွဲများအား လျှောက်ထားသူသို့ အကြောင်း ကြားပေးပါ သည်။
အမှုတွဲများအား (Online)ဖြင့် ငွေသွင်းစေပါသည်။
ငွေသွင်းပြီး(၅)ရက်(အလုပ်ဖွင့်ရက်)အတွင်း ထောက်ခံချက်ထုတ်ပေးပါသည်။
ပေးသွင်းရမည့်ဝန်ဆောင်စရိတ်များ
www.ycdc.gov.mm
ရှိ နှုန်းထားဇယားတွင်ဖော်ပြထားရှိပါသည်။
Back to Top
ဆက်သွယ်ရန်
အကြံပြုရန်
ပြန်ကြားစာ
FAQs
ကိုယ်ရေးအချက်အလက်မူဝါဒ
ဆိုဒ်အညွှန်း
My City Application
လမ်းညွှန်ဗီဒီယိုများ
ယနေ့ကြည့်ရှုသူ - ၃၀
Online Services ကြည့်ရှုသူ - ၄၁၅၂၆
UEC ကြည့်ရှုသူ - ၁၃၅၉၃
ကြည့်ရှုသူစုစုပေါင်း - ၁၁၇၀၉၀၈၁
© Copyright. All rights reserved by YCDC