ဟော့ဘစ် - ဝီကီပီးဒီးယား
မာတိကာသို့ ခုန်သွားရန်
ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် ဝတ္ထု အကြောင်း ဖြစ်သည်။
ရုပ်ရှင်ဇာတ်ကားတွဲ အတွက်
ဟော့ဘစ် - မျှော်လင့် မထားသော ခရီးစဉ် (ရုပ်ရှင်)
ကို ကြည့်ပါ။
The Hobbit, or
There and Back Again
အမေရိက၌ ပထမဆုံးထုတ်ဝေမူ
စာရေးသူ
ဂျေ အာ အာ တော်ကီးန်
သရုပ်ဖော်သူ
ဂျေ အာ အာ တော်ကီးန်
မျက်နှာဖုံး
သရုပ်ဖော်
ဂျေ အာ အာ တော်ကီးန်
နိုင်ငံ
ယူနိုက်တက်ကင်းဒမ်း
ဘာသာစကား
အင်္ဂလိပ်
အမျိုးအစား
High fantasy
Juvenile fantasy
ထုတ်ဝေသူ
George Allen & Unwin (ယူကေ)
ထုတ်ဝေသည့်ရက်
၂၁ စက်တင်ဘာ ၁၉၃၇
စာမျက်နှာ
310 (
ပထမအကြိမ်
OCLC
1827184
LC
Class
PR6039.O32 H63
နောက်ထွက်စာအုပ်
လက်စွပ်များ၏ အရှင်သခင်
ဟော့ဘစ် (သို့) အသွားအပြန်ခရီးစဉ်
အင်္ဂလိပ်
The Hobbit, or There and Back Again]
) သည်အင်္ဂလိပ်စာရေးဆရာ
ဂျေ အာ အာ တော်ကီးန်
၏ ကလေးလူငယ်များအတွက် စိတ်ကူးယဉ်ဝတ္ထုတစ်ခုဖြစ်သည်။ ၎င်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်၌ ပုံနှိပ်ထုတ်ဝေခဲ့ရာတွင် ကာနီဂီစာပေဆု(Carnegie Medal)အတွက် ဆန်ကာတင်ရွေးချယ်ခံရခြင်းနှင့် အကောင်းဆုံးလူငယ်စိတ်ကူးယဉ်စာပေအတွက် New York Herald Tribune မှ ဆုချီးမြှင့်ခံရခြင်းစသော ဂုဏ်ပြုမှုများကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့သည်။ ဤဝတ္ထုသည် ယခုထိလူကြိုက်များ၍ ကလေးစာပေကဏ္ဍအတွက် ဂန္ထဝင်စာပေတစ်ခုအဖြစ်အသိအမှတ်ပြုသည်။
ဟော့ဘစ်
"ကို တော်ကီးန်၏ စိတ်ကူးဖြင့်ဖန်တီးထားသောစကြဝဠာတစ်ခု၌ အခြေတည်စေခဲ့သည်။ ထို့နောက် အိမ်ခင်တွယ်သူ "
ဘီလ်ဘို ဘက်ဂင်
"(Bilbo Baggins)၏ စွန့်စားခန်းခရီးစဉ်ပင်ဖြစ်၏။ ထိုဟော့ဘစ်လေးသည် နဂါးကြီး စမောက်ဂ် (Smaug)စောင့်ကြပ်ထားသော ရတနာများထဲမှ ဝေစုကိုရယူနိုင်ခဲ့သည်။ ဘီလ်ဘို၏ ခရီးစဉ်တွင် ပျော်ပျော်ရွှင်ရွှင် တောရွာကျေးလက်နယ်မြေလေးမှသည် အလွန်အန္တရာယ်များသောနယ်မြေများကို သွားလာစွန့်စားရခြင်းများပါဝင်လေသည်။
ဇာတ်လမ်းကို အပိုင်းဆက်ပုံစံဖြင့် ပြောပြသည်။ အခန်းအများစု(chapter)မှာ တော်ကီးန် (စိတ်ကူးယဉ်)နယ်မြေထဲ၌ ရှိသောသတ္တဝါတစ်ကောင် (သို့) သတ္တဝါတစ်မျိုးမျိုးကို မိတ်ဆက်ပေးသည်။ ဘီလ်ဘိုသည် သူ့နဂိုသဘာဝ (ရှိုင်းယားနယ်တွင်) သမားရိုးကျသူလိုကိုယ်လိုဂုဏ်သိမ်ဂုဏ်ဒြပ်ပြောစရာမရှိ၊ ၎င်းဘဝ၏ သာယာကြည်နူးဖွယ်ကောင်းခြင်းများ၊ စွန့်စားလိုမှုအခံရှိခြင်း၊ ထူးထူးဆန်းဆန်းနေတတ်သောအမူအကျင့်များစသည်တို့ကို လက်ခံပြီး သာမန်အသိရော တင်္ခဏုပ္ပတ္တိဉာဏ်များကိုရော အသုံးချနိုင်ခြင်းဖြင့် ယခင်နှင့်မတူသော ရင့်ကျက်မှု၊ ယှဉ်ပြိုင်နိုင်မှု၊ အသိဉာဏ်တို့ရရှိလာခဲ့သည်။ ဇာတ်လမ်း၏အထွတ်အထိပ်မှာ
တပ်ကြီးငါးတပ်၏ တိုက်ပွဲ
(the Battle of Five Armies)ဖြစ်ကာ စာအုပ်အစောပိုင်းကမိတ်ဆက်ထားသော ဇာတ်ကောင်များ၊ သတ္တဝါများ ဤတိုက်ပွဲအတွက်ပြန်လည် ပါလာခဲ့သည်။
စစ်ရေးစစ်ရာများကို ဇာတ်လမ်းအတွက် တန်ဆာဆင်ရင်း သူရဲကောင်းတို့၏ တကိုယ်ရေအစွမ်းသတ္တိတိုးတက်လာမှု၊ ပုံစံများသည် ဤဇာတ်လမ်းဝတ္ထု၏ အဓိကအကြောင်းအရာများဖြစ်သည်။ ထိုအဓိကအချက်များက ဝေဖန်အကဲဖြတ်သူများအား တော်ကီးန်ရဲ့ ပထမကမ္ဘာစစ်အတွေ့အကြုံများကို ဇာတ်လမ်းတည်ဆောက်ရာ၌ အရေးပါသည်ဟု အမြင်ရှိစေသည်။ စာရေးသူ၏ ပညာရှင်ဆန်သော ဂျာမန်ဝေါဟာရဗေဒအသိပညာများ(Germanic philology)နှင့် ဒဏ္ဍာရီများ၊ ရိုးရာနတ်သား/သမီးပုံပြင်များကို စိတ်ပါဝင်စားမှုများက တော်ကီးန်းအပေါ်လွှမ်းမိုးနိုင်စွမ်းရှိကြသည်ဟု မှတ်သားကြသည်။
ဤစာအုပ်၏ အရေးပါပြီး ငွေရေးကြေးရေးအောင်မြင်မှု တို့က ထုတ်ဝေသူများကို အားဖြစ်စေသဖြင့် နောက်ထပ်အပိုင်းသစ် ဆက်ရေးရန်တောင်းဆိုကြသည်။ ဟော့ဘစ်အဆက်
လက်စွပ်များ၏ အရှင်သခင်
ဖြစ်လာမည့် စာအုပ်ကို ပြုစုပျိုးထောင်နေစဉ် ဟော့ဘစ်ဝတ္ထုကို ပြန်ပြောင်းခြေရာကောက်ကာ ထိုဝတ္ထုသစ်နှင့် ရှေ့နောက် ဇာတ်လမ်းဇာတ်ကွက်များ ကိုက်ညီစေရန်ပြုခဲ့ရလေသည်။ အနည်းငယ်ဖြစ်သော်လည်း အရေးကြီးသော အပြောင်းအလဲပြုပြင်ခြင်းများကို ဒုတိယထုတ်ဝေခြင်းတွင် ပေါင်းစပ်ထည့်သွင်းခဲ့လေသည်။ နောက်ပိုင်းထုတ်ဝေခြင်းများတွင် ဘီလ်ဘို၏ အမှတ်မထင်ကြုံတွေ့ခဲ့ရသော လောကနှင့်ပတ်သက်သည့် အယူအဆများကို အပြောင်းအလဲပြုလုပ်မှုအပါအဝင် စာသား၊စာလုံးပေါင်းအသေးအဖွဲပြင်ခြင်းများပါဝင်လာခဲ့သည်။
ဤစာအုပ် ဝယ်၍မရနိုင်သော အခြေအနေမျိုး တစ်ခေါက်မှမဖြစ်ခဲ့ပါ။ ဤဝတ္ထုဇာတ်လမ်း၏ ဆက်လက်ရှိနေသောအမွေအနှစ်များထဲ၌ မှီငြမ်းပုံဖော်ထားသော ပြဇာတ်၊ ရုပ်ရှင်၊ရေဒီယို၊ board gameများ ( ကျားကွက်ကဲ့သို့သော အပြားတစ်ခုပေါ်တင် အရာဝတ္ထုများရွှေ့၍ ကစားရသောပုံစံ)၊ဗီဒီယိုဂိမ်းများစသဖြင့် များစွာပါဝင်လေသည်။ ဤပုံဖော်တင်ဆက်မှု တချို့မှာ အရေးကြီးသောအသိအမှတ်ပြုမှုများကို ကိုယ့်ပုံစံဖြင့်ကိုရရှိထားကြပေသည်။
ဇာတ်ကောင်များ
ပြင်ဆင်ရန်
ဟော့ဘစ်၏ အဓိကဇာတ်ကောင်ဟုဆိုနိုင်သော ဘီလ်ဘို ဘက်ဂင်သည် အရိုသေတန်သော တည်ကြည်အေးဆေးစွာနေတတ်သော ဟော့ဘစ်တစ်ဦးဖြစ်သည်။
စွန့်စားခရီးစဉ်အတွင်း ဘီလ်ဘိုမှာ ၎င်းအိမ်နောက်ဖေးမီးဖိုချောင်လေးထဲရှိ ပစ္စည်းများကို မကြာခဏဆိုသလို ပြောဆိုတတ်ပြီး သူ့မှာ စားကောင်းသောက်ဖွယ်တွေ အခုများရှိရင် ကောင်းမှာပဲဟုခဏခဏ ဆန္ဒပြုဖော်ပြတတ်သည်။
တစ်ကွင်းတည်းသော လက်စွပ်
(One Ring - ထိုစဉ်က magic ring ဟုသုံးနှုံး)ကို မတွေ့ခင် ဘီလ်ဘိုမှာ အကူညီပေးသည်ထက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလေရှာသည်။ အတည်တကျမရှိဘဲ ဟိုမှသည် သည်မှဟို လှည့်လည်သွားလာနေသော မှော်ဆရာ ဂန်ဒက်ဖ်(Gandalf)
က ဘီလ်ဘိုအား ဒွာ့ဗ်လူပု (၁၃)ဦးကို မိတ်ဆက်ပေးခဲ့သည်။ ခရီးစဉ်အတွင်း မှော်ဆရာက အရေးတကြီးတခြားကိစ္စရှိသဖြင့် ပျောက်သွားလိုက်၊ အရေးကြီးသော အချိန်များတွင်ပေါ်လာလိုက်ဖြင့်(ထိုအကြောင်းကို ဤစာအုပ်၌ မရှင်းပြသလောက်) ထိုသို့အနေထားရှိရာ ဟိတ်ဟန်ကြီးပြီး မာနကြီးသော သော်ရင် အုတ်ကန်ရှီးလ်ဒ်(Thorin Oakenshield)
သည် ဒွာ့ဗ်လူပုများ၏ ခေါင်းဆောင်ဖြစ်ပြီး ဖျက်ဆီးခံလိုက်ရသော ၎င်းတို့၏ တိုင်းပြည်မှာ အထီးကျန်တောင်ကြီး(Lonely Mountain)၏ အောက်၌ တည်ရှိပေသည်။ သော်ရင်သည် ထိုတိုင်းပြည်၏ ဆက်ခံသူဘုရင်လည်းဖြစ်၏။ သူသည် ၎င်းခေါင်းဆောင်နေရာ၌ အမှားများစွာကျူးလွန်ကာ ဒုက္ခတောထဲမှကယ်ဆယ်ပေးရန် ဂန်ဒက်ဖ်နှသ့် ဘီလ်ဘိုကို အားကိုးရသည်။ သို့သော်လည်း တကယ့် စွမ်းအားရှိသော သူရဲကောင်းအဖြစ်သက်သေထူခဲ့သည်။ အလယ်ပိုင်းကမ္ဘာမြေ၏ နဂါးတစ်ကောင်ဖြစ်သော
စမောက်ဂ်
(Smaug) သည် ဟိုးယခင်
သော်ရင်
တို့အဘိုးလက်ထက်၌ ဒွာ့ဗ်တိုင်းပြည်ကို လုယူဖျက်ဆီးခဲ့ပြီး မြောက်မြားစွာသောရတနာပုံကြီး၌ အိပ်စက်ခဲ့လေသည်။
ဇာတ်လမ်းဇာတ်ကွက်၌ အရေးပါပုံအမျိုးမျိုးရှိသော ဇာတ်ကောင်များစွာပါလေရာ ၎င်းတို့မှာ - သော်ရင်နှင့် (Dwarves)တစ်ခြားဒွာ့ဗ်(၁၂)ဦး၊ Elf - အက်လ်ဖ်မျိုးနွယ် (၂)မျိုး၊ နှစ်မျိုးလုံးမှာ ရန်အနည်းငယ်ဆောင်တတ်၍ စစ်ရေးစစ်ရာ(တိုက်ရည်ခိုက်ရည်)ကျွမ်းကျင်သောသူများဖြစ်ကြပြီး
လူသားများ၊ လူသားစား ရုပ်ဆိုးပန်းဆိုးသတ္တဝါထွားကြီးများ(Troll)၊ ဧရာမကျောက်တုံးကောင်ကြီးများ(boulder-throwing giants)၊ ဂူအောင်း ဂေါ်ဘလင်ကောင်များ(goblins (သို့) orcs)၊ သစ်တောထဲနေ ပင့်ကူကြီးများ၊ ကြီးမား၍ သူရဲကောင်းဆန်ဆန်ပုံစံဖြင့် သိမ်းငှက်ကြီးများ၊ မိစ္ဆာ ဝံပုလွေကဲ့သို့သောအကောင်များ (evil wolves သို့ Wargs)၊ ပညာကြီးသူအဖြစ် ပုံဖော်ထားသော အက်လ်ဖ်အရှင် အယ်လ်ရွန် (Elrond)၊ မြေအောက်ရေကန်တစ်ခုတွင်နေသော ဂိုလမ်(Gollum)၊ ဝက်ဝံအသွင်ပြောင်းနိုင်သော ဘီယော်န် (Beorn)၊ ရေကန်မြို့(Lake-town)နေ လေးသမား ဘာ့ဒ်(Bard the Bowman)တို့ဖြစ်ကြသည်။
ဇာတ်လမ်းအကျဉ်း
ပြင်ဆင်ရန်
ဘီလ်ဘို ဘက်ဂင်၏ နေအိမ် ဘက်ဂ်အန့်ဒ်(Bag End)
သော်ရင် အုတ်ကန်ရှီးလ်ဒ်(Thorin Oakenshield)နှင့် ဒွာ့ဗ်လူပု (၁၂)ဦး
မှတ်စု ၁
အား မမျှော်လင့်ပဲမိတ်ဆက်ဧည့်ခံရန် ပါတီပွဲတစ်ခုကျင်းပခြင်းနှင့်ပတ်သတ်ပြီး ဂန်ဒက်ဖ်(Gandalf)က ဘီလ်ဘို ဘက်ဂင်(Bilbo Baggins)အား လှည့်စားခဲ့သည်။ အဆိုပါဒွာ့ဗ်များမှာ ၎င်းတို့၏ ရှေးယခင်ပိုက်နက်နယ်မြေဖြစ်သော အထီးကျန်တောင်ကြီး(Lonely Mountain)အောက်က အဲရက်ဘော်ရ်ခံတပ်မြို့(Erebor)နှင့် ထိုအထဲရှိများပြားလှသည့်ရတနာများကို နဂါးကြီးစမောက်ဂ်(Smaug)ထံမှ ပြန်လည်သိမ်းယူရန်အတွက် ဖြစ်သည်။ ပါတီပွဲ၌ ထိုအကြောင်းများကို သီဆိုရွတ်ဆိုကြကာ သီချင်းများအပြီး ဂန်ဒက်ဖ်က ထိုတောင်ကြီးသို့ဝင်ရန် လျှို့ဝှက်တံခါးပေါက်ရှိရာ
သရော်
(Thror)၏မြေပုံကို ဖော်ထုတ်ပြသခဲ့၏။ ဂန်ဒက်ဖ်က ထိုအချိန်၌ မှင်သက်အံ့ဩနေသော ဘီလ်ဘိုကို ခရီးစဉ်တွင် ဖောက်ထွင်းသူခိုးအဖြစ်ခေါ်ဆောင်ရန် အဆိုပြုသည်။ ဒွာ့ဗ်များကထိုစိတ်ကူးကိုလှောင်ပြောင်သရော်ကြသည်။ သို့ရာတွင်တော့ အဆုံး၌ ဘီလ်ဘိုမှာ မလိုက်ချင်သော်လည်းပဲ ထိုအဖွဲ့တွင်ပါဝင်သွားခဲ့သည်။
အဖွဲ့သည် တောတောင်အနှံ့ခြေဆန့်ခဲ့ကြရာ၌ တစ်ခုသောအဖြစ်အပျက်တွင် ဂန်ဒက်ဖ်က ထရိုးလ်ကောင်ကြီးများအန္တရာယ်မှ ကယ်ဆယ်ခဲ့၏။ ထို့နောက် အက်ဘ်ဖ်တို့နယ်မြေ
ရစ်ဗန်ဒဲလ်
သို့ ဦးဆောင်ခေါ်သွားရာ
အယ်လ်ရွန်
က မြေပုံမှ လျှို့ဝှက်ချက်ကို ပြောပြခဲ့လေသည်။ ၎င်းတို့ နှင်းမြူခိုးတောင်တန်းရိုးမကြီး(Misty Mountains)ကိုဖြတ်သောအခါ ဂေါ်ဘလင်များကဖမ်ဆီးခဲ့ကြပြီး အောက်ဘက်နက်နက်ထိခေါ်ဆောင်ခဲ့ကြ၏။ ဂန်ဒက်ဖ်က ကယ်ဆယ်သော်လည်း ထိုအချိန်တွင် ဘီလ်ဘိုမှာ လူစုကွဲတစ်ဦးတည်းဖြစ်နေပြီး ဂေါ်ဘလင်လှိုင်ခေါင်းတွေထဲလမ်းပျောက်နေသည်။ အမှတ်မထင်ဘဲ လျှို့ဝှက်ဆန်းကျယ်သောလက်စွပ်တစ်ကွင်းကိုတွေ့ရှိခဲ့သည်။ များမကြာမီ ဂိုလမ်(Gollum)နှင့် တွေ့ဆုံခဲ့၍
စကားထာ
ဖွက်တမ်းကစားမိကြသည်။ စကားထာအားလုံးကို ဖြေရှင်းနိုင်ပါက ဆုလဒ်အဖြစ် ဂိုလမ်က ဘီလ်ဘိုအား ဥမင်လှိုင်ခေါင်းထဲမှ ထွက်ပေါက်လမ်းကိုပြသမည်ဖြစ်ပြီး မဖြေရှင်းနိုင်ပါက အသက်ဆုံးရှုံးရမည်။ ကိုယ်ပျောက်ရန်စွမ်းဆောင်နိုင်သော လက်စွပ်၏ အကူအညီဖြင့် ဘီလ်ဘိုလွတ်သွားကာ ၎င်း၏ဒွာ့ဗ်မိတ်ဆွေများနှင့် ပြန်ပေါင်းစီးနိုင်ခဲ့လေသည်။ ယခင်က အလေးစားမခံခဲ့ရသောအခြေနေမှ ယခုလို တစ်ဦးတည်းလွတ်မြောက်လာသည့်အတွက် ဒွာ့ဗ်လူပုများက လေးစားခဲ့ကြသည်။ ဂေါ်ဘလင်များနှင့် Wargဟုခေါ်သော ဝံပုလွေဆိုးများကနောက်ကလိုက်ကြသော်လည်း ဤအဖွဲ့ကို သိမ်းငှက်ကြီးများက ကယ်ဆယ်ခဲ့၏။ ထို့နောက် ဘီယော်န် (Beorn)အိမ်သို့ရောက်ရှိခဲ့ကြလေသည်။ ထိုမှဆက်လက်ထွက်ခဲ့ကြပြီး
အမှောင်လွှမ်းတောနက်
(Mirkwood)ထဲသို့ ဂန်ဒက်ဖ်မပါဘဲ ဖြတ်သန်းခဲ့ရသည်။ ထို
အမှောင်လွှမ်းတောနက်
ထဲတွင် ဘီလ်ဘိုသည် ဧရာမပင့်ကူများအန္တရာယ်မှ ဒွာ့ဗ်လူပုများကို ကယ်ဆယ်ခဲ့သည့်အပြင်
သစ်တောအက်လ်ဖ်
မျိုးနွယ်(Silvan Elves (သို့) Wood-elves)များ၏ ဖမ်းဆီးထားခြင်းမှလည်း ကယ်ဆယ်ခဲ့ရသည်။
အထီးကျန်တောင်ကြီး
အနီးနားရောက်လာသောအခါ အဖွဲ့ကို ရေကန်မြို့(Esgaroth (သို့)Lake-town)မှမြို့ခံများက ကြိုဆိုခဲ့ကြသည်။ ထိုမြို့ခံများ၏ မျှော်လင့်ချက်မှာ နဂါးကြီး စမောက်ဂ်သေဆုံးခြင်းနိမိတ်ကို ဖြစ်မြောက်စေချင်ကြပြီး ဒွာ့ဗ်များကိုကူညီဖြည့်ဆည်းကြသည်။ အထီးကျန်တောင်ကြီးဆီသို့ လူပုအဖွဲ့ရောက်၍ လျှို့ဝှက်တံခါးပေါက်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ ဘီလ်ဘိုကား နဂါးကြီးရှိရာ သားရဲတွင်းထဲသို့ စုံစမ်းထောက်လှမ်းရာ ရွှေခွက်တစ်ခွက်ကို ခိုးယူလာနိုင်ပြီး စမောက်ဂ်၏ ချပ်ဝတ်တန်ဆာလိုဖြစ်နေသော အကြေးခွံကြား၌ အလွတ်တစ်နေရာရှိသည်ကို သတိပြုမိခဲ့သည်။ ဒေါသကုမ္မာရနဂါးကြီးက ရေကန်မြို့ကလူတွေ ယခုကျူးကျော်လာသော လူပုများကို ကူညီကြသည်ဟု ကောက်ချက်ချရင်း ထိုမြို့ကိုဖျက်ဆီးရန်ထွက်သွားခဲ့သည်။ မြေလူးငှက်က ဘီလ်ဘို၏ နဂါးနှင့်ပတ်သက်သောပျော့ကွက်အကြောင်းပြောသံကို ကြားခဲ့၍ ရေကန်မြို့မှ ကာကွယ်သူ လေးသမားဘာ့ဒ်(Bard)ကို အကြောင်းကြားပြီးဖြစ်ရာ ဘာ့ဒ်၏မြားတစ်စင်းက ထိုကြေးခွံကြားကအပေါက်နေရာကိုထိမှန်ပြီး နဂါးကြီးသေဆုံးခဲ့သည်။
လူပုများ တောင်ကြီး၏ ကြွယ်ဝမှုများက သိမ်းယူနိုင်ခဲ့သောအခါ ဘီလ်ဘိုမှာ အာကန်စတုံး ကျောက်တုံးရတနာ(the Arkenstone)ကိုတွေ့ရှိ၍ ဝှက်ထားခဲ့၏။ ထိုကျောက်တုံးမှာ သော်ရင်တို့မိသားစု၏ အမွေပစ္စည်းပင်ဖြစ်သည်။
သစ်တောအက်လ်ဖ်
များနှင့် ရေကန်မြို့မှသူများက အကူညီပေးခဲ့ခြင်း၊မြို့ဖျက်ဆီးခံရခြင်း လျော်ကြေးဝေစုအနေဖြင့် ရတနာတချို့တောင်းဆိုခဲ့ကြပြီး တောင်အောက်ကမြို့ကိုဝန်းရံထားကြသည်။ သော်ရင်မှငြင်းဆိုပြီး သံတောင်ကုန်း(Iron Hills)မှ ဆွေမျိုးများကိုဆင့်ခေါ်အားဖြည့်သည်။ ဘီလ်ဘိုသည် စစ်ဖြစ်မည့်အရေးကို တားဆီးရန် အပေါင်သဘောမျိုးအဖြစ် အာကန်စတုံးကို ထိုရေကန်မြို့နှင့် သစ်တောအက်လ်ဖ်များထံသို့ ပေးခဲ့၏။ သို့ရာတွင် သော်ရင်က ဘီလ်ဘို၏ သစ္စာဖောက်မှုကို ဒေါသထွက်ပြီး နှင်ချခဲ့လေသည်။ ယင်းနောက် မရှောင်လွှဲနိုင်သော တိုက်ပွဲကြီးဖြစ်ပေတော့မည်။
ဂန်ဒက်ဖ်ရောက်လာ၍ ဂေါ်ဘလင်တပ်နှင့် မိစ္ဆာဝံပုလွေတပ်ကြီး ချီတက်လာနေကြောင်း သတိပေးသဖြင့် ဒွာ့ဗ်လုပုတပ်၊ လူသားတပ်၊ အက်လ်ဖ်တပ်တို့ အတူတကွပေါင်းစည်းခဲ့သည်။ သိမ်းငှက်များနှင့် ဘီယောန်တို့လည်းအချိန်မီရောက်လာနိုင်ခဲ့ကြ၏။ ထိုအထွတ်အထိပ် တပ်ငါးတပ်တိုက်ပွဲကြီး(Battle of Five Armies)တွင် အနိုင်ရခဲ့ကြလေသည်။ သော်ရင်ကား တိုက်ပွဲတွင် အကြီးအကျယ်ဒဏ်ရာရပြီး မသေဆုံးခင် ဘီလ်ဘိုနှင့် ပြန်ပြေလည်ခဲ့ပေသည်။
ဘီလ်ဘိုမှာ ၎င်းရတနာဝေစု၏ အနည်းအကျဉ်းကိုသာယူ၍ ၎င်းအိမ် (Bag End)သို့ ချမ်းသာကြွယ်ဝသော ဟော့ဘစ်တစ်ဦးအဖြစ် ပြန်ရောက်ခဲ့သည်။ ခရီးထွက်ခဲ့သည်မှ ပြန်ရောက်ချိန်ထိ အကြမ်းအားဖြင့် တစ်နှစ်နှင့်တစ်လ ကြာမြင့်ခဲ့ပေသည်။
အယူအဆ နှင့်ဖန်တီးခြင်း
ပြင်ဆင်ရန်
နောက်ခံအကြောင်းအရာ
ပြင်ဆင်ရန်
အောက်စဖို့ဒ်တက္ကသိုလ်
၊ ပမ်းဘရုတ်ကောလိပ်(Pembroke College, Oxford)ပညာရေးရာအဖွဲ့ဝင်ရာထူးနှင့်အတူ ၁၉၃၀အစောပိုင်းကာလ၌ ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ (အန်ဂလို-ဆက်ခ်ဆွန်ဘာသာစကား - Rawlinson and Bosworth Professor of Anglo-Saxon) ရာထူးရရန်ကြိုးစားနေခဲ့သည်။
Hey Diddle Diddle
ကလေးတေးကဗျာများကို ပြင်ဆင်တည်းဖြတ်ခြင်းမူ၊
The Cat and the Fiddle: A Nursery Rhyme Undone and its Scandalous Secret Unlocked
နှင့်
Goblin Feet
၁၀
အပါအဝင် တော်ကီးန်၏ကဗျာတချို့ကို မဂ္ဂဇင်းများ၊ အသေးစားစုစည်းထုတ်ဝေမှုများတွင် ဖော်ပြခဲ့ဖူးသည်။ ၁၉၁၇မှစ၍ ဖန်တီးနေခဲသည့်
ပျောက်ဆုံးသွားသောပုံပြင်ဇာတ်လမ်းများစာအုပ်
(Book of Lost Tales) အပါအဝင် ဆက်စပ် ဒဏ္ဍာရီ (mythology) တစ်ခု နှင့် အက်လ်ဖ်ဘာသာစကားများ(elven languages) စသဖြင့်တီထွင်ဖန်တီးခဲ့မှုများရှိခဲ့သည်။ ထိုအရာများနှင့်အတူ ၎င်းသားသမီးများဆီသို့ပုံမှန်ပို့ပေးနေကြ
letters from Father Christmas
အပါအဝင် "တိုက်ကြခိုက်ကြသော မှင်စာလေးများ(gnome) ၊ ဂေါ်ဘလင်များ(goblin) ၊ ကူညီတတ်သော ပိုလာဝက်ဝံများ အကြောင်းရေးထားသော သရုပ်ဖော်ပုံများပါဝင်သည့်စာကြမ်းများမှာ ထိုစဉ်က၎င်း၏တီထွင်ဖန်တီးအားထုတ်မှုများပင်ဖြစ်ကြသည်။ အထက်ပါလက်ရာများကို တော်ကီးန်သေဆုံးပြီးနောက်ပိုင်းတွင် ထုတ်ဝေခဲ့ကြသည်။
၁၁
W. H. Auden ဆီသို့ရေးသော ၁၉၅၅-စာတစ်စောင်တွင် တော်ကီးန်သည် ၁၉၃၀ခပ်စောစောကာလများ၌ ဟော့ဘစ်ဇာတ်လမ်းကို ပထမရက်မှစရေးထားသော စာရွက်စာတမ်းများကို ပြန်လည်စုဆောင်းခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို ၁၉၃၀ နှစ်များသည် ကျောင်း၏ထောက်ခံစာများကို အမှတ်ပေးပြုလုပ်နေရသော ကာလလည်းဖြစ်သည်။ ထိုစဉ် စာရွက်အလွတ်တစ်ခုတွေ့သွားသည်။ ရုတ်တရက် ဤသို့စရေးတော့သည်။ "
မြေကြီးထဲက အပေါက်လေးတစ်ခုထဲတွင် ဟော့ဘစ်တစ်ဦးနေလေသည်။
" ၁၉၃၂နှောင်းပိုင်းလောက်တွင် ထိုဇာတ်လမ်းကို အပြီးသတ်နိုင်ခဲ့ပြီး C. S. Lewis အပါအဝင် မိတ်ဆွေတချို့ကို ထိုစာကြမ်းငှားခဲ့သည်။
၁၂
ထို့နောက် ၎င်းကျောင်းသူတစ်ဦး Elaine Griffiths ကိုလည်းငှားခဲ့သေးသည်။
၁၃
၁၉၃၆ခု George Allen & Unwin စာပေတိုက်မှ ဝန်ထမ်းတစ်ဦးဖြစ်သူSusan Dagnall က အောက်စဖို့ဒ်ရှိ Griffiths ထံသို့ အလည်သွားရာ ပြောသံကြားရသည်မှာ Griffiths က Dagnall အားထိုစာကြမ်းငှားခဲ့သည်
၁၃
(သို့) တော်ကီးန်ထံမှ ငှားရန်ဖြစ်သည်။
၁၄
ယင်း၌ Dagnall က အံ့အားသင့်သွားပြီး ထိုစာအုပ်ကို Stanley Unwin အားပြကြည့်ခဲ့မိပြီး Unwin ၏ (၁၀)နှစ်သာရှိသေးသော သားလေး Raynerက ဝေဖန်ခဲ့ရာ ထိုကလေးအမြင်၏ ကောင်းသောဝေဖန်မှုများကပင် ထိုစာပေတိုက်၏ စာအုပ်ထုတ်ရန်ဆုံးဖြတ်ချက်ကိုဖြစ်စေခဲ့သည်။
၁၅
ဇာတ်လမ်းအပြင်အဆင်
ပြင်ဆင်ရန်
စာအုပ်အပေါ်ဖုံးတွင်ဖော်ပြထားသည့်အတိုင်းဆိုလျှင် ဟော့ဘစ်ဇာတ်လမ်းတည်ဆောက်ပုံမှာ နာမည်ပေးထားခြင်းမရှိသေးသောစိတ်ကူးယဉ်ကမ္ဘာတစ်ခု၏ "ဟိုးရှေးရှေးတုံးက" (တိုက်ရိုက်ဆိုရလျှင် ကမ္ဘာမြေပေါ် လူသားမရှိသေးဘဲ နတ်တို့သာကြီးစိုးနေသောခေတ်) ဆိုသောခေတ်နှင့် လူသားတို့ကြီးစိုးလာသောခေတ် ကြားကာလတွင် ဇာတ်အိမ်တည်သည်။
၁၆
စာအုပ်ဖုံးနှင့်ကပ်လျှက် စာရွက်နေရာ၌ မြေပုံဆွဲထား၏ ယင်းမြေပုံတွင် အနောက်ဘက်ကို
အနောက်ဘက်ကုန်းမြေ
(Western Lands)၊ အရှေ့ဘက်ကို အရိုင်းမြေ(Wilderland)ဟုခေါ်ဝေါ်သည်။ မူလအစ ကမ္ဘာမြေကြီးသည် အရာရာပြည့်စုံနေသည်။ သို့သော်
လက်စွပ်များ၏ အရှင်သခင်
ကိုစတင်ဖန်တီးသောအခါ ၎င်းသည် တသီးတသန့်အားဖြင့် ဆယ်စုနှစ်များစွာချီ၍လုပ်ဆောင်နေသော
တော်ကီးန်းဂန္ဓဝင်စာပေ
(Tolkien's legendarium) အမျိုးအစားထဲသို့ ယခုဇာတ်လမ်းများကို သွတ်သွင်းရန်ဆုံးဖြတ်ခဲ့သည်။
ဟော့ဘစ်
နှင့်
လက်စွပ်များ၏ အရှင်သခင်
သည် (Arda (Tolkien)) ဟုခေါ်တွင်သည့် ကမ္ဘာကြီးထဲကအစိတ်အပိုင်းဖြစ်သော
အလယ်ပိုင်းကမ္ဘာမြေ
(Middle Earth) တတိယခေတ်၏ အဆုံးသတ်အပိုင်းများဖြစ်လာသည်။ နောက်ဆုံးတွင်
လင်းလက်နေသော ရတနာသုံးသွယ်
(The Silmarillion)နှင့် ၎င်းကွယ်လွန်ပြီးမှထွက်ရှိလာသောလက်ရာများကို အစောပိုင်းခေတ်များ (ပထမခေတ်၊ဒုတိယခေတ်စသည်)၏ ဇာတ်လမ်းများအနေဖြင့်ထုတ်ဝေခဲ့လေသည်။
တော်ကီးန်းအပေါ်လွှမ်းမိုးမှုများ
ပြင်ဆင်ရန်
တော်ကီးန်အပေါ် အကြီးမားဆုံးလွှမ်းမိုးမှုတစ်ခုကား ၁၉ရာစု အနုပညာလက်ရာပစ္စည်းများနှင့်ပတ်သက်၍ အလွန်နှံ့စပ်သူ ဝီလီယံ မောရစ်(William Morris) ပင်ဖြစ်သည်။ မောရစ်၏ ယေဘုယျစာပေဟန်၊ လက်ရာများကိုချဉ်းကပ်၍ ၎င်း၏မေတ္တာဖွဲ့စကားပြေ၊ ကဗျာများကို အတုခိုးချင်သောဆန္ဒရှိ၏။
၁၇
ရှုမျှော်ခင်းတစ်ခုအားပျက်ဆီးစေခြင်းအဖြစ် ဖော်ကျူးရာ၌
နဂါးကြီး စမောက်ဂ်၏ အကျည်းတန်နယ်မြေ
(The Desolation of Smaug) ဆိုသော စကားစုသည် မောရစ်ထံမှ ချေးငှားယူထားသော သီးသန့်တန်ဆာဆင်စကားစုတစ်ခုဟု မှတ်သားပြုခဲ့ကြသည်။
၁၈
တော်ကီးန်က ၎င်းငယ်စဉ်အချိန်ကောင်လေးတစ်ယောက်အဖြစ် Samuel Rutherford Crockett ၏ သမိုင်းဝင်ဝတ္ထု 'The Black Douglas' က သူ့ကို စိတ်ပါဝင်စားစေခဲ့ကြောင်းနှင့် ထိုဝတ္ထုထဲပါ ဗီလိန်ဇာတ်ကောင် Gilles de Retz ကိုအခြေခံ၍ အောက်လမ်းမှော်ဆရာ ဆော်ရွန်ကို ဖန်တီးသည်။ (
၁၉
ကိုမှီ၍
၂၀
ကိုးကား) ဟော့ဘစ်နှင့်
လက်စွပ်များ၏ အရှင်သခင်
နှစ်ခုစလုံးမှ အဖြစ်အပျက်သည် ဝတ္ထု၏ နောက်ခံစကားပြောပုံစံ၊ ရေးဟန်တို့ တူညီကြလေသည်။
၂၁
ထိုခြုံငုံမိသောရေးဟန်များနှင့် နိမိတ်ပုံများသည် တော်ကီးန်အပေါ်လွှမ်းမိုးမှုတစ်ခုပါဟု ညွှန်းဆိုယူဆကြသည်။
၂၂
ဟော့ဘစ်ထဲ၌ သရုပ်ဖော်ထားသော ဂေါ်ဘလင်များသည် အထူးသဖြင့် 'George MacDonald' ၏ 'The Princess and the Goblin' စာအုပ်မှ လွှမ်းမိုးမှုပင်ဖြစ်ပေသည်။
၂၃
သို့သော်လည်း MacDonald သည် ဇာတ်ကောင်တစ်ကောင်ခြင်း၊ ဇာတ်လမ်းအခန်းများကို ပုံဖော်သည်ထက်ပို၍လေးနက်စွာ တော်ကီးန်အပေါ်လွှမ်းမိုးနိုင်ခဲ့သည်။ ဆိုလိုသည်မှာ MacDonald ၏ စာအုပ်များသည် တော်ကီးန်၏ ခရစ်ယာန်ယုံကြည်မှုအဝန်းအဝိုင်းထဲရှိ စိတ်ကူးယဉ်ကဏ္ဍအပေါ် တွေးတောခြင်းကို ပုံဖော်စေရန်အကူအညီပေးနိုင်ခဲ့သည်။
၂၄
ပြင်သစ်စာရေးဆရာVerne ၏
Journey to the Center of the Earth
စာအုပ်မှ ကုတ်ပုံစံဖြင့်ရေးထားသော ရှေးဟောင်းစာသား
တော်ကီးန်စာပေနှင့်ပတ်သက်သော ပညာရှင် Mark T. Hooker က
ဟော့ဘစ်
နှင့် စာရေးဆရာ Jules Verne ၏
ကမ္ဘာမြေအလယ်ဆီသို့
(Journey to the Center of the Earth) များကြား ရှည်လျှားသော နှိုင်းယှဉ်ချက်အတွဲများကို စာရင်းဇယားပြုစုခဲ့ဖူးသည်။ တစ်ခြားသောအကြောင်းအရာများကြား၌ ထိုစာရင်းထဲတွင်ပါဝင်သည်မှာ ဖွက်ထားသောရှေးဟောင်းစာသားများနှင့် စွန့်စားခန်းထွက်သူများကို လမ်းညွှန်ပေးသော ကောင်းကင်၊ နေ၊ လ၊ နက္ခတ်ကိုက်ညီမှုများဖြစ်ကြသည်။ (မှတ်ချက် -ဟော့ဘစ်တွင် လျှို့ဝှက်တံခါးပေါက်ကို ရှေးဟောင်းစာတစ်မျိုးဖြင့်ရေး၍ လပေါ်မူတည်သည့် အချိန်ကာလတစ်ခု၌သာဖတ်နိုင်ခြင်း)
၂၅
တော်ကီးန်သည် သူ့၏ပညာပိုင်းဆိုင်ရာ ဂျာမန်နစ် ဝေါဟာရဗေဒ ကိုစိတ်ပါဝင်စားမှု၊ ဘဝတစ်လျှောက်လုံး နော့စ်ပုံပြင်များနှစ်သက်မှုကို ထင်ဟပ်စေရင်း
နော့စ်ဒဏ္ဍာရီ
(Norse mythology) သည် ၎င်းလက်ရာများအပေါ်များစွာလွှမ်းမိုးထားလေသည်။
၂၆
ဟော့ဘစ်
ဝတ္ထုသည်လည်း ဥရောပမြောက်ပိုင်းမှ စာပေ၊ ဒဏ္ဍာရီလာများ၊ ဘာသာစကားများ၏ လွှမ်းမိုးမှုများရှိသည်မှာ အမှန်ပင်ဖြစ်သည်။
၂၇
အထူးသဖြင့် ရှေးဟောင်းနော့စ်ဘာသာမှ ကဗျာစာပေများဖြစ်သော
အက်ဒါ ကဗျာလင်္ကာ
အက်ဒါ စကားပြေ
တို့ဖြစ်ကြသည်။ သာဓကပြရလျှင် ဇာတ်ကောင်နာမည်များ
၂၈
ဖြစ်သည့် ဖီလီ(Fili)၊ ကီလီ(Kili)၊ အွိုင်(Oin)၊ ဂလွိုင်(Gloin)၊ ဘီဖာ(Bifur)၊ ဘိုဖာ(Bofur)၊ ဘွန်ဘာ(Bombur)၊ ဒိုရီ(Dori)၊ နိုရီ(Nori)၊ ဒွါလင်(Dwalin)၊ ဘာလင်(Balin)၊ ဒိန်း(Dain)၊ နိန်း(Nain)၊ သော်ရင် အုတ်ကန်ရှီးလ်ဒ်(Thorin Oakenshield)၊ ဂန်ဒက်ဖ်(Gandalf) (ဤအမည်များသည် ရှေးဟောင်းနော့စ်မှအမည်များဖြစ်သည့်
Fíli
Kíli
Oin
Glói
Bivör
Bávörr
Bömburr
Dori
Nóri
Dvalinn
Bláin
Dain
Nain
Þorin Eikinskialdi
နှင့်
Gandálfr
တို့မှဖြစ်ပေါ်လာခဲ့သည်။)
၂၉
နာမည်များသည် ရှေးဟောင်းနော့စ်မှဖြစ်သည်ဟုဆိုနိုင်စဉ် တစ်ဖက်တွင်လည်း ဒွာ့ဗ်လူပုဇာတ်ကောင်များမှာ Brothers Grimm စုစည်းထားသော
စနိုးဝိုက်
စနိုးဝိုက်နှင့်နှင်းဆီနီ
(Snow-White and Rose-Red)စသော မိရိုးဖလာနတ်သား/သမီးပုံပြင်များနှင့်တိုက်ရိုက်ပို၍ပတ်သက်နေသည်။
၃၀
တော်ကီးန်သရုပ်ဖော်ထားသော 'Misty Mountains
နှင့်
Bag End
စသောနာမည်များသည် ရှေးဟောင်းနော့စ်ဇာတ်လမ်းကြီးများမှ အမည်များကို ပဲ့တင်ထပ်စေခဲ့သည်။
၃၁
ဒွာ့ဗ်များနှင့် ခင်မင်ရင်းနှီးသော ကျီးကန်းများ Roäc နာမည်သည်လည်း ရှေးဟောင်း နော့စ်မှဆင်းသက်လာသည်။
၃၂
သို့သော် ၎င်းတို့၏ ငြိမ်းချမ်းသောဇာတ်ရုပ်ကား ရှေဟောင်းနော့စ်၊ ရှေးဟောင်းအင်္ဂလိပ်စာမှ အသေကောင်စားသောငှက်များနှင့်ကားမတူ။
၃၃
တော်ကီးန်သည် ရသ သဘောအတွက် သမိုင်းဆိုင်ရာရင်းမြစ်များကို အပေါ်ယံလောက်ယူခြင်းမျိုးမဟုတ်ပါ။ ရှေးသုံးဟန်၊ ခေတ်သုံးဟန်များ ယှဉ်တွဲခိုင်းနှိုင်းများကို
ဟော့ဘစ်
စာအုပ်၌ ဖော်ထုတ်ထားသော အဓိကအကြောင်းအရာများဖြစ်သည်ဟု စာရေးဆရာ 'Shippey'က ထိုသို့မြင်သည်။
၃၄
မြေပုံများကို ရှေးဟောင်းစာပေဇာတ်လမ်းတွဲကြီးများ (saga literature ) ၌ရော
ဟော့ဘစ်
၌ရော ထည့်သွင်းထားသည်။
၃၁
စာရေးဆရာ၏ ရေးသားချက်တချို့တွင် အန်ဂလိုဆက်ခ်ဆန်ရှေးဟောင်းစာများ (Anglo-Saxon runes) ပေါင်းစပ်ထားကာ အဆိုပါစာများမှာ ဂျာမန်ရှေးဟောင်းစာ အက္ခရာများကို အင်္ဂလိပ်ဘာသာဖြင့်မှီငြမ်းပုံဖော်ထားခြင်းလည်းဖြစ်ပေသည်။
ရှေးဟောင်းအင်္ဂလိပ်စာပေ အထူးသဖြင့်
ဘိုးဝု(ဖ်)
(Beowulf) မှ အကြောင်းအရာများသည် ဘီလ်ဘို ခြေချမိခဲ့သော ရှေးဟောင်းကမ္ဘာကိုပုံဖော်ပေးသည်။
ဘိုးဝု(ဖ်)
စာပေပညာရှင် တော်ကီးန်သည် ဟော့ဘစ်အတွက် ၎င်းတန်ဖိုးအထားဆုံးရင်းမြစ်များကြား၌ ဤဘိုးဝုဖ်ကဗျာရှည်ကြီးကိုလည်း ထည့်သွင်းခဲ့ပေသည်။
၃၅
အသိဉာဏ်ရှိပြီး အလွန်တရာဆိုးရွားသည့် နဂါးကြီး အပါအဝင် ဘိုးဝု(ဖ်)မှ အခြေခံအကြောင်းတချို့ကို ယူငင်သုံးဆွဲသည်။
၃၆
ဥပမာ နဂါးကြီးက ကျူးကျော်သူများကို အနံ့ခံရန် လည်ပင်းဆန့်သည့်အချိန်ကဲ့သို့သော ဟော့ဘစ်မှ ဖော်ပြချက်တချို့သည် စကားအသုံးအနှုံးအနည်းအပါးပြောင်းလဲထားကာ ဘိုးဝု(ဖ်)မှ တိုက်ရိုက်ယူငင်ထားသည့်ပုံပင်ဖြစ်၏။
၃၇
ထိုနည်းတူစွာ တော်ကီးန်၏ သားရဲတွင်း (နဂါးကြီးနေသည့်နေရာ သားရဲတွင်း) ရေးသားချက်သည် ဘိုးဝု(ဖ်)ထဲရှိ "ဖန်သားလျှို့ဝှက်ဥမှင်လှိုင်ခေါင်းမှတဆင့်ဝင်ရောက်" စသောအသုံးအနှုံးမျိုး၊ ဟော့ဘစ်ရှိ တခြားဇာတ်ကွက်ပါ အကြောင်းအရာများဖြစ်သည့် "ဘီလ်ဘိုကို ဂိုလမ်ကရော၊ နဂါးကြီး စမောက်ဂ်ကရော သူခိုး ဟုသုံးစွဲပုံ၊ စမောက်ဂ်၏ ရေကန်မြို့ကိုဖျက်ဆီးချင်သည့် စရိုက်များစသဖြင့် ဤအရာများသည် ဘိုးဝု(ဖ်)မှ ပြောင်းလဲယူငင်ထားခြင်းများဖြစ်သည်။
၃၈
တော်ကီးန်သည် ၎င်းစိတ်မကျေနပ်ဟုထင်ရသော"ခွက်သူခိုး (cup-thief) နှင့် နဂါး၏ ဉာဏ်ရည်၊ စရိုက်စသော အသေးစိတ်အပိုင်းများ၌ ဘိုးဝု(ဖ်)၏ အစိတ်အပိုင်းများကို မွန်းမံသည်။
၃၉
နောက်ထပ် အင်္ဂလိပ်ရှေးဟောင်းရင်းမြစ်မှ လွှမ်းမိုးချက်တစ်ခုကား ရှေးဟောင်းစာများဖြင့် တန်ဆာဆင်ထားသော ဓားများ၏ ပုံသဏ္ဌာန်များဖြစ်ကာ အက်လ်ဖ်များသွန်းလုပ်သည့် ဓားကိုသုံးရာတွင် ဘီလ်ဘိုသည် ၎င်း၏ပထမဆုံးအမှီခိုကင်း၍ သူရဲကောင်းပုံစံအသွင်းမျိုးရလေသည်။ အဆိုပါ ဓား ကို
ဆူး
(Sting) ဟုခေါ်ဝေါ်ခြင်းဖြင့် ဘီလ်ဘိုသည် ၎င်းကိုယ်တိုင်ရှာဖွေတွေ့ရှိသည့်ကမ္ဘာထဲသို့ ဝင်ရောက်ခြင်းကို အလေးပေးပြသနိုင်၍ ဘိုးဝု(ဖ်)၌တွေ့ရသည့် ယဉ်ကျေးမှု၊ ဘာသာစကားထုံးစံ စသည်များကိုလက်ခံခဲ့သည်ကို ရှုမြင်နိုင်သည်။
၄၀
ဤသို့ဖြင့် ဇာတ်ကွက်ပြောင်းလဲတိုးတက်လာမှုတွင် ဘီလ်ဘိုက နဂါးကြီးရတနာသိုက်မှ ခွက်တစ်ခွက်ခိုးယူကာ နဂါးကြီးကို အမျက်ချောင်းချောင်းထွက်စေသည့် ဇာတ်လမ်းအထွတ်အထိပ်သို့ ရောက်ကာသွားစေသည်။ ဤအကွက်မှာ ရိုးရာစကားပြောပုံစံမှ သတ်မှတ်ပေးထားသော လုပ်ဆောင်မှုမျိုးနှင့် ဘိုးဝု(ဖ်)ကို ပုံဖော်ထင်ဟပ်စေသည်။ တော်ကီးန်ရေးခဲ့သလို "အဲဒီခိုးတဲ့အခန်းက ဖြစ်လာတဲ့အခြေအနေများမှ သူ့အလိုလို (ရှောင်လွှဲလို့လဲမရလောက်ဘဲ) ဖြစ်လာခဲ့သည်။ ဤနေရာမှာ ဇာတ်ကိုအခြားနည်းဖြင့်ရေးရန်ခက်ခဲပါသည်။ ဘိုးဝု(ဖ်)ရေးတဲ့စာရေးဆရာလည်း ဒီလိုနေရာမှာ ဒီလိုပဲပြောဆိုမည်ဟုထင်ပါသည်။
၃၅
ရာဒါဂါ့စ် (Radagast) ဆိုသည့် မှော်ဆရာအမည်ကို ဆလပ်ဗ်နတ်ဘုရား 'Rodegast' မှယူသည်ဟု ကျယ်ကျယ်ပြန့်ပြန့်လက်ခံအသိမှတ်ပြုကြသည်။
၄၁
ဟော့ဘစ်ထဲရှိ ဒွာ့လူပုများအား သရုပ်ဖော်ကိုယ်စားပြုမှုကို တော်ကီးန်၏ သီးသန့်ဖတ်ထားသော
ဂျူးလူမျိုး
များ၊ ၎င်းတို့သမိုင်းများနှင့်ပတ်သက်သည့် အလယ်ခေတ်စာများမှ လွှမ်းမိုးမှုရှိခဲ့သည်။
၄၂
အထီးကျန်တောင်ကြီးတွင် ၎င်းတို့၏ရှေးကတည်းကနေလာသော အမိမြေမှ နှင်ထုတ်ခံရခြင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများကိုထိန်းသိမ်းရင်း တစ်ခြားသောမျိုးနွယ်များကြား၌နေထိုင်ရခြင်းများနှင့်ပတ်သက်သော ဒွာ့ဗ်လူပုတို့၏ အကျင့်စရိုက်များ အားလုံးသည် အလယ်ခေတ်ဂျူးလူမျိုးပုံရိပ်များမှ ဆင်းသက်လာခဲ့ကြသည်။
၄၂
၄၃
ထိုလူပုများ၏ စစ်လိုလားဟန်သဘာဝသည်လည်း ဟီဘရူးသမ္မာကျမ်းစာ (Hebrew Bible) ကို အခြေခံသည်။
၄၂
ဟော့ဘစ်ဝတ္ထုပါ ဒွာ့ဗ်လူပုများအတွက် တီထွင်ထားသော ပြက္ခဒိန်သည် ဆောင်းဦးနှောင်း၏ အစပိုင်း ဂျူးပြက္ခဒိန် (Jewish calendar in beginning in late autumn) ကိုရောင်ပြန်ဟပ်ညွှန်းနိုင်သည်။
၄၂
တော်ကီးန်က ထိုနှိုင်းယှဉ်ခြင်းကိုငြင်းဆိုသော်လည်း ဒွာ့ဗ်များသည် ဘီလ်ဘိုကို သာယာနေသောဘဝလေးထဲမှ ခေါ်ထုတ်သွားခြင်းကား
ဂျူးများမရှိသော အနောက်လူမှုအဖွဲ့အစည်း၏ အရည်အသွေးကျဆင်းသွားခြင်း
ကို လှလှပပတင်စားချက် အဖြစ်မြင်နိုင်သည်။
၄၃
ထုတ်ဝေခြင်း
ပြင်ဆင်ရန်
လန်ဒန်မြို့ 'George Allen & Unwin Ltd.' က ဟော့ဘစ်ပထမအကြိမ်ထုတ်ဝေခြင်းကို ၂၁ စက်တင်ဘာ ၁၉၃၇တွင် စောင်ရေ၁၅၀၀ဖြင့် လုပ်ဆောင်ခဲ့သည်။ စိတ်အားထက်သန်လှသော သုံးသပ်ချက်များကြောင့် ဒီဇင်ဘာတွင်ရောင်းကုန်သည်။
၄၄
ဤပထမအကြိမ်သည် တော်ကီးန်၏အဖြူအမဲသရုပ်ဖော်ပုံများ၊ ကိုယ်တိုင်ဆွဲမျက်နှာဖုံးဖြင့်ဖြစ်သည်။ ဘော်စတန်(Boston) ၊ နယူးယောက်ရှိ Houghton Mifflin စာပေက အမေရိကန်ထုတ်ဝေမူအဖြစ် ရိုက်နှိပ်ခြင်းကို စဆုံးလုပ်ဆောင်ကာ ၁၉၃၈ အစောပိုင်း၌ ဖြန့်ချိသည်။ သရုပ်ဖော်ပုံများမှ လေးပုံမှာ အရောင်ဖြင့်ဖြစ်သည်။ Allen & Unwin က ၁၉၃၇ နှစ်ကုန် ဒုတိယထုတ်ဝေခြင်းတွင် အရောင်သရုပ်ဖော်ပုံများ ပေါင်းစပ်ထည့်သည်။
၄၅
စာအုပ်မှာ လူကြိုက်များသော်လည်း ဒုကမ္ဘာစစ်အတွင်းနှင့် အပြီးကာလ ၁၉၄၉ထိ စက္ကူကို ခွဲတမ်းနှင့်သာရသဖြင့် Allen & Unwinက ထုတ်ဝေမူကို ရံဖန်ရံခါထိုကာလများ၌မရနိုင်ခဲ့ပေ။
၄၆
အင်္ဂလိပ်ဘာသာဖြင့် နောက်ပိုင်းထုတ်ဝေမှုများအဖြစ် ၁၉၅၁၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉၅ တွင် အသီးသီးထုတ်ဝေခဲ့ကြသည်။ ထိုအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေမူများကို ထုတ်ဝေရေးတိုက်တချို့ဖြင့်ထုတ်ဝေခဲ့ကြ၏။
၄၇
ထို့အပြင် ဟော့ဘစ်ကို ဘာသာစကားပေါင်း (၄၀) ကျော်ဘာသာပြန်ဆိုခဲ့ကြပြီး တချို့သောဘာသာစကားများတွင် တစ်ကြိမ်ထက်မနည်း ထုတ်ဝေမှုများလည်းပြုလုပ်ခဲ့ကြသည်။
၄၈
ပြင်ဆင်စိစစ်တည်းဖြတ်ခြင်း
ပြင်ဆင်ရန်
၁၉၃၇ ဒီဇင်ဘာတွင် ဟော့ဘစ်ထုတ်ဝေသူ Stanley Unwin က တော်ကီးန်ကို ဟော့ဘစ်နောက်ဆက်တွဲဇာတ်လမ်းတစ်ပုဒ် ရေးရန်တောင်းဆိုသည့်အခါ တော်ကီးန်က The Silmarillion စာမူကိုပေးခဲ့၏။ လူအများက လိုလားသည်မှာ ဟော့ဘစ်တို့အကြောင်း ယခုထက်ပိုသိချင်ကြဟု ယုံကြည်လျှက် အယ်ဒီတာများက ပယ်ချခဲ့သည်။
၄၉
လက်စွပ်များ၏ အရှင်သခင်
ဖြစ်လာမည့်
ဟော့ဘစ်အသစ်
ဇာတ်လမ်းကို
၄၉
စတင်လုပ်ဆောင်ခဲ့ရာ ထိုအားထုတ်မှုလမ်းကြောင်းသည် မူရင်းစာသားအဆက်အစပ်များသာမက ဇာတ်ကောင်
ဂိုလမ်
ကိုပါ အများအပြားပြောင်းလဲခဲ့ရလေသည်။
ပထမအကြိမ်ထုတ်ဝေမူတွင် ဂိုလမ်သည် စကားထာဖွက်တမ်းနိုင်ကြေးအဖြင့် လက်စွပ်ကို လိုလိုလားလားလောင်းကြေးထပ်ကာ ဘီလ်ဘိုနှင့် အခင်မင်မပျက်ခွဲခွာခဲ့သည်။
၅၀
ဒုတိယမူတွင်
တစ်ကွင်းတည်းသောလက်စွပ်
(One Ring) ၏အယူအဆသစ်၊ လက်စွပ်၏ညှို့ယူဖျက်ဆီးတတ်သော ဂုဏ်သတ္တိအပေါ် ရောင်ပြန်ဟပ်နိုင်စေရန် တော်ကီးန်က ဂိုလမ်သည် ဘီလ်ဘိုအပေါ်သို့ ပို၍ရက်စက်ကာ လက်စွပ်ပျောက်သည်ကိုသိလျှင် စိတ်ဂဏာမငြိမ် ကယောက်ကယက်ဖြစ်သွားသည်ဟု ပြုပြင်ယူသည်။ ထို့ပြင်ထားသောအဖြစ်သည် ဂိုလမ်၏ဆဲရေးကြိမ်စာတိုက်ခြင်းနှင့် ဤသို့အဆုံးသတ်လေသည်။ " သူခိုးကောင်၊ သူခိုး၊ သူခိုး.. ဘက်ဂင်ကောင်။ တို့တွေမုန်းတယ်၊ တို့တွေ ဒင်းကို မုန်းတယ်၊ တစ်သက်လုံး ဒင်းကို ငါတို့တွေမုန်းတယ်ဟေ့။" ဤအချက်ကား လက်စွပ်များ၏ အရှင်သခင်တွင် ဂိုလမ် ပါဝင်လာမှု၏ ရှေ့ပြေးနမိတ်ဆိုး ပြယုတ်ပင်ဖြစ်သည်။
လက်စွပ်များ၏ အရှင်သခင်
နှင့် ကိုက်ညီမည့်စာအုပ်ကို ထုတ်ဝေနိုင်စေရန်အလို့ငှာ ယခုလိုပြုပြင်ထားသော
မှောင်ရိပ်ထဲက စကားထာ
(Riddles in the Dark) အခန်းကို ထုတ်ဝေသူ Unwin ဆီသို့ပို့ခဲ့သည်။ သို့သော် နှစ်အတော်ကြာသည်အထိ ဘာမျှသတင်းစကားမကြားခဲ့ပေ။ အသစ်ထုတ်ဝေမည့် မူအသစ်အတွက် အကြမ်းလှိမ့်ထားသော စာမျက်နှာအရှည်ကို တော်ကီးန်ထံသို့ပို့ပေးခဲ့ရာ ၎င်းပို့ထားခဲ့သော စာသားများထည့်ထားခဲ့သည်ကို အံ့ဩဖွယ်တွေ့ခဲ့ရ၏။
၅၁
လက်စွပ်များ၏ အရှင်သခင်
စကားထာဖွက်တမ်း
အား ပထမမူ၌ လက်စွပ်၏ဩဇာကိုမခံနိုင်ပဲ ဘီလ်ဘိုကိုယ်တိုင် လုပ်ကြံဖန်တီးထားသော လိမ်စဉ်တစ်ခုဟု ရှင်းပြထားသော်လည်း ပြုပြင်ပြောင်းလဲထားသောထုတ်ဝေခြင်းများတွင် အစစ်အမှန်အဖြစ်အပျက်သဘောများ ပါဝင်လေသည်။
၅၂
ထိုပြုပြင်မူသည် ဒုတိယအကြိမ်ထုတ်ဝေခြင်းဖြစ်ပြီး ၁၉၅၁၌ ယူကေ၊ ယူအက်စ်တွင် ထုတ်ဝေခဲ့သည်။
၅၃
နောက်ဆက်တွဲဇာတ်လမ်းအတွက် ဟော့ဘစ်၏ ယျေဘုယျသဘောကို ညှိရန်ကြိုးစားလျှက် ၁၉၆၀တွင် မူအသစ်ကို စတင်လုပ်ကိုင်သည်။ ဟော့ဘစ်စာရေးဟန်၏ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်များ ပျောက်ဆုံးပြီဟု သွယ်ဝိုက်ပြောဆိုသော ဝေဖန်သံညံလာသောအခါ အခန်း(၃)၏ မူအသစ်ပြုပြင်ခြင်းလက်လျှော့ခဲ့ပေသည်။
၅၄
Ace Books မှ
လက်စွပ်များ၏ အရှင်သခင်
ကို မူပိုင်ခွင့်မရှိဘဲ အဖုံးပျော့ထုတ်ဝေခြင်းများရှိလာပြီးနောက် Houghton Mifflin နှင့် Ballantine Books တို့က တော်ကီးန်ကို ဟော့ဘစ်ပါ စာသားအသစ်ပြုလုပ်၍ အမေရိကန်မူပိုင်ခွင့်အသစ် ပြုလုပ်ရန်တောင်းဆိုခဲ့ရာ
၅၅
ဤစာသားများသည် ၁၉၆၆ ထုတ် တတိယအကြိမ်ထုတ်ဝေခြင်းဖြစ်ခဲ့၏။ ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ
လက်စွပ်များ၏ အရှင်သခင်
နှင့် ထိုစဉ်ကထုတ်ဝေခြင်းမရှိသေးသည့် Quenta Silmarillion မှ စကြဝဠာသဘောများကို ပို၍နီးကပ်စေမည့် ဇာတ်လမ်းပုံစံကို ညှိယူခဲ့သည်။
၅၆
ဤအသေးစားပြုပြင်မှုများ၌ ဥပမာအားဖြင့် ပအကြိမ်၊ ဒုအကြိမ်မူများတွင် အက်လ်ဖ်များကို Gnomes ဟု စာမျင်နှာ (၆၃)တွင်ခေါဝေါ်သုံးစွဲခြင်း
၅၇
၅၈
ကို တတိယအကြိမ်၌ "High Elves of the West, my kin" ဟုခေါ်ဝေါ်ခဲ့သည်။
၅၉
ယခင်က တော်ကီးန်သည် မျိုးရိုးမြင့်အက်လ်ဖ်များ (High Elves) ၏ ဒုတိယအနွယ် the Noldor or "Deep Elves" များနေရာ၌ ဂရိဘာသာ (
gnosis
(knowledge)) မှဆင်းသက်သော gnome ကို ပညာရှိဆုံးအက်လ်ဖ်များအတွက် ကောင်းသည့်အမည်ဟု တွေးရင်းသုံးဆွဲခဲ့သည်။ သို့ရာတွင် ၁၆ရာစု ဆွစ်ပညာရှင် Paracelsus ဆီမှ ဆင်းသက်လာသော ဥယျာဉ်စောင့် လူပု (garden gnom) ဆိုသည့် ဝေါဟာရအသုံးများမှုကြောင့် ထိုစကားလုံးကို ပစ်ပယ်ခဲ့လေသည်။
၆၀
"tomatoes"စကားလုံးကို "pickles" ဟုပြောင်းလဲခေါ်ဝေါ်သော်လည်း ၎င်းစာအုပ်ပါခေတ်နှင့်မကိုက်သည့် တချို့သောစကားလုံးများ clocks ၊ tobacco တို့ကို ဤအတိုင်းပင်သုံးဆွဲလေသည်။
လက်စွပ်များ၏ အရှင်သခင်
ဝတ္ထု၌ "
မယ်ရီ
က နျူမန်နောရီးယန်(Númenóreans)များသည် ဆေးရွက်ကြီး(tobacco)ကို အနောက်အရပ်မှ ယူဆောင်လာကြသည်" ဟုရေးသားခဲ့သည်။
စာရေးသူကွယ်လွန်ပြီးမှ ထုတ်ဝေခြင်းမူများ
ပြင်ဆင်ရန်
စာရေးဆရာကွယ်လွန်ခဲ့ပြီးနောက်ပိုင်း
ဟော့ဘစ်
ကို စာသားများ၏ဖြစ်ပေါ်လာမှု၊ ပြင်ဆင်မှု၊ မှတ်ချက်ပြုမှုများနှင့် ထုတ်ဝေမှုနှစ်ကြိမ်လုပ်ဆောင်ခဲ့သည်။
မှတ်ချက်သွင်းရေးသားထုတ်ဝေသော ဟော့ဘစ်
စာအုပ် (The Annotated Hobbit) ၌ Douglas Anderson က ဝတ္ထုပါစာသားများဘေးတစ်လျှောက် သရုပ်ဖော်ပုံများ၊ မှတ်ချက်သွင်းရေးသားချက်များနှင့်အတူ ထုတ်ဝေခဲ့သည်။
၂၀၀၇တွင် အပိုင်းနှစ်ပိုင်းဖြင့်ထုတ်ဝေသော
ဟော့ဘစ်တို့သမိုင်းကြောင်း
(The History of The Hobbit)ဘတွင် John D. Ratelif၏ အစောပိုင်း၊အလယ်ပိုင်း စာမူကြမ်းများကို အထောင်အပံ့ပေးထားပြီး ဘေးက တော်ကီးန်လက်ရာများကို မှတ်ချက်ပြုရေးသားမှုများပါဝင်သည်။
သရုပ်ဖော်ပုံနှင့် မျက်နှာဖုံးပုံစံ
ပြင်ဆင်ရန်
တော်ကီး၏ ပေးစာများ၊ ထုတ်ဝေသူမှတ်တမ်းများက စာအုပ်တစ်အုပ်လုံးတွင် သရုပ်ဖော်ပုံဆွဲရာ၌ ၎င်းမှာပါဝင်ခဲ့သည်။
ကာ့သ်
"ရှေးဟောင်းစာနှင့် တော်ကီးန်ကိုယ်တိုင်ခွဲဝေသတ်မှတ်ထားသော အင်္ဂလိပ်အက္ခရာတန်ဖိုးများ
၆၁
ထိုအရာများကို ဟော့ဘစ်စာအုပ်၏ မူရင်းသရုပ်ဖော်ပုံများနှင့် စာအုပ်ဒီဇိုင်းများအတွက် သုံးစွဲခဲ့သည်။
တော်ကီးန်ဆိုပြုထားသော မြေပုံငါးပုံနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံခဲ့ကြသည်။ ၎င်းက
ဿရော်၏မြေပုံ
(Thror's Map) ကို ရှေ့ဖုံးနှင့်တွဲလျှက်၊ လကြည့်စာ (moon letter- လအလင်းနှင့်မှ မြင်ရသောစာ) ကို နောက်ဖုံးနှင့်တွဲ၍ ထင်ထင်သာသာရှိစေရန် စာအုပ်ကို ထိုသို့ချုပ်စေချင်သည်။
၄၆
နောက်ဆုံး၌ ကုန်ကျစရိတ်၊ မြေပုံ၏ အရိပ်ထင်မှုစသဖြင့် ထိုအခက်ခဲများကြောင့်
ဿရော်မြေပုံ
အရိုင်းနယ်မြေပုံ
(Map of Wilderland) များကို စာအုပ်နောက်ပိုင်း၌သာ ချုပ်ခဲ့သည်။ အနက်ရောင်၊ အနီရောင်ဖြင့် မြေပုံနှစ်ခုလုံးကို ရိုက်နှိပ်ခဲ့၏။
၆၂
နောက်ပိုင်း၌ အခက်ခဲတချို့ရှိသော်ငြားလည်း ထည့်ခဲ့သော ပုံများမှာ
ဟော့ဘစ်တောင်ကုန်း: ဟော့ဘစ်တန် မှ ရေအိုင်ဖြတ်လမ်း
(The Hill: Hobbiton-across-the-Water) ၊
ထရိုးကောင်ကြီးများ
(The Trolls) ၊
တောင်ကြားဖြတ်လမ်း
(The Mountain Path) ၊
နှင်းမြူခိုးတောင်တန်းရိုးမကြီး အနောက်ဘက်မျက်နှာမူပုံ
(The Misty Mountains looking West ) ၊
ဘီယောန်၏ အိမ်ခန်းမကျယ်
(Beorn's Hall) ၊
အမှောင်လွှမ်းတောနက်
(Mirkwood) ၊
အက်လ်ဖ်ဘုရင်၏ ဂိတ်တံခါးဝ
(The Elvenking's Gate) ၊
ရေကန်မြို့
(Lake Town) ၊
အထီးကျန်တောင် အရှေ့ဘက်တံခါးဝ
(The Front Gate) ၊
ဘက်အန့်ဒ်က အခန်း
(The Hall at Bag End) တို့ဖြစ်ကြသည်။ သရုပ်ဖော်ပုံတစ်ခုမှလွဲ၍ အားလုံးသည် စာမျက်နှာအပြည့်ဖြစ်ပြီး
အမှောင်လွှမ်းတောနက်
(Mirkwood) မှာ သီးသန့်ခွဲ၍ သရုပ်ဖော်မှုလိုအပ်ခဲ့သည်။
၆၃
စာအုပ်ဖုံးသရုပ်ဖော်ပုံအားဆွဲပေးရန်တောင်းဆိုရာ တော်ကီးန်က အကြိမ်အတော်လေးဆွဲပြီးနောက် အရောင်လေးရောင်သုံးသည်။ ထုတ်ဝေသူက ကုန်ကျစရိတ်ကိုငဲ့သောအားဖြင့် နေမှ အနီရောင်ကိုဖြုတ်၍ အနက်၊အပြာ၊ အစိမ်းသုံးရောင်ကို အဖြူခံတွင်သုံးခဲ့သည်။
၆၄
ကွဲပြားသောထုတ်ဝေခြင်းများကို မတူညီသောနည်းလမ်းများဖြင့် သရုပ်ဖော်ခဲ့၏။ တချို့မှာ မူရင်းပုံစံကို အနည်းနဲ့အများလိုက်နာကြပြီး အထူးသဖြင့် ဘာသာပြန်မူတချို့တွင် တစ်ခြားသော ပန်းချီဆရာများက မှုန်းချယ်ထားလေသည်။ ၁၉၄၂ ကလေးများစာအုပ်အသင်း (The Children's Book Club) ၏ မူတွင် နည်းလမ်းမကျစွာဖြင့် မြေပုံမပါဘဲ တစ်ခြားသောပုံများကို အဖြူအမဲဖြင့် ရိုက်နှိပ်ခဲ့သည်။
၆၅
စာပေအမျိုးအစား
ပြင်ဆင်ရန်
အစားအသောက်တိုတိုထွာထွာမက်မော၍ လူ့ကျင့်ဝတ်အရ မပြတ်မသားဖြစ်နေရှာသော ဘီလ်ဘို၊ ထိုကဲ့သို့သောဇာတ်ကောင်များကို ကလေးများက စာနာ နားလည်ပေးနိုင်သည်။ ထိုသို့ဇာတ်ကောင်မျိုးကို ဟော့ဘစ်က ယူငင်သုံးစွဲထား၏။ နောက်ထပ်အနေဖြင့် ဇာတ်လမ်းကိုသိသောကြားလူ (omniscient narrator) တစ်ဦးက ပြန်လည်ပြောပြသည့် "ဇာတ်ကြောင်းပြန် နမူနာပုံစံ" (narrative models) မျိုး ကလေးစာပေတွင်ရှိ၏။ ထိုပုံစံမှ ဇာတ်လမ်းအချိတ်ဆက်သဘောကို ဟော့ဘစ်ဝတ္ထုက ယူငင်သုံးစွဲထားသည်။ ဝတ္ထုပါစာသားများမှာ
ဇာတ်လမ်းပါအချိန်
နှင့်
ဇာတ်လမ်း၏တိုးတက်လာမှု
ကြားရှိ ဆက်နွယ်မှုကို အလေးပေးရေးသားသည်။ ထိုစာသားများကပင် ဝတ္ထုထဲကနယ်မြေဒေသ၏ "လုံခြုံနွေးထွေးခြင်း"အား "အန္တရာယ်ရယ်ရှိခြင်း"နှင့် သိသိသာသာကွဲပြားသွားစေသည်။
ဘစ်လ်ဒ်ဒွန်းရိုမားန်
(Bildungsroman) ဟုခေါ်သော ကလေးပညာပေးစာပေအမျိုးအစားပုံစံ "အိမ်-စွန့်စား-အိမ်" (home-away-home) ဟူသည့် ဇာတ်ကွက်အတိုင်း
၆၆
လုံခြုံခြင်း၊ အန္တရာယ်ရှိခြင်း နှစ်ခုစလုံးမှာ ကလေးများအတွက်ရည်ရွယ်ထားသော အဓိကအချက်များပင်ဖြစ်သည်။
၆၇
စာဖတ်သူကိုတိုက်ရိုက်ရည်ညွှန်းသည့် ဇာတ်ကြောင်းပြန်ပြောသည့် သွင်ပြင်ကို တော်ကီးန်က မနှစ်သက်ပါဟု နောက်ပိုင်းတွင်အခိုင်အမာဆိုခဲ့သော်လည်း
၆၈
ထိုနောက်ခံဇာတ်ကြောင်းပြန်ဆိုသည့် အသံ(ပုံစံ)ကပင် ဝတ္ထု၏ကြီးကြယ်သည့်အောင်မြင်မှုဖြစ်သွားစေသည်။
၆၉
အက်မာ အို ဆူလစ်ဗန် (Emer O'Sullivan) က သူမ၏ ကလေးစာပေနှိုင်းယှဉ်မှုတွင် ဤသို့မှတ်ချက်ပြုထားသည်။ " ဂျော့စတိန်းဂါးဒါ (Jostein Gaarder) ၏ ဆိုဖီကမ္ဘာ (Sophie's World - ၁၉၉၁) ၊ ဂျေကေရိုးလင်း၏
ဟယ်ရီပေါ်တာ
ဇာတ်လမ်းတွဲများနှင့်တကွ ခေတ်ရေစီးကြောင်းစာပေထဲသို့ လက်ခံထားသော အနည်းငယ်သာရှိသည့်ကလေးစာပေများထဲက တစ်ခုကား "ဟော့ဘစ်
ဖြစ်သည်။ "
၇၀
တော်ကီးန်က ဟော့ဘစ်ကို မိရိုးဖလာပုံပြင်အဖြစ်ရည်မှန်းပြီး ကလေးများကိုရည်ညွှန်းသည့် ရေးဟန်ဖြင့် ရေးဖွဲ့ခဲ့သည်။
၇၁
သို့သော် နောက်တွင် ၎င်းက ဤစာအုပ်မှာ ကလေးများအတွက်သီးသန့်ရေးခဲ့ခြင်းမဟုတ်ဘဲ
ဒဏ္ဍာရီ
၊ ရာဇဝင်ကိုစိတ်ဝင်စားမှုမှ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်။
၇၂
စာအုပ်ကို မူလဝေဖန်သုံးသပ်မှုများကလည်း မိရိုးဖလာပုံပြင်အဖြစ်သတ်မှတ်ရည်ညွှန်းကြသည်။ သို့ရာတွင် 'The Oxford Companion to Fairy Tales' ထဲ၌ ရေးသားသော Jack Zipes က ဘီလ်ဘိုသည် မိရိုးဖလာပုံပြင်ဇာတ်ကောင်မျိုးနှင့် အံမဝင်ပါဟုပြောဆိုခဲ့သည်။
၇၃
ဤစာအုပ်(ဝတ္ထု)ကို စိတ်ကူးယဉ်ဝတ္ထု (fantasy novel) ဟုသာ မကြာခဏဆိုသလိုခေါ်ဆို၍ ဈေးကွက်တွင်ရောင်းချကြသည်။ တော်ကီးန်းအား လွှမ်းမိုးနိုင်၍ စိတ်ကူးယဉ်အခြေခံ အကြောင်းခြင်းရာများပါဝင်သော စာအုပ်နှစ်အုပ်မှာ ဂျေ အမ် ဘဲရီး (J. M. Barrie) ၏
ပီတာပန်နှင့် ဝမ်ဒီ
(Peter Pan and Wendy) ၊ ဂျော့ မက်ခ်ဒေါ်နယ် (George MacDonald) ၏
မင်းသမီးလေးနှင့် ဂေါ်ဘလင်
(The Princess and the Goblin) တို့ဖြစ်၍ ဟော့ဘစ်ကိုလည်း ကလေးစာပေအဖြစ်ပင် မူလကတည်းကခွဲခြားသတ်မှတ်ထား၏။
၇၄
၇၅
ထိုစာပေအမျိုးအစားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပါသည်။ သို့အတွက်ကြောင့် high fantasy ဟုခေါ်တွင်သော ပိုမိုကျယ်ပြန့်သည့် စိတ်ကူးယဉ်စာပေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် စာရေးဆရာ L. Frank Baum နှင့် Lloyd Alexander ကဲ့သို့သော ကလေးစာပေစာအုပ်များပါဝင်သလို အရွယ်ရောက်သူများအတွက် စာပေဟု ယူဆကြသော Jonathan Swift ၊ Gene Wolfe တို့၏ လက်ရာများလည်းပါဝင်သည်။ ဟော့ဘစ်ကို နှစ်ဆယ်ရာစု၏ ကလေးများအတွက်ရေးသားသော စိတ်ကူးယဉ်စာပေ၏ ရေပန်းအစားဆုံးဝတ္ထုဟုခေါ်ဝေါ်ကြသည်။
၇၆
ဆူလစ်ဗန်က ဟော့ဘစ်သည် high fantasy စာပေ တိုးတက်မှု၏ အရေးပါသောအဆင့်ဟု ချီးကျူးခဲ့လေသည်။
၂၇
ရေးဟန်
ပြင်ဆင်ရန်
တော်ကီးန်၏ စကားပြေအရေးအသားမှာ ရိုးစင်း၍ လွယ်ကူသည်။ ၎င်းစိတ်ကူးယဉ်ကမ္ဘာ၏ဖြစ်တည်မှုနှင့် အသေစိတ်များကို လက်တွေ့ကျသည့်နည်းလမ်းဖြင့် ဖော်ပြသည်။ တစ်ဖက်တွင်လည်း အကြောင်းရာအသစ်၊ ထူးထူးခြားခြားဇာတ်ကွက်များကို အမှတ်မထင်ပုံစံဖြင့် မိတ်ဆက်ပေးသည်။ ဤသို့လက်တွေ့ကျကျစာရေးဟန်သည် စာဖတ်သူများအား စိတ်ကူးယဉ်ကမ္ဘာ၏ အရှိတရားကိုယုံကြည်စေရန် မြှောက်ပင့်တိုက်တွန်းသည်ထက် စာဖတ်သူများကို ထိုစိတ်ကူးယဉ်ကမ္ဘာထဲသို့ သွတ်သွင်းပေးလိုက်သည်။ ဤစာရေးဟန်များကို Richard Adams ၏ Watership Down နှင့် Peter Beagle ၏ The Last Unicorn စာအုပ်များတွင်လည်းတွေ့နိုင်သည်။
၇၇
ဟော့ဘစ်ကို ရှင်းလင်းလွယ်ကူသော ဘာသာစကားတည်ဆောက်ပုံမျိုးဖြင့်ရေးသော်လည်း ဇာတ်ကောင်တစ်ကောင်ခြင်းစီ၏ လေသံမှာ သူ့နည်းသူ့ဟန်ဖြင့်ဖြစ်လေသည်။ ဇာတ်လမ်းကို စကားချပ်လေးများဖြင့် ဝင်ဝင်လာတတ်ပြီး ရံခါ၌ ဇာတ်အသွားအလာကို နှောက်ယှက်တတ်သော နောက်ခံပြောပြနေသူတွင် သူ့ကိုယ်ပိုင်ဟန်စကားအသုံးမျိုးပိုင်ဆိုင်ထားသည်။ ထိုစကားများသည် ဇာတ်ကောင်များ၏ ဝထ္ထုထဲတွင်သုံးနေသောစကားများနှင့် မတူဘဲကွဲပြားနေသည်။
၇၈
ဇာတ်လမ်း၏ အခြေခံပုံစံမှာ စွန့်စားရှာဖွေခရီးစဉ်(quest)မျိုးပင် ဖြစ်၏။
၇၉
ထိုအကြောင်းကို အပိုင်းလိုက် တင်ဆက်ထားသည်။ အရှေ့တခွင် အရိုင်းနယ်မြေ (Wilderland) တစ်လျှောက်၌ တွေ့ခဲ့ရသော သီးသန့်ဇာတ်ကောင်တစ်မျိုးဆီကို အခန်းတစ်ခန်း စီ၌ မိတ်ဆက်သည်။ စာအုပ်၏ အများစုသောအခန်းများမှာ ဤသို့ပင်ဖြစ်သည်။ တွေ့ရသော ထိုဇာတ်ကောင်များမှာ ဇာတ်လိုက်ဖြစ်သူကို ခင်မင်ကူညီသည်လည်းရှိသလို ခြိမ်းချောက်အန္တရာယ်ပေးသည်လည်းရှိ၏။ မည်သို့ပင်ဖြစ်စေ ယေဘုယျစာရေးဟန်ကား ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်ဖြစ်ပြီး သီချင်းများနှင့် ရယ်စရာဟာသများကို စာအုပ်အနှံထည့်ထားလေသည်။ ဥပမာ ထိုပေါ့ပါးသောရေးဟန်ကိုထိန်းထားသည့်အချိန်မှာ သော်ရင်နှင့် အဖွဲ့ကို ဂေါ်ဘလင်များက အောက်ဘက်နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ဂေါ်ဘလင်များဆိုသောသီချင်းတစ်ပုဒ်ကား
Clap! snap! the black crack!
Grip, grab! Pinch, nab!
And down down to Goblin-town
You go, my lad!
ဖြန်း! ဖျတ်! မဲမှောင်အနက် ခလွပ်!
ဗြစ် ခွပ်! ညစ် ညှပ်!
အောက် အောက် ဂေါ်ဘလင်မြို့တော် ဟိုးဘက်အောက်
မင်းတို့ သွားကွဲ့ ဟိုဘက်အောက်!
(သင့်သလိုဘာသာပြန်ထားခြင်း)
ဤမြည်သံဆွဲသီဆိုခြင်းများသည် အန္တရာယ်မြင်းကွင်းကို ဟာသဖြင့် ရောယှက်စေ၍ သက်သာစေသည်။ တော်ကီးန်သည် ပူပန်ဖွယ်အခြင်းရာနှင်ဟာသကို မျှမျှတတသုံးစွဲနိုင်သည်။ သာဓကများကို ထရိုးကောင်ထွားကြီးများ၏ ပေါချာချာနိုင်ခြင်း၊ စကားကို ကာရံလိုလိုပုံစံဖြင့် ထူခြားသောလေယူလေသိမ်းဖြင့်ပြောဆိုခြင်းမျိုး (ကော့ခ်နီများအတိုင်း -Cockney
မှတ်စု ၂
) နှင့် သော်ရင်တို့ကို ဖမ်းဆီးသူအက်လ်ဖ်များ အရက်သောက်မူးနေသည့်အခန်းများတွင် ဖော်ပြထားသည်။
၈၁
ထူးဆန်းသည့် နယ်မြေများသို့ထွက်သည့်ခရီးစဉ်ကို ပြောပြသည့် ယေဘုယျပုံစံမှာ သွက်လက်ကာ ဤပုံစံသည် တော်ကီးန်အပေါ် စာပေအရ ဩဇာညောင်းခဲ့သော ဝီလီယန် မောရစ် (William Morris) ၏
အိုင်စလန်သားများ နေ့စဉ်ဖြစ်ပျက်မှတ်တမ်း
ကို ယူငင်ထားခြင်းဖြစ်ကောင်းဖြစ်နိုင်ပေ၏။
၈၂
ဆန်းစစ်ဝေဖန် လေ့လာခြင်း
ပြင်ဆင်ရန်
အဓိကအကြောင်းအရာများ
ပြင်ဆင်ရန်
ဤဇာတ်လမ်းအဖို့ အဓိကဇာတ်ဆောင် ဘီလ်ဘို ဘက်ဂင်၏ ပြောင်းလဲတိုးတက်လာမှု၊ ရင့်ကျက်လာမှုတို့က အဓိကပင်ဖြစ်သည်။ ပြင်ပကမ္ဘာ၌ ရှင်းလင်းသည့်အမြင်၊ ခိုင်မာသောယုံကြည်မှုရရှိလာသောဘီလ်ဘို၏ ဤခရီးစဉ်စွန့်စားမှုသည် ရိုးရာစွန့်စားဇာတ်လမ်းအဖွဲ့ (traditional quest) မျိုးထက် ဘစ်လ်ဒ်ဂွန်းရိုမားန် (စာပေပုံစံတစ်မျိုး) နှင့် ပိုနီးကပ်သည်။
၈၃
စာရေးဆရာ၏ ဒွာ့ဗ်လူပုများအဖမ်းခံရခြင်းဖြစ်စဉ်အပေါ် ဘီလ်ဘို၏ တိုးတက်လာမှုကို ကွဲကွဲပြားပြားဖော်ပြထားခြင်းနှင့်တကွ တဖြည်းဖြည်း ရင့်ကျက်စွမ်းဆောင်လာနိုင်ခြင်းများသည် ဆွစ်စိတ်ပညာရှင် ယွန်းငီးယန် (Jungian) ၏
သီးခြားတစ်ဦးခြင်းထင်ပေါ်မှု
အယူအဆ (individuation) ကို ရောင်ပြန်ထင်ဟပ်စေသည်။
၈၄
ထို့ကြောင့်ပင် အစောပိုင်း၌ ဘီလ်ဘိုအပေါ် ဂန်ဒက်ဖ်၏ ထိန်းကျောင်းသူအဖြစ် ဩဇာသက်ရောက်ရှိပေလင့်ကစား တဖြည်းဖြည်းခြင်း အဖွဲ့အပေါ်ဦးဆောင်မှု ပခုံးပြောင်းယူသွားသည်မှာ ဘီလ်ဘိုပင်ဖြစ်၍ ထိုအချက်ကို ဒွာ့ဗ်လူပုများကလည်း အသာတကြည်လက်ခံကြသည်။
၈၅
မြေအောက်ကမ္ဘာနှင့် ထိုအထဲမှ သူရဲကောင်းကား အံ့ဖွယ်ပစ္စည်းတစ်ခု (ဤနေရာ၌ လက်စွပ်နှင့် အက်လ်ဖ်များ၏ ဓား) အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာကာ ၎င်း၏ပတ်ဝန်းကျင်ကိုလည်း အကျိုးရှိစေ၏။ ဤအခြင်းအရာများသည် ဂျိုးဇက် ကမ့်ဘဲလ် (Joseph Campbell) ဖော်ပြထားသလို "(ဇာတ်လမ်းပါဖော်ပြထားသော) ဘဝအစနှင့် အရွယ်ရောက်လာသောကောင်လေးတစ်ဦး" နှင့်စပ်လျဉ်းသော ဒဏ္ဍာရီလာရေးစဉ်ပုံစံ (mythic archetype) နှင့်အံဝင်သည်ဟု သုံးသပ်နိုင်သည်။
၈၆
Ancrene Wisse (၁၃ရာစု အမျိုးသမီးဘာသာရေးသူတော်စဉ်များအတွက်ရေးသော လမ်းညွှန်) ဆီမှ ဆင်းသက်လာသော တရားမျှတသောခေါင်းဆောင် (just kingship) နှင့် အကျင့်မမှန်ဖောက်လွဲသောခေါင်းဆောင် (sinful kingship) ကြားရှိ အယူအဆများအား ဘီလ်ဘို၏ အခြားသူများအပေါ်အသာစီးရ တိုးတက်ပြောင်းလဲလာမှုနှင့် နှိုင်းယှဉ်ကြသည်။ ထိုသို့ ဘီလ်ဘို၏ ပြောင်းလဲတိုးတက်မှုကို ဘိုးဝု(ဖ်)နှင့်ပတ်သက်သော ခရစ်ယာန်ယုံကြည်နားလည်ခြင်းနှင့်လည်း နှိုင်းယှဉ်ကြည့်ကြလေသည်။
၈၇
လောဘတရား၊ တစ်ကိုယ်ကောင်းဆန်မှုတို့အပေါ် အနိုင်ယူခြင်းသည် ဤဇာတ်လမ်း၏ ကိုယ်ကျင့်တရားသင်ခန်းစာများ ဖြစ်ပေသည်။
၈၈
လောဘ၊ များစွာသော အခန်းများတွင် ဇာတ်ကောင်တစ်ကောင် (သို့) ဇာတ်ကောင်များသည် ရိုးရှင်းစွာဖြစ်လာသော အစားအသောက်မက်မောစိတ်များ (ဤနေရာ၌ ထရိုးကောင်ကြီးများက ဒွာ့ဗ်လူပုများကိုစားမိသည်ဖြစ်စေ သို့မဟုတ် ဒွာ့ဗ်လူပုများက သစ်တောနေအက်လ်ဖ်တို့၏ စားဖွယ်ရာကို စားမိခဲ့ကြသည်ဖြစ်စေ)၊ လှပအဖိုးတန် ရွှေငွေ ကျောက်သံများအပေါ်မက်မောစိတ်များကဲ့သို့ လောဘတရားသည် ဝတ္ထုတွင် ထပ်ခါထပ်ခါပြသော အဓိကအကြောင်းအရာဖြစ်သော်လည်းပဲ
၈၉
သော်ရင်အား ထိုလောဘဖြစ်စေရန် လွှမ်းမိုးညှို့ဆောင်နိုင်သည်မှာ အာကန်စတုံး (Arkenstone) ၊ ထိုကျောက်တုံးကဖြစ်စေသော မကောင်းစိတ်များ "ငမ်းငမ်းတက်လိုချင်လောဘ" နှင့် "အကုသိုလ်စိတ်" တို့သည်ဝတ္ထု၏ရှေ့တန်းသို့ရောက်လာကာ ဇာတ်လမ်း၏ အခရာဖြစ်လာသည်။ ဒွာ့ဗ်တို့၏ မျိုးမွေခံ ထိုရှေးဟောင်းကျောက်တုံးကို ဘီလ်ဘိုကခိုးယူ၍ သော်ရင်ကို စစ်မတိုက်စေရန် လျှော်ကြေးသဘောမျိုးဖြင့် ပြန်ရွေးစေရန်ကြိုးပမ်းခဲ့သည်။ သို့ရာတွင် သော်ရင်သည် ယခင်တုန်းက ၎င်းပေးခဲ့ဖူးသော ကတိကဝတ်များ၊ "ကူညီရန်အသင့်ပါဗျာ" ဟုဆိုခဲ့သည်များကို လျစ်လျူရှုခဲ့ပြီး အမှတ်မထင် ဘီလ်ဘိုကို သစ္စာဖောက်အဖြစ်သတ်မှတ်ရန်ရှာလေတော့သည်။
၉၀
အဆုံးတွင် ဘီလ်ဘိုက တစ်ကယ့်ချို့တဲ့လိုအပ်သူများကိုကူညီရန် ထိုကျောက်တုံးနှင့် ၎င်းဝေစုအများစုကို စွန့်လွှတ်ခဲ့သည်။ Silmarillion ဇာတ်လမ်းတွင်လည်း လိုချင်သူကို ဖျက်ဆီးတတ်သောလောဘတရားကို ဖြစ်စေသည့် ရတနာ၏ဆိုလိုရင်းသဘောကို စူးစမ်းတင်ပြထားသေးသည်။ တော်ကီးန်ဖန်တီးထားသော ဝေါဟာရရင်းမြစ်များတွင် အာကန်စတုံး (Arkenstone) နှင့် လင်းလက်ရတနာ (Silmaril) တို့ကြားဆက်နွယ်မှုရှိသည်။
၉၁
သဘာဝလွန်စွမ်းအားတစ်ရပ်က လောကသုံးပါးကို လွှမ်းမိုးချုပ်ကိုင်ခြင်းဝါဒ (animism) ၏ အခြင်းအရာများကို ဟော့ဘစ်တွင်ထည့်သွင်းယူထားလေသည်။ မနုဿဗေဒ(anthropology) နှင့် ကလေးတစ်ယောက် (ဇီဝ၊ ကာယ၊ စိတ္တ၊ ဝေဒနာ) ဖွံ့ဖြိုးလာခြင်း၏ အယူအဆတွင် အထက်ဖော်ပြပါ စွမ်းအား၏ လွှမ်းမိုးခြယ်လှယ်နေခြင်းဆိုသည်ကား အပင်၊ တိရစ္ဆာန်၊ သက်မဲ့ဝတ္ထုများ၊ မုန်တိုင်းကဲ့သို့သော သဘာဝဖြစ်စဉ်များတွင် လူကဲ့သို့ ဉာဏ်ရည်မျိုးရှိသည်ဟူသော စိတ်ကူးအယူအဆဖြစ်၏။ John D. Rateliffက
ဟော့ဘစ်သမိုင်းကြောင်း
(The History of the Hobbit) တွင် ဤအချက်ကို ဒေါက်တာ ဒူးလစ်တဲလ် (Doctor Dolittle
မှတ်စု ၃
) ၏အာဘော်ဟု ခေါ်ဝေါ်ခဲ့ကာ တိရစ္ဆာန်များနှင့် အမြောက်အမြားစကားပြောဆိုခြင်းကို ရည်ညွှန်းပါသည်။ ထိုစကားပြောသော သတ္တဝါများတွင် လူကဲ့သို့အဆင်းရှိသော အက်လ်ဖ်များနှင့် ဂေါ်ဘလင်များ၊ ကျီးကန်းများ (ravens) ၊ မြေလူးငှက် (thrush) ၊ ပင့်ကူကြီးများနှင့် နဂါးကြီးစမောက်ဂ်တို့ပါဝင်လေသည်။ Patrick Curry ၏ မှတ်ချက်တွင်
သဘာဝလွန်စွမ်းအားချုပ်ကိုင်ခြင်းဝါဒ
ကို တော်ကီးန်၏ အခြားသောလက်ရာများတွင် တွေ့ရှိနိုင်ပြီး ဟော့ဘစ်ဝတ္ထုထဲ၌ သက်မဲ့ မှ သက်ရှိသို့ ဘာသာစကားဆိုင်ရာ အရွေ့တစ်ခုအဖြစ် "
တောင်တန်း၏အမြစ်ကြောကြီးများ
"(roots of mountains) နှင့် "
သစ်ပင်ခြေထောက်များ
"(feet of trees) စသည့် အသုံးအနှုန်းများကို ဖော်ပြပြောဆိုခဲ့သည်။
၉၃
ထို
သဘာဝလွန်စွမ်းအားချုပ်ကိုင်ခြင်းရှိသည့် ကမ္ဘာဦးခေတ်ကိုးကွယ်မှုစိတ်ကူးစိတ်သန်းသည် လူသားများ၏ဘာသာစကားများ၊ ယုံတမ်းဒဏ္ဍာရီများပေါ်ထွန်းလာမှုနှင့် နီးကပ်ဆက်စပ်နေသည်ဟု မြင်သည်။ ဆိုလိုသည်မှာ "သစ်ပင်နှင့် ကြယ်များအကြောင်းပြောသော ကမ္ဘာဦးလူများသည် အရာရာကို မတူကွဲပြားစွာဖြင့်မြင်ခဲ့ကြမည်။ ၎င်းတို့အဖို့ ဖန်ဆင်းခြင်းဆိုသည်ကား ဒဏ္ဍာရီများဖြင့်ရက်လုပ်၍ နတ်များဖြင့်တန်ဆာဆင်ထားပေမည်။"
၉၄
ဇာတ်လမ်းကို အနက်ဖော်ထုတ်ခြင်း
ပြင်ဆင်ရန်
ဇာတ်ကြောင်း၊ အချိန်၊နေရာ၊ဖြစ်ပျက်များ စီစဉ်ခြင်းမှာကဲ့သို့ ဇာတ်ကောင်များနှင့် ပြန်လှန်ချိတ်ဆက်မှုများ ဖွဲ့စည်းရာတွင်ပါရှိစေရန် စာပေရေးရာသီအိုရီအယူအဆများကို တော်ကီးန်က ယူဆောင်အသုံးချသည်။ ၎င်းက ရှေးဟောင်းကမ္ဘာကို စူးစမ်းသော ခေတ်သစ် ခေတ်နောက်ပြန်သမား (modern anachronism) အဖြစ် ဘီလ်ဘိုကို မှုန်းချယ်သည်။ ဘီလ်ဘိုသည် ဤခေတ်ဟောင်းကမ္ဘာအတွင်း၌ ညှိနှိုင်းတတ်သော၊ ချိတ်ဆက်တုံ့ပြန်နိုင်သောသဘောရှိ၏။ အကြောင်းသည်ကား ကမ္ဘာနှစ်ခုကြား ဆက်ယှက်မှုကိုဖြစ်စေသည်မှာ ဘာသာစကားနှင့် ရိုးရာစဉ်ဆက်သဘောများဖြစ်၏။ ဥပမာ - ဂိုလမ်ပြောသော
စကားထာ
များကို ရှေးဟောင်းသမိုင်းဝင်ရင်းမြစ်မှယူငင်၍ ဘီလ်ဘို၏ စကားထာကား ခေတ်ပေါ် ကလေးကဗျာစာအုပ်များမှ ဖြစ်သည်။ နှစ်ဦးစလုံးအဖို့ ရင်းနှီးကျွမ်းဝင်သော စကားထာကစားခြင်းသည် စကားထာပါအကြောင်းရာများထက် ထိုနှစ်ဦးအားပို၍ ချိတ်ဆက်တုံ့ပြန်ဆက်ဆံစေနိုင်သည်။ (ပို၍ ဇာတ်ကိုကြွစေသည်) ဇာတ်ကောင်တစ်ကောင်ချင်းစီ၏ ဘာသာစကားဟန်၊ လေသံ၊ စိတ်တိမ်းညွတ်မှုနယ်ပယ်များ၏ အပေါ်ယံသဘောကွာခြားသော စိတ်ကူးသည် ခေတ်သစ်၊ ခေတ်ဟောင်းကမ္ဘာနှစ်ခုကြား က နက်နဲသည့်ကျစ်လျစ်စုစည်းမှုကို နားလည်သဘောပေါက်စေသည်။ ဤသည်လည်း ဝတ္ထု၌ ထပ်တလဲလဲဖော်ပြသော အကြောင်းအရာတစ်ရပ်ပင်ဖြစ်သည်။
၉၅
နဂါးကြီးစမောက်ဂ်သည် ဇာတ်၏အဓိကလူဆိုးဖြစ်ပြီး စမောက်ပါဝင်သောဇာတ်ကွက်များသည် ဘိုးဝု(ဖ်)ထဲ၌ပါသော နဂါးကြီးအား ထင်ဟပ်စေပြန်သည်။ တော်ကီးန်က ၎င်းကိုယ်တိုင် ရှေးဟောင်းအင်္ဂလိပ်ကဗျာနှင့်ပတ်သက်၍ ပျိုးထောင်ထားသော နည်းသစ်စာပေသီအိုရီတချို့အားသုံး၍ ဤဇာတ်ကွက်တွင် နဂါးကြီးအား ရက်စက်တတ်သော အသိဉာဏ်ရှိသူအဖြစ်ဖော်ကျူးပြသထားသည်။
၃၆
စိန့်ဂျော့ဒဏ္ဍာရီလာပုံပြင် (Saint George and the Dragon) ကဲ့သို့သော အလယ်ခေတ်နှောင်းပိုင်း၌ နဂါးအား ပုံပြယုတ် (သို့) ရူပကသဘောတင်စားရေးဖွဲ့တတ်သောဓလေ့ထက်စာလျှင် တော်ကီးန်က ဤသို့တန်ဆာအမွန်းအမံနှင့် ဖွဲ့ဆိုခြင်းကို ပို၍နှစ်သက်သည်။
၉၆
ဂျွန်မစ်လ်တန်(John Milton) ၏ နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း(Paradise Lost) ကဗျာရှည်ကြီး၌ "မီးကိုအန်ထုတ် မီးခီုးငွေ့များလိမ့်တက်လာ" (Belched fire and rolling smoke) စသည့် သုံးနှုံးခြင်းများနှင့်တကွ ပန်ဒန်းမောန်နီယံ (Pandæmonium) အဖွဲ့အနွဲ့မျိုးတွင် ကောက်နှုတ်သည့်အတိုင်း ဟော့ဘစ်၌ အဖိုးတန်ပြောင်လက်လက်ရွှေရတနာသိုက်ကြီးနှင့်အတူ နဂါးကြီးစမောက်ဂ်ကို မကောင်းမှုနှင့် သတ္တုဗေဒကြားက အစဉ်အလာပတ်သက်ဆက်နွယ်မှု၏ နမူနာအဖြစ်တွေ့နိုင်သည်။
၉၇
ဇာတ်ကောင်အားလုံးအနက် စမောက်ဂ်ပြောသောစကား "စိတ်ခံစားချက်အတွေးတွေက မင်းကိုမပိတ်ဖုံးလိုက်စေနဲ့" (Don't let your imagination run away with you!) ဟူသော အထူးအသုံးနှုံး (idiom) မျိုးသည် ခေတ်အမှီဆုံးဖြစ်နေပေသည်။
တော်ကီး၏ တွေ့ကြုံဆုံရဖြစ်ပျက်မှုများရော စာပေဆိုင်ရာသီအိုရီအယူအဆများပါ ဇာတ်လမ်းအပေါ်လွှမ်းမိုးနိုင်သည်ဟု ရှုမြင်သုံးသပ်ကြသည်။ သူရဲကောင်းသည် ၎င်းနေသော ကျေးလက်အိမ်လေးမှ ဆွဲထုတ်ခံလိုက်ရပြီး အလွန်ကွာဝေးသော စစ်ပွဲဆီသို့ ပို့ဆောင်ခြင်းခံရသောဖြစ်ရပ်၊ ထိုဖြစ်ရပ်၌ စဉ်ဆက်သဘော သူရဲကောင်းဝါဒအကြောင်းရေးဟန်များမှာ သိပ်အကျိုးမရှိသည်ကိုတွေ့ရနိုင်သည်။ ဤသို့ဖြင့်လည်း တော်ကီးန်၏ ပထမကမ္ဘာစစ်ကို ပုံဆောင်ရေးသောဝတ္ထုအဖြစ်ဖတ်လိုက ဖတ်နိုင်သည်။
၉၈
ဤဇာတ်သည် သူရဲကောင်းဝါဒကိုအခြင်းရာကို ဖော်ထုတ်တင်ပြထား၏။ Janet Croft မှတ်ချက်ကိုတင်ပြရမည်ဆိုလျှင် တော်ကီးန်၏ ထိုအချိန်ကဖြစ်ပွားနေသောစစ်ကြီးအပေါ် စာပေရေးရာတုံ့ပြန်မှုသည် စစ်ပြီးခေတ်အခြားသောစာရေးဆရာများနှင့်ကွာခြား၏။ ဝေးကွာသည့်ဖြစ်ပျက်မှုများကို ရေးသည့်နည်းလမ်းအဖြစ် စာပေနည်းတစ်ခု (ဂရိ
အလွမ်းအသော
ဇာတ်လမ်းများရေးရာ၌ သုံးသောစာပေနည်းတစ်မျိုး) ကိုရှောင်ရှား၍ ထိုအစား ၎င်းတွေ့ကြုံမှုများကိုကြားခံဆက်သွယ်ပေးရန် ဒဏ္ဍာရီကိုသုံးစွဲသည်။
၉၉
စစ်ကြီးကိုမျက်မြင်ကြုံတွေ့ခဲ့ဖူးသော စာရေးဆရာများ၏ လက်ရာဆင်တူမှုများကို ဟော့ဘစ်၌တွေ့နိုင်သည်။ နဂါးကြီးစမောက်ဂ်၏ အကျဉ်းတန်းနယ်မြေ (The Desolation of Smaug) တွင် ကျေးလက်သာယာမှု၏ ပျက်စီးခြင်းအဖြစ် စစ်ပွဲရေးရာများကို ဖော်ထုတ်ပြသသည်။ စမောက်ဂ်လွှမ်းမိုးထားသောနယ်မြေနှင့် တပ်ကြီးငါးတပ်တိုက်ပွဲ (Battle of Five Armies) ဖြစ်ရာနယ်မြေနှစ်ခုစလုံးကို ကျေးလက်ရှုမျှော်ခင်းများအလှအပသဘာဝကို ဖျက်ဆီးတတ်သောသဘောမှာ စစ်ပွဲဟု ဆိုထားသည်။
၁၀၀
ပထမကမ္ဘာစစ်၏ ရင်နင့်စရာများ သတိပေးခြင်းမျိုးကို ဟော့ဘစ်က ဖန်တီးထား၏။
၁၀၁
ထို့နောက် တော်ကီး၏ စစ်ပြန်တစ်ယောက်အဖြစ် သဘောထားကို ဘီလ်ဘို၏ မှတ်ချက်သုံး၍ အကျဉ်းပြဆိုနိုင်၏။ "ဘယ်လိုပဲဖြစ်ဖြစ် စစ်ကတော့နိုင်သွားပါပြီလို့ပဲ ယူဆပါ့မယ်။ အင်း... တကယ်က... တော်တော်ကိုပဲ စိတ်ပျက်စရာအမှောင်ဖုံးခဲ့တဲ့ ကိစ္စကြီးပါ။"
၉၉
တုံ့ပြန်မှုမှုများ
ပြင်ဆင်ရန်
၁၉၃၇ အောက်တိုဘာ၌ ပထမအကြိမ်ထုတ်ဝေမူအား နာနီးယားဇာတ်လမ်းတွဲများ(The Chronicles of Narnia)ရေးသားသူ စီ အက်စ် လူးဝစ်(C. S. Lewis)၊ New York Post၊ Catholic World၊ The Timesသတင်းစာများအပါအဝင် ယူကေ၊ ယူအက်စ် ထုတ်ဝေခြင်းများမှ အကောင်းမြင်ဝေဖန်မှုများကို တညီတညွတ်တည်းရခဲ့လေသည်။
အမှန်ကတော့ ဤစာအုပ်တွင် ယခင်တုန်းက တစ်ခါမှစုစုစည်းစည်းမရှိဖူးသေးသော ကောင်းခြင်းများစွာအားလုံးပါဝင်လာလေသည်။ ဟာသပေါင်းများစွာ၊ ကလေးများအပေါ်နားလည်ခြင်း၊ ပညာရှင်တစ်ယောက်၏ ဒဏ္ဍာရီအပေါ်နားလည်မှုကို ကဗျာဆရာတစ်ဦး၏ ဒဏ္ဍာရီအပေါ်နားလည်မှုနှင့် ပျော်ရွှင်စွာပေါင်းစပ်ထားခြင်းများတို့ဖြစ်ကြသည်။... ဤပါမောက္ခသည် ဘယ်အရာကိုမှတီထွင်မှုမရှိသည့်ဟန်ပန်ရှိ၏။ သူသည် ထရိုးကောင်ကြီးများ၊ နဂါးများအကြောင်း ကိုယ်တိုင်ကိုယ်ကျလေ့လာထားပြီး ကြွယ်ဝသည့်"ကိုယ်ပိုင်ဟန်"များနှင့်ထိုက်တန်သော ထိုတိကျမှုများဖြင့် ထိုသတ္တဝါများကိုဖော်ပြထားသည်။
လူးဝစ်က
ဟော့ဘစ်
ကို
အဲလစ်နှင့် ထူးဆန်းဖွယ်တိုင်းပြည်
(Alice in Wonderland)နှင့် နှိုင်းယှဉ်ပြ၍ အဲလစ်ဝတ္ထု၌ ကလေး၊လူကြီးသည် စာအုပ်ပါအကြောင်းအရာများကို ခံစားရန် များစွာသောအကြောင်းများ၊ နေရာများကိုတွေ့နိုင်သည်။ Flatland၊ Phantastes၊ The Wind in the Willowsစသည့် စိတ်ကူးယဉ်ဝတ္ထုများနှင့်လည်း နှိုင်းယှဉ်ခဲ့သည်။
၁၀၂
W. H. Audenက နောက်ဆက်တွဲဇာတ်လမ်းဖြစ်သည့်
လက်စွပ် အဖွဲ့ဝင်များ
တွင် ဟော့ဘစ်ကို ဤရာစု၏ အကောင်းဆုံးကလေးစာအုပ်များထဲက တစ်အုပ်ဟု ဖော်ပြသုံးသပ်သည်။
၁၀၃
ဟော့ဘစ်ကို ကာနီဂီစာပေဆု(Carnegie Medal)အတွက် ဆန်ကာတင်ရွေးချယ်ခံရပြီး ၁၉၃၈အတွက်အကောင်းဆုံးလူငယ်စိတ်ကူးယဉ်စာပေဆုကို New York Herald Tribune မှ ဆုချီးမြှင့်ခဲ့သည်။
၁၀၄
မကြာသေးမီကလည်း သိမ်းထားရန်စာအုပ်ကဏ္ဍအတွက် ရာစုနှစ်၏ ကလေးများစာအုပ်ခေါင်းစဉ်မဲကောက်ယူခြင်းတွင် (သက်ကြီးစာဖတ်သူများအတွက်) ၂၀ရာစု၏အရေးကြီးဆုံးအဖြစ် မကြာသေးမီကလည် ဤဝတ္ထုကို အသိအမှတ်ပြုခဲ့ကြလေသည်။
၁၀၅
နောက်ဆက်တွဲဇာတ်လမ်းဝတ္ထုဖြစ်သော လက်စွပ်များ၏ အရှင်သခင် ထုတ်ဝေခြင်းက ဟော့ဘစ်နှင့်ပတ်သက်သော ဝေဖန်မှုများကိုပြောင်းလဲသွားစေခဲ့သည်။ ဟော့ဘစ်ကို သူ့နည်းသူ့ဟန် ကလေးစာအုပ်အဖြစ်ချဉ်းကပ်မည့်အစား Randell Helmsကဲ့သို့သော ဝေဖန်ရေးသမားတချို့က ဟော့ဘစ်သည် နောက်ဆက်တွဲဇာတ်လမ်းအတွက် အစမ်းလေ့ကျင့်သည့် ရှေ့ပြေးဟုဆိုကာ အဆင့်နိမ့်ချသတ်မှတ်သည့်စိတ်ကူးမျိုးရှိကြသည်။ ထိုသို့ အတိတ်ဖြစ်ပျက်များကို ပစ္စက္ခစံညွှန်းများနှင့် ဘာသာပြန်တတ်သူ(presentist)များကို ပြန်လည်ရင်ဆိုင်တုံ့ပြန်သူများက ၎င်းတို့၏ချဉ်းကပ်မှုများတွင် ကလေးစာအုပ်အဖြစ်၊ သူ့ပုံစံဖြင့်သူ့ဘာသာရှိသော ကျယ်ပြန့်သောစိတ်ကူးယဉ်လက်ရာအဖြစ် မူလတန်ဖိုးများကို လစ်လျှူရှုကြပြီး ထိုစာပေအမျိုးအစားအပေါ် ဟော့ဘစ်၏ဩဇာသက်ရောက်မှုအား ဥပက္ခာပြုကြသည်ဟု ပြောဆိုတုံ့ပြန်ကြသည်။
၁၀၆
မျက်မှောက်ရေးရာသုံးသပ်အစီရင်ခံသူများဖြစ်သည့် Paul Kocher
၁၀၇
John D. Rateliff
၁၀၈
နှင့် C. W. Sullivan
၁၀၆
တို့က စာဖတ်သူများအား ထိုလက်ရာများအပေါ် တသီးတခြားကိုင်တွယ်ကြရန် အားပေးတိုက်တွန်းသည်။ အကြောင်းမူကား ဟော့ဘစ်ကို နောက်ပိုင်းထွက်လက်ရာအပေါ်အမှီခိုကင်းစွာ တီထွင်ဖန်တီး၊ ထုတ်ဝေခဲ့ပြီး ဝတ္ထု၏ သဘောလက္ခဏာ၊ ရေးဟန်တို့အပေါ် အားစိုက်စာဖတ်သူများ၏မျှော်လင့်ချက်ထားမှုကိုရှောင်ရန်ရန်ဖြစ်သည်။
အမွေအနှစ်
ပြင်ဆင်ရန်
လက်စွပ်များ၏ အရှင်သခင်
ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး -
လက်စွပ်များ၏ အရှင်သခင်
ဟော့ဘစ်
ကို တစ်ဖက်က နည်းလမ်းများစွာဖြင့် လိုက်ဖက်မှုရှိစေရန်ပြုလုပ်၊ ထပ်တိုးပေါင်းထည့်ခြင်းများအပြီးတွင် ၎င်း၏နောက်ဆက်တွဲ လက်စွပ်များ၏ အရှင်သခင်သည် အကြီးကျယ်ဆုံးအမွေအနှစ်ဟုဆိုနိုင်သည်။ ဇာတ်လမ်းကြောရိုးသည် တူညီသောဇာတ်ကွက်၌ တူညီသည့်အခြေခံတည်ဆောက်မှုဖြစ်ပေါ်လာခြင်းတို့ကို ဝတ္ထုနှစ်ခုစလုံးတွင်မျှဝေသုံးစွဲ၏။ ဇာတ်လမ်းနှစ်ခုစလုံးသည် ဘီလ်ဘို၏နေအိမ် ဘက်ဂ်အန့်ဒ်(Bag End)မှစတင်ခြင်း၊ အဓိကဇာတ်ကိုရှေ့ဆက်မျောစေရန် ဘီလ်ဘိုအိမ်၌ ပါတီပွဲကျင်းပခြင်း၊ ဂန်ဒက်ဖ်က အဓိကဇာတ်ဆောင်ကို အရှေ့ဘက်စွန့်စားမှုခရီးစဉ်တွင် ခေါ်ယူပါဝင်စေခြင်း၊ အယ်လ်ရွန်က ခိုလှုံရာနေရာနှင့် အကြံပေးခြင်း၊ စွန့်စားခန်းထွက်သူများသည် မြေအောက်နယ်မြေ "ဂေါ်ဘလင်မြို့တော်/မော်ရီယာ" (goblin town/Moria)မှလွတ်မြောက်ခြင်း၊ ထိုသူတို့သည် နောက်ထပ် အက်လ်ဖ်မျိုးနွယ်ဖြစ်သော "အမှောင်လွှမ်းတောနက်/လော့သ်လိုရီးယန်" (Mirkwood/Lothlórien)နှင့် ပတ်သက်ခြင်း၊ အကျဉ်းတန်နယ်မြေ "စမောက်ဂ်၏ အကျဉ်းတန်နယ်မြေ/ ရွှံ့နွံ့အိုင်သေ" (Desolation of Smaug/Dead Marshes)ကိုဖြတ်ကျော်ရခြင်း၊ လူသားတို့အခြေချရာ "ရေကန်မြို့/အစ်သီးလီယန်(မြို့ပျက်ကြီး)" (Esgaroth/Ithilien)မှ ကြိုဆိုအားဖြည့်ပေးခြင်း၊ ကြီးကျယ်သောတိုက်ပွဲဖြစ်သည့် "တပ်ကြီးငါးတပ်တိုက်ပွဲ/ပယ်လန်းနော်စစ်တလင်းတိုက်ပွဲ" (The Battle of Five Armies/Battle of Pelennor Fields)များတွင် တိုက်ခိုက်ခြင်း၊ ခရီးစဉ်၏အထွတ်အထိပ်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော "အထီးကျန်တောင်ထိပ်/ကြမ္မာဆိုးတောင်ထိပ်" (Lonely Mountain/Mount Doom)ဖြစ်နေခြင်း၊ ယခင်ဘုရင့်အနွယ်မှသက်ဆင်းလာသော "လေးသမား ဘာ့ဒ်/အာရဂွန်" (Bard/Aragorn)ကို ထီးနန်းပြန်ပေးခြင်း၊ စွန့်စားသူအဖွဲ့၏ အိမ်အပြန်တွင် ယိုယွင်းသောအနေအထားတွေ့ကြုံရခြင်း "ပစ္စည်းများလေလံတင်ရောင်းချ/ရှိုင်းယားမီးလောင်ခြင်း"စသည်တို့ဖြစ်ကြသည်။
၁၀၉
လက်စွပ်များ၏ အရှင်သခင်
တွင် ဇာတ်ကောင်များမြောင်၏ လမ်းကြောင်းခရီးစဉ်များကြောင့် ပို၍ထောက်ပံ့ပေးသောအခန်းများ၊ ပို၍ရှုပ်ထွေးသောဇာတ်ကွက် စသည်တို့ပါဝင်သည်။ ဤနောက်လက်ရာကိုတော်ကီးက ဟာသဟန်နည်းပါးစွာဖြင့် ကိုယ်ကျင့်တရား၊ ဒသနပိုင်းအခြင်းအရာများထည့်သွင်းထားသည်။ ဇာတ်နှစ်ခုကြား မတူညီကွဲပြားမှုများသည် စာဖတ်သူများက နှစ်ခုလုံးအားတူမည်ဟုထင်ပြီး မတူသည်ကိုတွေ့လျှင် အခက်အခဲများဖြစ်စေပေလိမ့်မည်။
၁၀၉
တော်ကီးန်က ဟော့ဘစ်သည် ကလေးများအဖို့၊ လက်စွပ်များ၏ အရှင်သခင်ကား ထိုဟော့ဘစ်ဖတ်ပြီး ကြီးပြင်းလာသော ထိုသူများအတွက်ဟု ရေးသားခဲ့သောကြောင့် အကြောင်းရာပိုင်း၊ ရေးဟန်ပိုင်းများ၏ ကွဲပြားခြားနားမှုများစွာ ပေါ်ပေါက်လာခဲ့သည်။ နောက်ထပ်အနေဖြင့် တော်ကီးန်၏ အလယ်ပိုင်းကမ္ဘာ (Middle-earth)၏ အယူအဆများကို ၎င်းဘဝနှင့် စာရေးသက်တမ်းတလျှောက် တဖြည်းဖြည်းခြင်း ပြောင်းလဲတိုးတက်စေခဲ့သည်။
၁၁၀
ပညာရေးကဏ္ဍ
ပြင်ဆင်ရန်
စာအုပ်၏ ရေးဟန်၊အကြောင်းအရာများသည် လူငယ်များအား
ချားလ် ဒစ်ကင်း
(Charles Dickens)နှင့်
ရှိတ်စပီးယား
(William Shakespeare)တို့၏ လက်ရာများကို ချဉ်ကပ်နိုင်စေရန်ပြင်ဆင်ပေးနိုင်ခြင်းဖြင့် လူငယ်စာဖတ်ပရိသတ်၏ စာတတ်မြောက်နှုန်းကိုချဲ့ထွင်ကူညီနိုင်ခဲ့ပြီးဖြစ်သည်။ ကွဲပြားမှုအနေဖြင့် ဇာတ်လမ်းပါအကြောင်းအရာများသည် ဆယ်ကျော်သက်များအတွက်ပိုမိုသင့်တော်သည်။ သို့သော် အဆင့်မြင့်လာသောလူငယ်စာဖတ်သူများအား ဆယ်ကျော်သက်ကို အဓိကထားရေးသော ဇာတ်လမ်းများ ဖတ်ရန်ကမ်းလှမ်းခြင်းမှာ ၎င်းတို့စာဖတ်ကျွမ်းကျွမ်းကျင်မှုကို လေ့ကျင့်ပေးရာမရောက်ပေ။
၁၁၁
အသက် ၁၁-၁၄ ကောင်လေးများကို စာတတ်/ဖတ်နှုန်းမြင့်မားရန် တွန်းအားပေးဖို့ အကြံပြုထားသော စာအုပ်တချို့တစ်လေအနက် တစ်အုပ်ဖြစ်သော
ဟော့ဘစ်
ကို ရေးဖူးသမျှ ပင်ကိုဟန်ဖြင့် အကောင်းဆုံးစိတ်ကူးယဉ်ဇာတ်လမ်းအဖြစ် အဆင့်မြှင့်တင်ကြသည်။
၁၁၂
ဤစာအုပ်မှ ဆရာများ၊ကျောင်းသားများအတွက် အမြင့်ဆုံးအကျိုးပြုနိုင်စေရန် သင်ကြားလမ်းညွှန်နှင့် စာကြည့်မှတ်စုလမ်းညွှန်တချို့ကို ထုတ်ဝေထားပြီးလည်းဖြစ်သည်။ ဤဝတ္ထုသည် စာရေးဆရာ၏ ဘဝနှင့် ဖြတ်သန်းခဲ့ရသောကာလများကို ရောင်ပြန်ဟပ်နိုင်သော တင်စားခိုင်းနှိုင်းချက်လက္ခဏာများပါဝင်သောကြောင့် အထူးသဖြင့် ရူပကတင်စားချက်များကဲ့သို့ စာပေအယူအဆများကို လူငယ်စာဖတ်ပရိသတ်များအတွက်မိတ်ဆက်ပေးနိုင်သည်။
၁၀၀
တစ်ဖက်တွင် စာရေးဆရာက၎င်းလက်ရာ၏ ထိုခိုင်းနှိုင်းတင်စားချက်များအား ငြင်းပယ်ပါသည်။
၁၁၃
ထိုနှစ်ခု၏အားပြိုင်မှုသည်စာဖတ်သူများအား "အရိုင်းမှအယဉ်သို့ပြောင်းလဲခြင်း"(sublimation)ကဲ့သို့သော(Freudian analysis- မသိစိတ်နှင့်ပတ်သက်၍ စိစစ်လေ့လာခြင်း)မှ အကဲဖြတ်ကိရိယာများနှင့် "တစ်ခြားပြင်ပဆိုင်ရာအချက်အလက်ထက် စာသားများကိုအလေးပြုသော"(New Criticism)ယုံကြည်မှုများကို မိတ်ဆက်ပေးခြင်း၌ အကူအညီဖြစ်စေသည်။ ထို့ပြင် စာဖတ်သူ၊စာရေးသူဆိုင်ရာ အနက်ထုတ်ဖော်ဘာသာပြန်ချက်များကိုလည်း ဟော့ဘစ်က မိတ်ဆက်ပေးနိုင်သည်။
၁၁၄
လိင်ခွဲခြားသူ(sexist)အဖြစ် ဤဝတ္ထု၌အမျိုးသမီးဇာတ်ကောင်များ၏အရေးပါပုံကို အဆိုပြုတင်ပြရန် စာသင်ခန်းထဲတွင် နောက်ထပ်ဆန်းစစ်ဝေဖန်ချဉ်းကပ်မှုတစ်ခုလည်းပြုလုပ်ခဲ့ကြသည်။ ဘီလ်ဘိုကို စာပေပြယုတ်အနေဖြင့် အမျိုးသား/သမီးနှစ်ခုလုံးကို တင်စားနိုင်သော ဇာတ်ကောင်တစ်ဦးအဖြစ်မြင်နိုင်သည်။
၁၁၅
သို့ရာတွင် ကျား/မသိမြင်ခွဲခြားတတ်သောချဉ်းကပ်မှုနည်းစနစ်(gender-conscious approach)သည် ကျောင်းသူ/သားများကို လူမှုရေးရာအမှတ်သညာဆန်သောစာသားတစ်ရပ်(socially symbolic text)အပေါ်နားလည်သဘောပေါက်ခြင်းကို ထုတ်ဖော်တတ်စေရန် အကူအညီဖြစ်စေမည်။ လူမှုရေးရာအမှတ်သညာဆန်သောစာသားတစ်ရပ်ဆိုရာ၌ ပေးထားသောစာများကို အငြင်းပွားဖွယ်တစ်ဦးနှင့်တစ်ဦးမတူဘဲ ဘက်လိုက်ဖတ်ခြင်းမှပေါ်ပေါက်လာသော အဓိပ္ပာယ်များပါဝင်သော စာသားများကိုဆိုလိုသည်။
၁၁၆
ဤသို့ အနက်သဘောထုတ်ဖော်ချက်အရ ဖြစ်ချင်တော့လည်းပထမဆုံးခွင့်ပြုချက်ရသော မှီငြမ်းသည့် ပြဇာတ်မှာ မိန်းကလေးကျောင်းမှဖြစ်နေသည်။
၁၁၇
(မှတ်ချက်-ဟော့ဘစ်တွင် အမျိုးသမီးဇာတ်ကောင်လုံးဝမပါ။)
မှီငြမ်းပုံဖော်တင်ဆက်မှုများ
ပြင်ဆင်ရန်
ဟော့ဘစ်အား ပထမဆုံးခွင့်ပြုချက်ရ မှီငြမ်းပုံဖော်တင်ဆက်မှုသည် ၁၉၅၃ မတ်လ၌အက်ဒင်ဘာရာမြို့(Edinburgh) စိန့်မာဂရက်ကျောင်း၏ ပြဇာတ်အဖြစ်ပေါ်ထွက်လာသည်။
၁၁၇
ဟော့ဘစ်
ကိုထိုအချိန်မှစတင်၍ အကြိမ်များစွာ ပုံစံမျိုးစုံဖြင့် မှီငြမ်းတင်ဆက်မှုများပြုလုပ်ခဲ့ကြသည်။
ဟော့ဘစ်၏ ပထမဆုံးရုပ်ရှင်အဖြစ် ၁၂မိနစ်ကာတွန်းရုပ်သေ ရုပ်ရှင်ကို ထုတ်လုပ်သူWilliam L. Snyderက ဒါရိုက်တာGene Deitchအားတာဝန်ယူရိုက်ကူးစေသည်။
၁၁၈
၁၁၉
ထိုရုပ်ရှင်ကို
နယူးယောက်မြို့
တော်၌ ရုံတင်ပြသခဲ့သည်။
၁၁၈
၁၂၀
ပထမထုတ်ဝေခြင်းအပြီးနှစ်(၃၀)အကြာ ၁၉၆၉တွင် တော်ကီးန်က ဟော့ဘစ်ရောင်းကုန်မူပိုင်ခွင့်(merchandising rights)အား United Artistsသို့ရောင်းချကာ ပေါင်တစ်သောင်းပေးရန်သတ်မှတ်တောင်းဆိုသည်။
၁၂၁
၁၂၂
ပါရှိသေးသည့်အချက်အလက်မှာ ကုန်ကျစရိတ်အားလုံးအပြီး မူပိုင်ခ ၇.၅% အား Allen & Unwin စာပေတိုက်နှင့် စာရေးဆရာအားပေးရန်သဘောတူထားကြသည်။
၁၂၃
စာရေးဆရာဆုံးပါးပြီး သုံးနှစ်အကြာ ၁၉၇၆၌ United Artistsက ယင်းပိုင်ဆိုင်ခွင့်ကို Saul Zaentzကုမ္ပဏီသို့ ရောင်းချ၍ ဤကုမ္ပဏီက ယခုတွင် Tolkien Enterprisesအမည်ဖြင့် ရောင်းဝယ်ဖောက်ကားသည်။ ထိုအချိန်မှစ၍တရားဝင်ခွင့်ပြုမှုရရှိသော ပုံဖော်တင်ဆက်မှုများကို Tolkien Enterprisesက လက်မှတ်ရေးထိုးခွင့်ပြုသည်။ ၁၉၉၇၌ ရုပ်ရှင်မူပိုင်ခွင့်ကို Tolkien Enterprisesက Miramaxကို လိုင်စင်ခွင့်ပြုပေးထား၍ Miramaxကတဆင့် New Line Cinemaကို ၁၉၉၈ တွင် လွှဲပြောင်းပေးထားခဲ့သည်။
၁၂၄
တော်ကီးန်၏ သားChristopher Tolkienအပါအဝင် တော်ကီးအမွေဆက်ခံသူများက ၂၀၀၈ဖေဖော်ဝါရီ၌ New Line Cinemaကို တရားဆွဲဆို၍ အမြတ်ဝေစုခွဲပေးရန်၊ New Line၏ ဟော့ဘစ်နှင့်ပတ်သက်သော ရုပ်ရှင်ထုတ်လုပ်၊ဖြန့်ချိစသဖြင့် အနာဂတ်တွင်ရှိမည့်မူပိုင်ခွင့်များကို ဖျက်သိမ်းရန်ဖြစ်သည်။
၁၂၅
၁၂၆
၂၀၀၉ စက်တင်ဘာတွင် ခရစ်စတိုဖာနှင့် New Lineတို့၏ လူသိရှင်ကြားဖော်ပြခြင်းမရှိသည့် သဘောတူညီမှုရရှိကာ ဟော့ဘစ်ရုပ်ရှင်ဇာတ်ကားတွဲထုတ်လုပ်မှုအား တရားဆွဲဆိုမှုကို ရုပ်သိမ်းခဲ့သည်။
၁၂၇
ဟော့ဘစ်(၁၉၆၈) ရေဒီယိုဇာတ်လမ်းတွဲကို BBC Radio 4၌ Michael Kilgarriff၏ မှီငြမ်းပုံဖော်မှုနှင့်အတူ ၁၉၆၈ စက်တင်ဘာမှ နိုဝင်ဘာအထိ အပိုင်း(၈)ပိုင်း (စုစုပေါင်း၄နာရီ)ထုတ်လွှင့်ခဲ့သည်။ နောက်ခံပြောသူအဖြစ် Anthony Jackson၊ ဘီလ်ဘိုအဖြစ် Paul Daneman၊ ဂန်ဒက်ဖ်အဖြစ် Heron Carvicတို့၏ အသံသရုပ်ဆောင်မှုဖြစ်သည်။ ထိုဇာတ်လမ်းတွဲကို ကက်ဆက်အခွေဖြင့် ၁၉၈၈၊ စီဒီအခွေဖြင့် ၁၉၇၇၌ အသီးသီးထုတ်ဝေခဲ့သည်။
၁၂၈
ကာတွန်းပုံ အန်နီမေးရှင်းပုံစံကို Rankin/Bassက အမေရိက၌ တီဗီဇာတ်ကားအဖြစ် ၁၉၇၇တွင် ပွဲဦးထွက်ထုတ်လုပ်ခဲ့သည်။ ၁၉၇၈ Romeo Mullerသည် ရုပ်မြင်သံကြားပြဇာတ်အတွက် Peabodyဆုရရှိခဲ့သည်။ အကောင်းဆုံးဇာတ်လမ်းတင်ဆက်မှု ဟျူးဂိုဆု(Hugo Award )အတွက် ဆန်ကာတင်ခံရသော်လည်း ကြယ်တာရာစစ်ပွဲကြီးများ(Star Wars)ဇာတ်ကားကို ရှုံးနိမ်းခဲ့ရသည်။ ဤမှီငြမ်းတင်ဆက်မှုကို အတော်ပင်ဆိုးရွား၍
၄၈
ဇာတ်လမ်းသဘောကိုမသိသူများအတွက် ရှုပ်ထွေးဖွယ်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
၁၂၉
ကလေးအော်ပရာပြဇာတ်ကို ၂၀၀၄တွင်ရေးသား၍ ပထမဆုံးဖျော်ဖြေနိုင်ခဲ့သည်။
၁၃၀
ယင်းအော်ပရာပြဇာတ်ကို အမေရိကမြို့များ Tulsa၊ Sarasota နှင့် Torontoတို့တွင် အကြိမ်အနည်းငယ် ထုတ်လုပ်ဖျော်ဖြေခဲ့ကြသေးသည်။
၂၀၁၂ ဒီဇင်ဘာကာလများ၊
၁၃၁
၂၀၁၃၊
၁၃၂
နှင့် ၂၀၁၄
၁၃၃
တို့တွင် Metro-Goldwyn-Mayerနှင့် New Line Cinemaတို့ပေါင်းကာ ဟော့ဘစ်ရုပ်ရှင်ကားကြီးအဖြစ် တစ်ပိုင်းဆီကို ဒါရိုက်တာ
ပီတာ ဂျက်ဆန်
ကရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ရုပ်ရှင်ဇာတ်ကားအမည်များမှာ "ဟော့ဘစ်
: မျှော်လင့်မထားသောခရီးစဉ်" (The Hobbit: An Unexpected Journey)၊ "ဟော့ဘစ်
: နဂါးကြီးစမောက်ဂ်၏ အကျဉ်းတန်နယ်မြေ" (The Hobbit: The Desolation of Smaug)၊ "ဟော့ဘစ်
: တပ်ကြီးငါးတပ်တိုက်ပွဲ" (The Hobbit: The Battle of the Five Armies) တို့ဖြစ်ကြ၏။
သုံးပိုင်းပါ ရုပ်ပြစာအုပ်ပုံဖော်တင်ဆက်မှုကို Chuck Dixonနှင့် Sean Deming တို့ကရေးသား၍ David Wenzel၏ သရုပ်ဖော်ပုံများနှင့်ဖြစ်ကာ Eclipse Comicsက ၁၉၈၉တွင်ထုတ်ဝေသည်။ ၁၉၉၀တွင် တစ်အုပ်တည်းအဖြစ် Unwin Paperbacksက ဖြန့်ချိသည်။ အဖုံးမှာ မူလသရုပ်ဖော်သူ David Wenzel၏ အနုပညာလက်ရာဖြစ်သည်။ တစ်အုပ်တည်းအဖြစ် စုစည်းထုတ်ဝေသောပြန်လည်ရိုက်ခြင်းမူကို Del Rey Booksမှ ၂၀၀၁တွင် ထုတ်ဝေသည်။ ထိုအဖုံး ကို Donato Giancolaမှ သရုပ်ဖော်ပေးထားပြီး ၂၀၀၂ အကောင်းဆုံးစာအုပ်အဖုံးအတွက် သိပ္ပံခေတ်လွန်အနုပညာရှင်များအစည်းအရုံးဆုချီးမြင့်ခဲ့သည်။
၁၃၄
ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်းတချို့ (လိုင်စင်ရှိ/မရှိ)သည် ဤဇာတ်အပေါ်အခြေခံသည်။ အအောင်မြင်ဆုံးဗီဒီယိုဂိမ်းမှာ ၁၉၈၂-ဟော့ဘစ်ဖြစ်ပြီး Beam Softwareကထုတ်ဝေက ကွန်ပျူတာဆုရဂိမ်းတစ်ခုလည်းဖြစ်သည်။ Melbourne Houseကလည်း အဆိုပါဂိမ်းကို ကွန်ပျူတာအများစုအတွက် ကိုက်ညီအောင်ပြု၍ ထိုကာလပိုင်း၌ပင် ထုတ်ဝေခဲ့သည်။
၁၃၅
မှတ်စု
ပြင်ဆင်ရန်
Dwalin Balin Gloin Kili Fili Dori Nori Ori Óin Bifur Bombur Bofur
လန်ဒန်အရှေ့စွန်ပိုင်းနေသောသူများ၊ ကြားနေကြအင်္ဂလိပ်လေသံမျိုးဟုတ်ဘဲ တမူထူးခြားသောလေယူလေသိမ်းနှင့် စကားပြောတတ်သော လန်ဒန်အရှေ့ခြမ်းသားများ
၈၀
စာရေးဆရာHugh Lofting ဖန်တီးထားသော ကလေးများစာအုပ်အတွဲထဲက ဇာတ်ကောင်
၉၂
ကိုးကား
ပြင်ဆင်ရန်
Martin၊ Ann (2006)။
Red Riding Hood and the Wolf in Bed: Modernism's Fairy Tales
။ University of Toronto Press။ p.
38
ISBN
978-0-8020-9086-7
... —prefigure the bourgeois preoccupations of J. R. R. Tolkien's Bilbo Baggins in
The Hobbit
Beetz၊ Kirk H., ed. (1996)။
Beacham's Encyclopedia of Popular Fiction Analysis
။ 8 volume set။ Beacham Publishers။ p.
1924
ISBN
978-0-933833-42-5
At the beginning of
The Hobbit
... Bilbo Baggins seems little more than a conservative but good-natured innocent.
Bolman၊ Lee G.; Deal၊ Terrence E. (2006)။
The Wizard and the Warrior: Leading with Passion and Power
။ John Wiley & Sons။ p.
88
ISBN
978-0-7879-7413-8
But their chief role was to offer sage advice: Merlin as a tutor and counselor to King Arthur; Gandalf through stories and wisdom in his itinerant travels throughout the countryside.
Helms၊ Randel (1981)။
Tolkien and the Silmarils
(1st ed.)။ Boston:
Houghton Mifflin
။ p.
86
ISBN
978-0-395-29469-7
As apt a description of Thorin Oakenshield as of the dwarf-lord of Nogrod; but yet when we see Thorin in person, ... there is a notable addition, a comic pomposity altogether suitable to what Tolkien intends in
The Hobbit
...
Pienciak၊ Anne (1986)။ "The Characters"။
J. R. R. Tolkien's Hobbit and Lord of the Rings
။ Barron's Educational Series။ pp.
14–30
ISBN
978-0-8120-3523-0
Tolkien၊ J. R. R. (2003) [1937]။ Anderson၊ Douglas A. (ed.)။
The Annotated Hobbit
။ London: HarperCollins။ p.
120။
ISBN
978-0-00-713727-5
CS1 maint: ref=harv (
link
Stevens၊ David; Stevens၊ Carol (2008)။ "The Hobbit"။ in
Bloom၊ Harold
(ed.)။
J. R. R. Tolkien
။ Chelsea House။ pp.
17
–26။
ISBN
978-1-60413-146-8
Yorkshire Poetry
, Leeds, vol. 2, no. 19, October–November 1923
Oxford Poetry
(1915) Blackwells
Rateliff
John D 2007
, p.
xxx–xxxi.
Carpenter 1977
, p.
181.
Carpenter 1981
, p.
294.
Carpenter 1977
, p.
184.
Carpenter 1977
, p.
192.
Tolkien 1937
, Inside dustjacket, first flap.
Carpenter 1981
, p.
7.
Rateliff 2007
, p.
vol.2 p.485.
Lobdell 2004
, p.
6.
Carpenter 1981
, p.
391.
Tolkien 1988
, p.
150.
Lobdell 2004
, pp.
6–7.
Tolkien 2003
, pp.
108
Drout 2007
, pp.
399–400
Hooker၊ Mark (2014)။
The Tolkienaeum: Essays on J.R.R. Tolkien and his Legendarium
။ Llyfrawr။ pp.
1–12။
ISBN
978-1499759105
Lazo၊ Andrew (2008)။ "Gathered Round Northern Fires"။ in Chance၊ Jane (ed.)။
Tolkien and the Invention of Myth: A Reader
။ University Press of Kentucky။ pp.
191–226။
ISBN
978-0-8131-2301-1
Sullivan 1996
, p.
309-310.
Drout 2007
, pp.
469–479
Rateliff 2007
, p.
vol.2 p.866–871
Tolkien 2003
, pp.
78
Solopova 2009
, pp.
21–22
Fisher, Jason
(March 2008).
The History of the Hobbit (review)
".
Mythlore
(101/102).
St. Clair 2000
, p. 39. "Unlike the raven servants of the god of war, Roac is against war with the men of Dale and the Elves. Further, the birds carry the good news of Smaug's fall over the countryside. In The Hobbit, they do not function as scavengers after battle as ravens usually do in medieval Norse and English works."
Shippey 2001
, p.
41.
Carpenter 1981
, p.
31
Steele, Felicia Jean
(2006).
Dreaming of dragons: Tolkien's impact on Heaney's Beowulf
".
Mythlore
(95/96)
. Retrieved on
3 December 2017
Faraci၊ Mary (2002)။ "
I wish to speak' (Tolkien's voice in his Beowulf essay)"။ in Chance၊ Jane (ed.)။
Tolkien the Medievalist
။ Routledge။ pp.
58–59။
ISBN
978-0-415-28944-3
Solopova 2009
, p.
37
Purtill၊ Richard L.
(2006)။
Lord of the Elves and Eldils
။ Ignatius Press။ pp.
53–55။
ISBN
978-1-58617-084-4
McDonald, R. Andrew
(2006).
'In the hilt is fame': resonances of medieval swords and sword-lore in J. R. R. Tolkien's The Hobbit and The Lord of the Rings
".
Mythlore
(95/96)
. Retrieved on
3 December 2017
Orr, Robert
(1994).
"Some Slavic Echos in J. R. R. Tolkien's Middle-earth".
Germano-Slavica
: 23–34.
Rateliff 2007
, pp.
79–80
Edwards၊ Owen Dudley
(2008)။
British Children's Fiction in the Second World War
Edinburgh University Press
။ p.
458။
ISBN
978-0-7486-1651-0
Hammond
Anderson 1993
, p.
Hammond
Anderson 1993
, pp.
18–23
Tolkien 2003
, p.
22
Tolkien 2003
, p.
384-386
Tolkien 2003
, p.
23
Carpenter 1977
, p.
195
Tolkien 2003
, p.
120.
Carpenter 1977
, p.
215
Tolkien၊ J. R. R.
(1987) [1954]။ "Prologue"။
The Fellowship of the Ring
The Lord of the Rings
။ Boston:
Houghton Mifflin
ISBN
978-0-395-08254-6
Tolkien 2003
, pp.
18–23
Rateliff 2007
, pp.
781, 811–12
Rateliff 2007
, p.
765
Tolkien 2003
, p.
218
Tolkien 1937
, p.
63.
Tolkien 1951
, p.
63.
Tolkien 1966
, p.
62.
Tolkien၊ Christopher (1983)။
The History of Middle-earth: Vol 1 "The Book of Lost Tales 1"
။ George Allen & Unwin။ pp.
43–44။
ISBN
978-0-04-823238-0
Tolkien 2003
, pp.
378–379
Hammond
Anderson 1993
, p.
18
Hammond
Anderson 1993
, pp.
10–11
Hammond
Anderson 1993
, pp.
12–13
Tolkien၊ J. R. R. (1942)။
The Hobbit
။ London: The Children's Book Club။
Gamble၊ Nikki; Yates, Sally (2002)။
Exploring Children's Literature: Teaching the Language and Reading of Fiction
။ Sage။ p.
43။
ISBN
978-0-7619-4046-3
Poveda, Jaume Albero
(2003–2004).
Narrative Models in Tolkien's Stories of Middle-earth
(PDF).
Journal of English Studies
: 7–22
. Retrieved on
9 July 2008
Carpenter 1977
, p.
193
Rateliff 2007
, p.
64
O'Sullivan၊ Emer (2005)။
Comparative Children's Literature
။ Routledge။ p.
20
ISBN
978-0-415-30551-8
Carpenter 1981
, p.
159
Sammons၊ Martha C. (2010)။
War of the Fantasy Worlds: C.S. Lewis and J. R. R. Tolkien on Art and Imagination
။ Greenwood Publishing Group။ p.
ISBN
978-0-313-36282-8
Zipes၊ Jack
(2000)။
The Oxford Companion to Fairy Tales
။ Oxford University Press။ p.
525
ISBN
978-0-19-860115-9
Hunt၊ Peter; Hunt၊ Tristram (2000)။
Children's Literature
။ John Wiley & Sons။ p.
173 et seq။
ISBN
978-0-631-21141-9
Kümmerling-Meibauer၊ Bettina (1999)။
Klassiker der Kinder- und Jugendliteratur [The Classics of Children's and Juvenile Literature]
(Germanဘာသာစကားဖြင့်)။ 2 volumes set။ Metzler။ pp.
1078–1079။
ISBN
978-3-476-01235-7
CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (
link
Silvey၊ Anita (2002)။
The Essential Guide to Children's Books and Their Creators
။ Houghton Mifflin။ p.
448
ISBN
978-0-618-19082-9
Timmerman၊ John (1983)။
Other Worlds
။ Popular Press။ p.
52
ISBN
978-0-87972-241-8
Pienciak၊ Anne (1986)။
Book Notes: "The Hobbit"
။ Barron's Educational Series။ pp.
36–39
ISBN
978-0-8120-3523-0
Auden၊ W. H.
(2004)။ "The Quest Hero"။ in Rose A. Zimbardo and Neil D. Isaacs (ed.)။
Understanding the Lord of the Rings: The Best of Tolkien Criticism
။ Houghton Mifflin။ pp.
31–51
ISBN
978-0-618-42251-7
Helms၊ Randel (1976)။
Myth, Magic and Meaning in Tolkien's World.
။ Granada။ p.
45-55။
ISBN
978-0-415-92150-3
CS1 maint: ref=harv (
link
Amison, Anne
(July 2006).
An unexpected Guest. influence of William Morris on J. R. R. Tolkien's works
".
Mythlore
(95/96)
. Retrieved on
3 December 2017
Grenby 2008
, p.
98
Matthews, Dorothy (1975)။ "The Psychological Journey of Bilbo Baggins"။
A Tolkien Compass
။ Open Court Publishing။ pp.
27–40
ISBN
978-0-87548-303-0
Purtill၊ Richard L.
(2003)။
J. R. R. Tolkien: Myth, Morality, and Religion
။ Ignatius Press။ pp.
67
–68။
ISBN
978-0-89870-948-3
Helms၊ Randel (1976)။
Myth, Magic and Meaning in Tolkien's World
။ Granada။ pp.
45–55
ISBN
978-0-415-92150-3
Chance 2001
, pp.
53–56
Grenby 2008
, p.
162
Smith၊ Thomas (2005)။ "The Folly of the Wise"။ in Koivukoski၊ Toivo; Tabachnick၊ David (eds.)။
Confronting Tyranny: Ancient Lessons for Global Politics
။ Rowman & Littlefield။ pp.
217–218
ISBN
978-0-7425-4400-0
Clark၊ George; Timmons, Daniel (2000)။
J. R. R. Tolkien and His Literary Resonances: Views of Middle-earth
။ Greenwood Publishing Group။ pp.
85
–86။
ISBN
978-0-313-30845-1
Rateliff 2007
, pp.
603–609
Curry၊ Patrick (2004)။
Defending Middle-earth: Tolkien: Myth and Modernity
။ Mariner Books။ p.
98
ISBN
978-0-618-47885-9
Carpenter၊ Humphrey (1979)။
The Inklings: C. S. Lewis, J. R. R. Tolkien, Charles Williams and Their Friends
။ Boston: Houghton Mifflin။ p.
43
ISBN
978-0-395-27628-0
Shippey၊ Tom
(2001)။
J. R. R. Tolkien: Author of the Century
။ HarperCollins။ p.
41။
ISBN
978-0-261-10401-3
Rateliff 2007
, p.
534
Lobdell၊ Jared (1975)။
A Tolkien Compass
။ Open Court Publishing။ p.
106
ISBN
978-0-87548-303-0
Carpenter၊ Humphrey။
Review: Cover book: Tolkien and the Great War by John Garth
"၊ Times Newspapers Limited၊ 23 November 2003။
Croft, Janet Brennan
(2004).
'The young perish and the old linger, withering': J. R. R. Tolkien on World War II
".
Mythlore
24
Croft, Janet Brennan
(2002).
The Great War and Tolkien's Memory, an examination of World War I themes in The Hobbit and The Lord of the Rings
".
Mythlore
23
Zipes၊ Jack David
(August 1999)။
When Dreams Came True: Classical Fairy Tales and Their Tradition
။ Routledge။ p.
24
ISBN
978-0-415-92150-3
Tolkien 2003
, p.
18
Auden၊ W. H.
The Hero is a Hobbit
"၊ 31 October 1954
28 July 2008 တွင် ပြန်စစ်ပြီး
Tolkien၊ J. R. R. (1981)။ Humphrey Carpenter; Christopher Tolkien (eds.)။
The letters of J.R.R. Tolkien
။ Boston: Houghton Mifflin။
ISBN
978-0395315552
OCLC
7671235
FAQ: Did Tolkien win any awards for his books?
Tolkien Society
(2002)။
28 June 2008 တွင် ပြန်စစ်ပြီး။
Sullivan၊ C. W.; C. W. Sullivan (1996)။ "High Fantasy"။ in Hunt, Peter (ed.)။
International Companion Encyclopedia of Children's Literature
။ Taylor & Francis။ pp.
309–310
ISBN
978-0-415-08856-5
Kocher၊ Paul (1974)။
Master of Middle-earth, the Achievement of J. R. R. Tolkien
။ Penguin။ pp.
22–23။
Rateliff 2007
, p.
xi
Kocher၊ Paul (1974)။
Master of Middle-earth, the Achievement of J. R. R. Tolkien
။ Penguin။ pp.
31–32။
Tolkien၊ Christopher (1983)။
The History of Middle-earth: Vol 1 "The Book of Lost Tales 1"
။ George Allen & Unwin။ p.
7။
ISBN
978-0-04-823238-0
Jones၊ Nicolette။
What exactly is a children's book?
"၊ 30 April 2004
15 June 2008 တွင် ပြန်စစ်ပြီး
Archived from
the original
on 29 April 2011။
The Hobbit
Boys into Books (11–14)
Schools Library Association။
8 September 2008 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
4 January 2013 တွင် ပြန်စစ်ပြီး။
Carpenter 1981
, p.
131
Lawrence၊ Elizabeth T.
(1987)။
Glory Road: Epic Romance As An Allegory of 20th Century History; The World Through The Eyes Of J. R. R. Tolkien
Epic, Romance and the American Dream; 1987 Volume II
Yale-New Haven Teachers Institute။
15 June 2008 တွင် ပြန်စစ်ပြီး။
Zipes၊ Jack David
(1979)။
Breaking the Magic Spell: Radical Theories of Folk and Fairy Tales
။ University Press of Kentucky။ p.
173။
ISBN
978-0-8131-9030-3
Millard၊ Elaine (1997)။
Differently Literate: boys, Girls and the Schooling of Literacy
။ Routledge။ p.
164
ISBN
978-0-7507-0661-2
Tolkien 2003
, pp.
384–386
William L. Snyder
genedeitchcredits
Gene Deitch
(2012-01-06)။
15 January 2012 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
17 January 2012 တွင် ပြန်စစ်ပြီး။
Gene Deitch's 'The Hobbit' Short Film Surfaces Online Nearly 50 Years On
"၊
Huff Post Culture
၊ The Huffington Post၊ 11 January 2012
3 February 2012 တွင် ပြန်စစ်ပြီး
Kayatta၊ Mike
(9 January 2012)။
A Long Lost Adaptation of The Hobbit Makes Its Way Online
The Escapist
20 June 2017 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
17 January 2012 တွင် ပြန်စစ်ပြီး။
Lindrea၊ Victoria။
How Tolkien triumphed over the critics
"၊
BBC News
၊ 29 July 2004
24 July 2008 တွင် ပြန်စစ်ပြီး
Staino၊ Rocco
(28 July 2009)။
Tolkien's Heirs Want Production of 'The Hobbit' Film Stopped
School Library Journal
13 February 2012 တွင် ပြန်စစ်ပြီး။
Harlow၊ John။
Hobbit movies meet dire foe in son of Tolkien
"၊
The Times Online
၊ 25 May 2008
24 July 2008 တွင် ပြန်စစ်ပြီး
Cieply၊ Michael။
'The Rings' Prompts a Long Legal Mire
"၊
New York Times
၊ 16 February 2008
24 July 2008 တွင် ပြန်စစ်ပြီး
Andrews, Amanda။
Tolkien's family threatens to block new Hobbit film
"၊ 13 February 2008
23 November 2018 တွင် ပြန်စစ်ပြီး
Tolkien Trust v. New Line Cinema Corp.
FindLaw.com
(11 February 2008)။
23 March 2008 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
7 June 2008 တွင် ပြန်စစ်ပြီး။
"Legal path clear for Hobbit movie"
BBC News
၊ 8 September 2009
Bramlett၊ Perry C.; Joe R. Christopher (2003)။
I Am in Fact a Hobbit: An Introduction to the Life and Works of J. R. R. Tolkien
။ Mercer University Press။ p.
239
ISBN
978-0-86554-894-7
Kask, T. J.
(December 1977).
"NBC's The Hobbit".
Dragon
III
(6/7).
Media Release
Harbourfront Centre။
7 November 2017 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
10 February 2020 တွင် ပြန်စစ်ပြီး။
IMDb The Hobbit: An Unexpected Journey
21 December 2014 တွင် ပြန်စစ်ပြီး။
IMDb The Hobbit: The Desolation of Smaug
21 December 2014 တွင် ပြန်စစ်ပြီး။
IMDb The Hobbit: The Battle of Five Armies
21 December 2014 တွင် ပြန်စစ်ပြီး။
LocusMag Archive Page
Locus Online။
3 December 2017 တွင် ပြန်စစ်ပြီး။
Moore၊ Phil (1986)။
Using Computers in English: A Practical Guide
။ Routledge။ p.
44
ISBN
978-0-416-36180-3
ရင်းမြစ်များ
ပြင်ဆင်ရန်
Tolkien၊ J. R. R.
(1937)။
The Hobbit
။ London: George Allen & Unwin Ltd.။
, 1st edition
Tolkien၊ J. R. R. (1951)။
The Hobbit
(2nd ed.)။ London: George Allen & Unwin။
Tolkien၊ J. R. R. (1966)။
The Hobbit
(3rd ed.)။ Boston: Houghton Mifflin Company။
ISBN
978-0-395-07122-9
Tolkien၊ J. R. R.
(1988) [1937]။
Anderson၊ Douglas A.
(ed.)။
The Annotated Hobbit
Houghton Mifflin Company
ISBN
978-0-3954-7690-1
CS1 maint: ref=harv (
link
Tolkien၊ J. R. R. (2003) [1937]။ Anderson၊ Douglas A. (ed.)။
The Annotated Hobbit
။ London: HarperCollins။
ISBN
978-0-00-713727-5
CS1 maint: ref=harv (
link
Carpenter၊ Humphrey (1977)။
Carpenter, Humphrey: Tolkien: A Biography, New York
။ New York: Ballantine Books။
ISBN
0-04-928037-6
CS1 maint: ref=harv (
link
Carpenter၊ Humphrey (1981)။
Carpenter, Humphrey: The Letters of J. R. R. Tolkien
။ Boston: Houghton Mifflin။
ISBN
0-395-31555-7
CS1 maint: ref=harv (
link
Chance၊ Jane (2001)။
Tolkien's Art
။ Kentucky University Press။
ISBN
978-0-618-47885-9
CS1 maint: ref=harv (
link
Drout၊ Michael D. C.
, ed. (2007)။
J. R. R. Tolkien Encyclopedia: Scholarship and Critical Assessment
။ Routledge။
ISBN
978-0-4159-6942-0
CS1 maint: ref=harv (
link
Grenby၊ Matthew (2008)။
Children's Literature
။ Edinburgh University Press။
ISBN
978-0-618-47885-9
CS1 maint: ref=harv (
link
Wayne G၊ Hammond; Douglas A.၊ Anderson (1993)။
J. R. R. Tolkien: A Descriptive Bibliography
။ New Castle: DE: Oak Knoll Books။
ISBN
0-938768-42-5
CS1 maint: ref=harv (
link
Lobdell၊ Jared C. (2004)။
The World of the Rings: Language, Religion, and Adventure in Tolkien
Open Court
ISBN
978-0-8126-9569-4
CS1 maint: ref=harv (
link
Rateliff၊ John D. (2007)။
The History of the Hobbit
။ London: HarperCollins။
ISBN
978-0-00-723555-1
CS1 maint: ref=harv (
link
Elizabeth၊ Solopova (2009)။
Languages, Myths and History: An Introduction to the Linguistic and Literary Background of J.R.R. Tolkien's Fiction
။ New York City:: North Landing Books။
ISBN
0-9816607-1-1
CS1 maint: extra punctuation (
link
) CS1 maint: ref=harv (
link
St. Clair၊ Gloriana
(2000)။
Tolkien's Cauldron: Northern Literature and The Lord of the Rings
Carnegie Mellon University။
Matthews, Dorothy (1975)။ "The Psychological Journey of Bilbo Baggins"။
A Tolkien Compass
။ Open Court Publishing။ pp.
27–40
ISBN
978-0-87548-303-0
Tom၊ Shippey (2001)။
J. R. R. Tolkien: Author of the Century
။ HarperCollins။
ISBN
ISBN 978-0-261-10401-3
isbn=
တန်ဖိုး invalid character စစ်ဆေးရန် (
အကူအညီ
no-break space character in
isbn=
at position 5 (
အကူအညီ
CS1 maint: ref=harv (
link
Sullivan၊ C. W (1996)။
"High Fantasy". In Hunt, Peter (ed.). International Companion Encyclopedia of Children's Literature
။ Taylor & Francis။
ISBN
978-0-415-08856-5
CS1 maint: ref=harv (
link
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်
ဝီကီမီဒီယာ ကွန်မွန်းစ်တွင်
ဟော့ဘစ်
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
ဝီကီကိုးကားချက်တွင်
ဟော့ဘစ်
နှင့်ပတ်သက်သော အဆိုအမိန့်များ ရှိသည်။
The official Harper-Collins Tolkien website
Collection of edition covers, 1937–2007
The Hobbit
covers around the globe
– gallery
Every UK edition of
The Hobbit
Guide to U.S. editions of Tolkien books including
The Hobbit
" မှ ရယူရန်
ကဏ္ဍများ
CS1 maint: ref=harv
CS1 maint: extra punctuation
CS1 အမှားများ: invisible characters
၂၀ ရာစု ဗြိတိသျှ ကလေးစာပေ
နိုင်ငံတကာ စာအုပ်များ
ဗြိတိသျှ စာပေ
ဝှက်ထားသော ကဏ္ဍများ:
အင်္ဂလိပ်ဘာသာစကား ပါဝင်သော ဆောင်းပါးများ
Lang-xx တမ်းပလိတ် အသုံးပြုထားသော စာမျက်နှာများ
CS1: long volume value
CS1 maint: အသိအမှတ်မပြုသော ဘာသာစကား
CS1 အမှားများ: ISBN
Commons link is locally defined
ဟော့ဘစ်
အကြောင်းအရာအသစ် ထပ်ထည့်ရန်
US