| Arabic | |
|---|---|
| اَلْعَرَبِيَّةُ al-ʿarabiyyah | |
| အသံထွက် | /ˈʕarabiː/, /alʕaraˈbijːa/ |
| ဒေသခံ | Countries of the Arab League, minorities in neighboring countries and some parts of Asia, Africa, Europe |
| လူမျိုးစု | Arabs and several peoples of the MENA region (as a result of language shift) |
ဒေသခံ ပြောဆိုသူများ | ၃၆၀ million native speakers of all varieties (2022)[၁] ၂၇၀ million L2 users of Modern Standard Arabic (2022)[၂] |
အစောပိုင်းပုံစံများ | |
စံပုံစံများ | |
| ဒေသိယစကား | |
| Signed Arabic (different national forms) | |
| တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု |
International Organizations |
လူနည်းစု ဘာသာစကားအဖြစ် | |
| တရားဝင်ထိန်းသိမ်းသူ | |
| ဘာသာစကားကုဒ်များ | |
| ISO 639-1 | ar |
| ISO 639-2 | ara |
| ISO 639-3 | ara – ပါဝင်သော ကုဒ်သီးခြားကုဒ်များ: arq – Algerian Arabic aao – Algerian Saharan Arabic xaa – Andalusian Arabic bbz – Babalia Creole Arabic abv – Baharna Arabic shu – Chadian Arabic acy – Cypriot Arabic adf – Dhofari Arabic avl – Eastern Egyptian Bedawi Arabic arz – Egyptian Arabic afb – Gulf Arabic ayh – Hadrami Arabic mey – Hassaniya Arabic acw – Hijazi Arabic ayl – Libyan Arabic acm – Mesopotamian Arabic ary – Moroccan Arabic ars – Najdi Arabic apc – Levantine Arabic ayp – North Mesopotamian Arabic acx – Omani Arabic aec – Saidi Arabic ayn – Sanaani Arabic ssh – Shihhi Arabic sqr – Siculo Arabic arb – Standard Arabic apd – Sudanese Arabic pga – Sudanese Creole Arabic acq – Taizzi-Adeni Arabic abh – Tajiki Arabic |
| Glottolog | arab1395[၁၂] |
| Linguasphere | 12-AAC |
majority language (dark blue); minority language (light blue) | |
| ဤဆောင်းပါးတွင် IPA အသံထွက် သင်္ကေတများ ပါဝင်သည်။ မှန်ကန်သော ထောက်ပံ့မှုမရှိပါက ယူနီကုဒ်စာလုံးများအစား ? များ၊ လေးထောင့်ကွက်များနှင့် အခြားသင်္ကေတများ မြင်နေရနိုင်သည်။ IPA သင်္ကေတများ မိတ်ဆက်ကို Help:IPA တွင် ကြည့်ပါ။ | |
အာရပ်ဘာသာစကား (သို့) အာရဗီဘာသာစကား(اَلْعَرَبِيَّةُ, al-ʿarabiyyah [al ʕaraˈbijːa] (
နားဆင်); عَرَبِيّ, ʿarabī [ˈʕarabiː] (
နားဆင်) (သို့) [ʕaraˈbij])သည် (၆) ရာစုနှစ် ဂန္ထဝင် အာရပ် ဘာသာစကားမှ ဆင်းသက်လာသော ဘာသာစကားများကို ခေါ်ပြီး အစ္စလာမ် ဘာသာဝင် တို့၏ ကုရ်အာန်ကျမ်း စာအုပ်တွင် အဓိက အသုံးပြုသော ဘာသာစကား ဖြစ်သည်။ အာရပ်ဘာသာ စကားတွင် စာပေဆိုင်ရာ အာရပ်ဘာသာစကား နှင့် စကားပြောဆိုရာတွင် အသုံးပြုသော အာရပ်စကား မျိုးကွဲ အမြောက်အမြား ပါဝင်သည်။ စာပေဆိုင်ရာ ဘာသာစကား ဆိုသည်မှာ ယနေ့ခေတ် စံအဖြစ် သုံးနှုန်းကြသော အာရပ်ဘာသာစကား၊ စာရွက်စာတမ်းများ ရေးသားရာတွင် လည်းကောင်း၊ လက်ချာ နှင့် ရေဒီယို အသံလွှင့်ခြင်းတို့ အစရှိသည့် နေရာများတွင် လည်းကောင်း အသုံးပြုကြသည့် စကားကို ဆိုလိုသည်။ အာရပ်စကားမျိုးကွဲများကို ပြောဆိုကြသူများမှာ အရှေ့အလယ်ပိုင်းမှ အာဖရိက မြောက်ပိုင်းအထိ ဖြန့်ကျက် တည်ရှိသည်။[၁၃]
အာရပ် ဘာသာစကား သည် သံခေတ် အနောက်မြောက် အာရေးဘီးယား ကျွန်းစွယ်မှ ဦးစွာ ပေါ်ထွက်လာသော ဗဟို ဆစ်မစ်တစ် (Semitic) ဘာသာစကား တစ်ခု ဖြစ်ပြီး၊ အာရပ် ကမ္ဘာ၏ အများသုံး ဘာသာစကား ဖြစ်သည်။ အရှေ့ဘက်တွင် မက်ဆိုပိုတေးမီးယား (Mesopotamia) မှ အနောက်ဘက်တွင် လက်ဘနွန် (Anti-Lebanon) တောင်တန်း များ၊ အာရေးဘီးယား အနောက်မြောက် နှင့် ဆိုင်းနိုင်း (Sinai) ကျွန်းစွယ် တို့တွင် နေထိုင်သော အာရပ်လူမျိုးများကို အစွဲပြု၍ အာရပ် ဘာသာစကား ဟု ခေါ်ကြသည်။ အာရပ် ဘာသာစကား သည် ယနေ့ခေတ် မျိုးကွဲ ဘာသာစကားပေါင်း ၃၀ ပါဝင်သော ဘာသာစကား အုပ်စုကြီး (macrolanguage) ဖြစ်သည်။ ၎င်း ၃၀ အထဲတွင် ဂန္ထဝင် အာရပ် (Classical Arabic) ဘာသာစကားမှ ဆင်းသက်လာသော ခေတ်သစ် စံပြု အာရပ် (Modern Standard Arabic) စကား လည်း ပါဝင်သည်။[၁၄][၁၅][၁၆]
ခေတ်သစ် စံပြု အာရပ် စကားကို ကျောင်းများ နှင့် တက္ကသိုလ်များတွင် သင်ကြားလျက် ရှိပြီး၊ လုပ်ငန်းခွင် အတွင်း၊ အစိုးရ ကိစ္စရပ်များ နှင့် မီဒီယာတို့တွင် အသုံးပြုလျက် ရှိသည်။ ခေတ်သစ် စံပြု အာရပ် စကားနှင့် ဂနၴဝင် အာရပ် စကား တို့ နှစ်မျိုးကို စာပေ အာရပ် (Literary Arabic) စကားဟု သတ်မှတ်ပြီး၊ ၎င်းတို့ကို နိုင်ငံ ၂၆ နိုင်ငံ၏ ရုံးသုံး စကား အဖြစ် သတ်မှတ် ထားကာ အစ္စလာမ် ၏ ဘာသာရေး စာပေ အနေဖြင့်လည်း အသုံးပြုသည်။ ခေတ်သစ် စံပြု အာရပ် စကားသည် ဂန္ထဝင် အာရပ် စကား၏ သဒ္ဒါ ရေးထုံးအတိုင်း ဖြစ်ပြီး၊ တူညီသော ဝေါဟာရ များစွာကို သုံးထားသည်။ သို့သော် ယနေ့ခေတ်တွင် မည်သည့်နည်း နှင့်မျှ မသုံးတော့သော သဒ္ဒါရေးထုံးနှင့် ဝေါဟာရများကိုမူ စွန့်ပယ်ထားပြီး၊ လျော်ညီသော ရေးထုံး၊ အသုံးအနှုန်းများကို ပြန်လည် ထည့်သွင်း ထားသည်။ ဝေါဟာရ အသစ်များကို ဂန္ထဝင် ခေတ်လွန်၊ အထူးသဖြင့် ခေတ်သစ်တွင် ပေါ်ပေါက်လာသော အယူအဆများကို ဖော်ညွှန်းရာတွင် သုံးသည်။[၁၇]
အလယ်ခေတ်တွင် စာပေ အာရပ် စကားသည် ဥရောပ ယဉ်ကျေးမှု ၏ အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်ပြီး၊ အထူးသဖြင့် သိပ္ပံ၊ သင်္ချာနှင့် ဒဿနိကဗေဒ တို့တွင် ဖြစ်သည်။ ထို့သို့ဖြင့် ဥရောပ ဘာသာစကား များစွာသည် အာရပ် စကားလုံး များကို မွေးစား သုံးစွဲလာကြသည်။ ပထမအားဖြင့် စပိန် စကားနှင့် ဒုတိယ အားဖြင့် ပေါ်တူဂီ၊ ဗလန်ရှန် (Valencian) နှင့် ကာတလန် (Catalan) စကားတို့တွင် တွေ့မြင်နိုင်သည်။ ထို ဘာသာစကားများ ပြောဆိုရာ ဒေသ အိုင်ဘေးရီးယန်း (Iberian) ကျွန်းစွယ် သည် ခရစ်ယာန် ဥရောပနှင့် မူစလင် အာရပ် ယဉ်ကျေးမှုတို့၏ ပေါင်းဆုံရာ၌ တည်ရှိပြီး၊ အာရပ် ယဉ်ကျေးမှု နှင့် ဘာသာစကား တို့၏ လွှမ်းမိုးမှု အောက်တွင် နှစ် ၈၀၀ ကျော် တည်ရှိခဲ့သောကြောင့် ဖြစ်သည်။ ဆီစီလီ (Sicily) ကျွန်းတွင်လည်း ၉ ရာစု အလယ်မှ ၁၀ ရာစု အလယ်ထိ မြောက် အာဖရိကမှ အာရပ်တို့ သိမ်းပိုက် လွှမ်းမိုးခဲ့သောကြောင့် ဆီစီလီယန် (Sicilian) စကားတွင်လည်း အာရပ် မွေးစား စကားလုံး ၅၀၀ ခန့် တွေ့မြင်နိုင်သည်။ မွေးစား စကားလုံး အများစုသည် လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက် ဆက်နွယ်နေသော စကားလုံးများ ဖြစ်သည်။ ဂရိ နှင့် ဘူလ်ဂေးရီးယန်း (Bulgarian) တို့ အပါအဝင် ဘော်လ်ကန် (Balkan) စကားများသည်လည်း အော်တိုမန် တူရကီ (Ottoman Turkish) စကားမှ တစ်ဆင့် အာရပ် စကားလုံး အမြောက်အမြားကို မွေးစား အသုံးပြုခဲ့ကြသည်။[၁၈]
အာရပ် စကားသည် ၎င်း၏ သမိုင်း တစ်လျှောက်တွင် ကမ္ဘာ အနှံ့မှ ဘာသာစကား များ အပေါ်တွင် လွှမ်းမိုးမှု ရှိခဲ့သည်။ အထူးသဖြင့် ပါရှန် (Persian)၊ တူရကီ (Turkish)၊ စပိန်၊ အူရဒူ (Urdu)၊ ကတ်ရှ်မီးယား (Kashmiri)၊ ကာဒ် (Kurdish)၊ ဘော့စနီးယား (Bosnian)၊ ကာဇက် (Kazakh)၊ ဘင်္ဂါလီ၊ ဟိန္ဒီ၊ မလေး၊ မော်လ်ဒိုက် (Maldivian)၊ အင်ဒိုနီးရှား၊ ပထန် (Pashto)၊ ပန်ချာပီ၊ ဖိလစ်ပိုင် (Tagalog)၊ ဆင်ဒီ(Sindhi)၊ ဟော်စာ (Hausa) နှင့် အာဖရိက ဘာသာစကား အချို့တို့ အပေါ်တွင် ဖြစ်သည်။ အပြန်အလှန် အားဖြင့် အာရပ် စကားသည် အခြား ဘာသာစကားများမှ စကားလုံးများကိုလည်း မွေးစား သုံးစွဲ ခဲ့သည်။ အထူးသဖြင့် အလယ်ခေတ်တွင် ဂရိနှင့် ပါရှန် စကားလုံးများ၊ ယနေ့ခေတ်တွင် အင်္ဂလိပ်နှင့် ပြင်သစ် စကားလုံးများမှ ဖြစ်သည်။[၁၉][၂၀]
ဂန္ထဝင် အာရပ် စကားသည် မူစလင် သန်း ၁၈၀၀ တို့၏ ဘာသာရေး စာပေ ဖြစ်ပြီး၊ ခေတ်သစ် စံပြု အာရပ် စကားသည် ကုလသမဂ္ဂ၏ ရုံးသုံး ဘာသာစကား ၆ခု ထဲတွင် ပါဝင်သည်။ မျိုးကွဲ အာရပ်စကားများ စုပေါင်း၍ ပြောဆိုသုံးစွဲသူ အရေအတွက် သည် အာရပ် ကမ္ဘာတွင် (၄၂၂) သန်း ရှိပြီး၊ ကမ္ဘာ့ ပဉ္စမမြောက် လူသုံးအများဆုံး ဘာသာစကား ဖြစ်သည်။ အာရပ် စကားကို ယာမှ ဝဲသို့ အတ်ဘ်ဂျတ်ဒ် (abjad) ရေးထုံး (script) တစ်ခုဖြစ်သော အာရပ်အက္ခရာ ဖြင့် ရေးသားသည်။ မျိုးကွဲ စကားများကို ရေးထုံး စံသတ်မှတ်ထားခြင်း မရှိပဲ ဝဲမှ ယာသို့ လက်တင် (Latin) အက္ခရာဖြင့် ရေးသည်။[၂၁][၂၂][၂၃][၂၄][၂၅]
အာရပ် ဘာသာစကားသည် ဗဟို ဆစ်မစ်တစ် ဘာသာစကား တစ်ခုဖြစ်ပြီး၊ အနောက်မြောက် ဆစ်မစ်တစ် ဘာသာစကားများ ( အဲရာမေးယစ် (Aramaic) ၊ ဟီဘရူး (Hebrew) ၊ ယူဂါရစ်တစ် (Ugaritic) ၊ ဖီနစ်ရှန် (Phoenician) ) ရှေးဟောင်း တောင်ပိုင်း အာရေးဘီးယား ဘာသာစကားများ၊ ဒတ်ဒန်နစ်တစ် (Dadanitic) ကဲ့သို့သော အခြား အာရေးဘီးယား ဆစ်မစ်တစ် ဘာသာစကားများနှင့် နီးကပ်စွာ ဆက်နွယ်လျက် ရှိသည်။ ဆစ်မစ်တစ် ဘာသာစကားများသည် အကြို ဆစ်မစ်တစ် (Proto-Semitic) အဆင့် မှ ဗဟို ဆစ်မစ်တစ် ဘာသာစကား အဆင့်သို့ ပြောင်းလဲရာတွင် သဒ္ဒါပိုင်းတွင် သိသာ ထင်ရှားခဲ့သည်။
ဂန္ထဝင် အာရပ် ဘာသာစကား၊ ခေတ်သစ် အာရပ် မျိုးကွဲများ၊ နှင့် ဆဖိုက်တစ် (Safaitic) နှင့် ဟစ္စမစ် (Haismic) ထွင်းစာလုံး များ (inscription) ၎င်းတို့ အားလုံးတွင် တူညီသည့် အချက်များ ရှိကြသည်။ ထို တူညီချက်များသည် ဒါဒါနိုက်တစ် နှင့် ဟီဂျက်ဇ် (Hejaz) မြောက်ပိုင်း မှ တေမာနိုက်တစ် (Taymanitic) စကားများ ကဲ့သို့သော အခြား ဗဟို ဆစ်မစ်တစ် စကားများတွင် မတွေ့ရချေ။ ၎င်းတူညီချက်များ ကြောင့်ပင် အာရပ် ဘာသာစကား သည် ဘိုးဘေး ဘာသာစကား ဖြစ်သော အကြို အာရပ် (Proto - Arabic) စကားမှ ဆင်းသက်လာဖွယ် ရှိသည်ဟု ယူဆရသည်။
အာရေးဘီးယား သည် ရှေးပဝေသဏီ ကာလများဆီက ဆစ်မစ်တစ် ဘာသာစကား မျိုးကွဲပေါင်းစုံ ဖြင့် ပြည့်နှက်လျက် ရှိသည်။ အာရေးဘီးယား အနောက်တောင် ပိုင်းတွင် အမျိုးမျိုးသော ဗဟို ဆစ်မစ်တစ် စကားများကို ပြောဆို သုံးစွဲကြသည်။ (ဗဟို ဆစ်မစ်တစ် ဘာသာစကား အနွယ်ဝင် မဟုတ်သော) ခေတ်သစ် တောင်ပိုင်း အာရေးဘီးယား ဘာသာစကားများ၏ ရှေးဦး စကားများသည်လည်း အာရေးဘီးယား တောင်ပိုင်းတွင် ပြောဆိုသုံးစွဲ ခဲ့ကြမည်ဟု ယုံကြည်ရသည်။ မြောက်ဘက်ခြမ်း၊ ဟီဂျက်ဇ် မြောက်ပိုင်း အိုအေစစ် များတွင် ဒါဒါနိုက်တစ် နှင့် တေမာနိုက်တစ် ကဲ့သို့သော ထွင်းစာလုံး ဘာသာစကားများ (inscription languages) ကို သုံးစွဲခဲ့ကြသည်။ နတ်ဂျ်ဒ် (Nejd) နှင့် အာရေးဘီးယား အနောက် ပိုင်း ဒေသတချို့ မှာတော့ သာမူဒစ် စီ (Thamudic C) ဘာသာစကားကို သုံးစွဲခဲ့ကြသည်။ အာရေးဘီးယား အရှေ့ပိုင်းမှာတော့ ဟဆိုက်တစ် (Hasaitic) ထွင်းစာလုံးကို သုံးစွဲကြသည်။ အာရေးဘီးယား ၏ အနောက်မြောက် နယ်စပ် ဒေသများတွင် သာမူဒစ် ဘီ၊ သာမူဒစ် စီ၊ ဆဖိုက်တစ်၊ ဟစ္စမစ် ဘာသာစကားများကို သုံးစွဲကြသည်။ ဆဖိုက်တစ် နှင့် ဟစ္စမစ် စကားများသည် နှောင်းပိုင်း အာရပ် စကားနှင့် အသုံးအနှုန်း အချို့ တူညီပြီး၊ ၎င်းတို့ကို ရှေးဟောင်း အာရပ် ဘာသာစကား များဟု ခေါ်ဆို၍ ရသည်။
အေဒီ ၁ ရာစုနှစ် မှစ၍၊ မြောက်ပိုင်း ရှေးဟောင်း အာရပ် စကားများကို အာရေးဘီးယား မြောက်ပိုင်း တစ်လျှောက်တွင် နဲဘတီးန် (Nabataean) ရေးထုံးများဖြင့် ရေးသားလာကြသည်။ အေဒီ ၄ ရာစု အရောက်တွင် နဲဘတီးန် အရာမစ် (Nabataean Aramaic) ရေးထုံးများသည် မူလ နဲဘတီးန် စကားထက် အာရပ်စကားများကို ရေးသားရာတွင် အသုံးပြုလာကြသည်။
- ↑ တမ်းပလိတ်:E25
- ↑ တမ်းပလိတ်:E25
- ↑ "Speaking Arabic, Writing Hebrew. Linguistic Transitions in Christian Arab Communities in Israel" (2016). Wiener Zeitschrift für die Kunde des Morgenlandes 106: 223–224. University of Vienna.
- ↑ "Eritrea"၊ The World Factbook (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ Central Intelligence Agency၊ 2023-04-26၊ 21 January 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ 2023-04-29 တွင် ပြန်စစ်ပြီး
- ↑ Implementation of the Charter in Cyprus။ Public Foundation for European Comparative Minority Research။ 24 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2013 တွင် ပြန်စစ်ပြီး။
- ↑ Basic Law: Israel - The Nation State of the Jewish People။ Knesset (2018-07-19)။ 10 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-01-13 တွင် ပြန်စစ်ပြီး။
- ↑ Mali။ 2023-04-29 တွင် ပြန်စစ်ပြီး။
- ↑ Niger : Loi n° 2001-037 du 31 décembre 2001 fixant les modalités de promotion et de développement des langues nationales (in fr)။ 2023-04-29 တွင် ပြန်စစ်ပြီး။
- ↑ Constitution of the Philippines, Article XIV, Sec 7: For purposes of communication and instruction, the official languages of the Philippines are Filipino and, until otherwise provided by law, English. The regional languages are the auxiliary official languages in the regions and shall serve as auxiliary media of instruction therein. Spanish and Arabic shall be promoted on a voluntary and optional basis.
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedHassaniyaAlphabet - ↑ The Constitution of the Republic of South Africa (PDF) (2013 English version ed.)။ Constitutional Court of South Africa။ 2013။ ch. 1, s. 6။ 23 August 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ 17 April 2020 တွင် ပြန်စစ်ပြီး။
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Arabic"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ Macdonald၊ Michael C. A.။ "Arabians, Arabias, and the Greeks_Contact and Perceptions"။ Literacy and Identity in Pre-Islamic Arabia (အင်္ဂလိပ်ဘာသာစကားဖြင့်)။ pp. 16–17။ ISBN 9781003278818။ 27 June 2023 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 7 June 2023 တွင် ပြန်စစ်ပြီး။
- ↑ al-Sharkawi၊ Muhammad (2016)။ History and Development of the Arabic Language။ Taylor & Francis။ p. xvi။ ISBN 978-1-317-58863-4။ OCLC 965157532။
- ↑ Qwaider၊ Chatrine; Abu Kwaik၊ Kathrein (2022)။ Resources and Applications for Dialectal Arabic: the Case of Levantine။ University of Gothenburg။ pp. 136, 139။ ISBN 978-91-8009-803-8။
- ↑ Schmitt၊ Genevieve A. (2020)။ "Relevance of Arabic Dialects: A Brief Discussion"။ in Brunn၊ Stanley D.; Kehrein၊ Roland (eds.)။ Handbook of the Changing World Language Map။ Springer။ p. 1391။ doi:10.1007/978-3-030-02438-3_79။ ISBN 978-3-030-02438-3။ OCLC 1126004175။ S2CID 242212666 ။
- ↑ Al‐Wer၊ Enam; Jong၊ Rudolf (2017)။ "Dialects of Arabic"။ in Boberg၊ Charles; Nerbonne၊ John; Watt၊ Dominic (eds.)။ The Handbook of Dialectology။ Wiley။ p. 525။ doi:10.1002/9781118827628.ch32။ ISBN 978-1-118-82755-0။ OCLC 989950951။
- ↑ World၊ I. H.။ Arabic (in en)။ 2021-07-07 တွင် ပြန်စစ်ပြီး။
- ↑ Wright (2001:492)
- ↑ What are the official languages of the United Nations? - Ask DAG! (in en)။ 5 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-12-21 တွင် ပြန်စစ်ပြီး။
- ↑ Arabic language (in en)။ 2022-09-17 တွင် ပြန်စစ်ပြီး။
- ↑ Documentation for ISO 639 identifier: ara။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2018 တွင် ပြန်စစ်ပြီး။
- ↑ jrb | ISO 639-3။ 2022-09-06 တွင် ပြန်စစ်ပြီး။
- ↑ Al-Jallad, Ahmad (December 2021). "Connecting the Lines between Old (Epigraphic) Arabic and the Modern Vernaculars" (in en). Languages 6 (4): 173. doi:10.3390/languages6040173. ISSN 2226-471X.
- ↑ Edzard၊ Lutz (2011-05-30)၊ "Convergence"၊ Encyclopedia of Arabic Language and Linguistics (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ Brill၊ 2022-09-17 တွင် ပြန်စစ်ပြီး