၂၀၂၆ အီရန်စစ်ပွဲသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများနှင့် အရေးပါသော နေရာအတော်များများကို အလစ်အငိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei) နှင့် အဆင့်မြင့်အရာရှိ အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းလုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်မှလည်း အစ္စရေးနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပါသည်။
အစ္စရေးနှင့် အီရန်၏ မဟာမိတ်လက်နက်ကိုင်အဖွဲ့များသည် ၁၉၈၅ ခုနှစ်မှစ၍ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တိုက်ရိုက်ထိပ်တိုက်တွေ့မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် "၁၂-ရက်ကြာစစ်ပွဲ" အဖြစ် ထင်ရှားခဲ့သည့် အီရန်–အစ္စရေး စစ်ပွဲ ဖြစ်ပွားခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် အီရန်၏ နျူကလီးယားစက်ရုံများကို ဖျက်ဆီးရန် ရည်ရွယ်သော တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။
တိုက်ခိုက်မှုမဖြစ်ပွားမီ တစ်လခွဲခန့်အလိုတွင် အီရန်နိုင်ငံ၌ အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း ယနေ့ခေတ် အီရန်သမိုင်းတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် သတ်မှတ်ခံရသည့် အကြီးမားဆုံးဆန္ဒပြမှုအတွင်း အရပ်သားထောင်နှင့်ချီ သေဆုံးခဲ့သည်။ ထို့နောက် ဒေါ်လ်နယ်ထရမ့်က “အကူအညီရောက်လာမည်” ဟု ပြောကြားခဲ့သည်။
တိုက်ခိုက်မှုမတိုင်မီက အမေရိကန်ပြည်ထောင်စုသည် အရှေ့အလယ်ပိုင်းဒေသတွင် ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်မှုနောက်ပိုင်း အကြီးမားဆုံး စစ်အင်အားတိုးချဲ့ချထားမှုကို ပြုလုပ်ခဲ့သည်။[၃]
ဤပဋိပက္ခကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ရုတ်ခြုံ့မြင့်တက်လာခြင်း၊ လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်ပေါ်ခြင်းနှင့် ဘဏ္ဍာရေးဈေးကွက်အတွင်း မတည်ငြိမ်မှုများ ပိုမိုမြင့်မားလာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ အီရန်နိုင်ငံသည် ၎င်း၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်ခဲ့ပြီး စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကိုလည်း တိုက်ခိုက်ခဲ့သည်။ ယင်းလုပ်ရပ်သည် ပင်လယ်ပြင်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြပြီး[၄][၅] ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများကိုလည်း ပြတ်တောက်စေခဲ့သည်။[၆]
အီရန်၊ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် ဧပြီလ ၈ ရက်နေ့မှစတင်၍ သီတင်းပတ်နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှု ပထမနေ့ကို မြို့တော် တီဟီရန်မြို့ ၊ ကွမ်မြို့၊ ကာရာ့မြို နှင့် ကာမန်ရှားမြို့များတွင် စတင်ခဲ့သည်။
အီရန်အစိုးရ၏ ထိပ်တန်းတာဝန်ရှိသူအချို့ သေဆုံးခဲ့ပြီး အယာတိုလာ အလီ ခါမေနီ လည်း ပါဝင်ခဲ့သည်။၎င်း၏ နေအိမ်နှင့် ရုံးစခန်းလည်း ဖျက်ဆီးခံခဲ့ရသည်။
ပေါက်ကွဲမှုများကို တွေ့မြင်ရပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီး သည် အစ္စရေးစစ်တပ် ၏ တိုက်ခိုက်မှုဖြစ်ကြောင်း အစောဆုံး အတည်ပြုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ကလည်း Truth Social တွင် တင်ထားသော ဗီဒီယိုမှတစ်ဆင့် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို ပူးတွဲတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပြီး၊နောက်ပိုင်းတွင် အယာ တိုလာ အလီ ခါမေနီ သေဆုံးပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ကြေညာခဲ့သည်။
နောက်ပိုင်းတွင် အီရန်နိုင်ငံပိုင် ရုပ်သံက အယာတိုလာ အလီ ခါမေနီ သေဆုံးသတင်းကို ကြေညာပြီး ဝမ်းနည်းကာလ ရက်(၄၀) သတ်မှတ်ခဲ့သည်။
လက်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံသည် ပါရှန့် ပင်လယ်ကွေ့ ဒေသတစ်လျှောက်တွင် ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်များ ဒါဇင်နှင့်ချီ ပစ်လွှတ်ခဲ့ပြီး အစ္စရေး နှင့် အမေရိကန်ပြည်ထောင်စု တို့၏ စစ်အခြေစိုက်စခန်းများကိုလည်း ပစ်မှတ်ထားခဲ့သည်။
အီရန်၏ တိုက်ခိုက်မှုများသည် ဂျော်ဒန်၊ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အီရတ်၊ ဆူဒန်၊ဆော်ဒီ နှင့် ယူအေအီး တို့ရှိ စစ်အခြေစိုက်စခန်းများသို့ သက်ရောက်မှုရှိခဲ့သည်။
ထို့အပြင် အီရန်သည် ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် အရပ်ဘက်လေကြောင်းသုံး အခြေခံအဆောက်အအုံများကိုပါ တိုက်ခိုက်ခဲ့သည်။
ယီမင်နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သည့် ယီမင်ပြည်တွင်းစစ်တွင် ပါဝင်နေသော အစ္စလာမ္မစ်နိုင်ငံရေး–စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်သည့် ဟူသီသူပုန်အဖွဲ့ကလည်း ပင်လယ်နီ ဒေသတွင် ၎င်းတို့၏ တိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု ကြေညာခဲ့သည်။
တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြား ကို ပိတ်ဆို့လိုက်ခြင်းကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်မှုများ အနှောင့်အယှက်ဖြစ်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် က စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ အီရန် ၏ ဒုံးကျည်နှင့် စစ်ရေးစွမ်းရည်များကို ဖျက်ဆီးရန်၊ အီရန်နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တားဆီးရန်နှင့် နောက်ဆုံးတွင် အစိုးရပြောင်းလဲရေးကို ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် မတ်လ ၁ ရက်တွင် ထရမ့်က ယင်းစစ်ဆင်ရေးသည် ရည်မှန်းချက်များ ပြီးမြောက်ရန် တစ်လ သို့မဟုတ် ယင်းထက်နည်းသော အချိန်ယူမည်ဟု ခန့်မှန်းခဲ့သော်လည်း အဆိုပါ ရည်မှန်းချက်များသည် ပြောင်းလဲနိုင်ကြောင်း ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ နှင့် စစ်ပွဲတွင် မပါဝင်သည့် တရုတ် နှင့် ရုရှား အပါအဝင် နိုင်ငံအချို့က အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်မှုကို ထိခိုက်စေသည်ဟုဆိုကာ ကနဦးတိုက်ခိုက်မှုများကို ရှုတ်ချခဲ့ကြသည်။ အချို့နိုင်ငံများကလည်း အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ဒေသတွင်းရှိ အမေရိကန်မဟာမိတ်နိုင်ငံများကို ပစ်မှတ်ထားခြင်းအပေါ် ဝေဖန်ခဲ့ကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါလုပ်ရပ်ကို အနောက်အုပ်စု၏ ဖိအားပေးမှုများကို လက်မခံသည့် အစိုးရတစ်ရပ်အား ဖြုတ်ချရန် ကြိုတင် ကြံစည်ထားသည့် အကြောင်းမဲ့ ကျူးကျော်မှုအဖြစ် ပြင်းထန်စွာ ရှုတ်ချသည်။
စစ်ဆင်ရေးကို ဝေဖန်သူများက အမေရိကန်ပြည်ထောင်စု၏ လုပ်ဆောင်ချက်သည် အမေရိကန်ပြည်တွင်းဥပဒေအရ တရားမဝင်ကြောင်းနှင့် နိုင်ငံတကာဥပဒေအရ အီရန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။ သို့သော် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ထိုစွပ်စွဲချက်များကို လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။
အယာတိုလာ အလီ ခါမေနီ သေဆုံးမှုနှင့် ဆက်စပ်၍ ကမ္ဘာတစ်ဝန်းရှိ အီရန်လူမျိုးများသည် အောင်ပွဲအထိမ်းအမှတ်စုရုံးပွဲများ ပြုလုပ်ခဲ့ကြပြီး အီရန်နိုင်ငံအတွင်း ဆန္ဒပြမှုများလည်း ပိုမိုမြင့်တက်လာခဲ့သည်။တစ်ဖက်တွင်လည်း အယာတိုလာ အလီ ခါမေနီ ထောက်ခံသူများ၏ ဝမ်းနည်းပူဆွေးမှုတို့သည်လည်း ဖြစ်ပေါ်ခဲ့ကြသည်။
အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် က ထိုရာဇဝတ်မှုအတွက် ကျူးလွန်သူများကို ပြင်းထန်စွာ တုံ့ပြန်လက်စားချေသွားမည်ဟု ကတိပြုခဲ့ပြီး၊စစ်ရေးတုံ့ပြန်မှုများ ဆောင်ရွက်ခဲ့သည်။
အီရန်ကို တိုက်ခိုက်မှုအား လက်တုံ့ပြန်မှုအနေဖြင့် အမေရိကန်အခြေစိုက် စခန်းများအား လက်ခံထားရာ ပင်လယ်ကွေ့နိုင်ငံများ အပါအဝင် အစ္စရေးနှင့် တခြားနိုင်ငံ ၇ နိုင်ငံကို ၂ ရက်အတွင်း ဒုံးကျည်အစင်း ၄၀၀၊ ဒရုန်းအစင်း ၈၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အီရန်အစိုးရက ပြောဆိုခဲ့သည်။
အီရန် အထွတ်အထိပ်ခေါင်းဆောင် အလီခါမေနီ သတ်ဖြတ်ခံရမှုအတွက် လက်စားချေသည့် အနေဖြင့် ဟစ်ဇ်ဘိုလာက အစ္စရေးဆီ ဒုံးကျည်များ၊ ဒရုန်းများ ပစ်ခတ်ခြင်းဖြင့် လက်စားချေကြသည်။
အရှေ့အလယ်ပိုင်းရှိ အီရန်အစိုးရ၏ အဓိကမဟာမိတ်ထဲမှ တစ်ဖွဲ့ဖြစ်သည့် လက်ဘနွန် ရှီးအိုက် မွတ်စလင် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ၏ လက်စားချေမှုအား အစ္စရေးက စစ်ရေးဖြင့် ပြန်လည် လက်တုံ့ပြန်ခဲ့သည်။
ထို့နောက် အစ္စရေး နှင့် ဟစ်ဇ်ဘိုလာကြား တိုက်ခိုက်မှုများ စတင်လာပြီး လက်ဘနွန်ကိုလည်း စစ်မီးကူးစက်လာခဲ့သည်။
လက်ဘနွန်ဝန်ကြီးချုပ် နဝပ်ဖ် ဆလမ် က နိုင်ငံ၏ လုံခြုံရေးနှင့် ညီညွတ်မှုကို ခြိမ်းခြောက်နိုင်သည့် "စွန့်စားမှုများအတွင်းသို့ မည်သူကမျှ တိုင်းပြည်ကို ဆွဲသွင်းခြင်းကို လက်ခံမည်မဟုတ်" ဟု ပြောကြားလိုက်ပြီး၊ အီရန်ကို ထောက်ခံသောအားဖြင့် စစ်ပွဲတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ အား သွယ်ဝိုက်၍ သတိပေးလိုက်ခဲ့သည်။
ဘေရွတ်မြို့နှင့် လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်ရာ လူ ၃၁ ဦးသေဆုံးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ အစ္စရေးဘက်ကလည်း လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ တီဟီရန်စံတော်ချိန် ၉ နာရီ ၃၀ မိနစ် တွင် မြို့တော်တွင်း ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။ညလယ်မတိုင်မီတွင် အမည်မဖော်ပြထားသည့် အစ္စရေးအရာရှိတစ်ဦးက လေကြောင်းတိုက်ခိုက်မှုများအတွင်း အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို ထောက်လှမ်းရေးရင်းမြစ်များမှ ရှာဖွေတွေ့ရှိ၍ အတည်ပြုပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း ခါမေနီ သေဆုံးနိုင်ခြေရှိကြောင်း အချက်အလက်များ ရှိသည်ဟု ပြောကြားခဲ့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန က ထိုပြောဆိုချက်ကို ပယ်ချခဲ့သည်။ အစ္စရေးအရာရှိများက ခါမေနီ၏ ရုပ်အလောင်းကို အပျက်အစီးအကြားတွင် တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ထို့နောက် အီရန်ဘက်မှ ရင်းမြစ်များကမူ ၎င်းသည် “တိုက်ပွဲကွင်းပြင်ကို ဦးဆောင်နေဆဲဖြစ်သည်” ဟု ပြောကြားခဲ့ကြသည်။
အနောက်နိုင်ငံနှင့် အီရန်သတင်းမီဒီယာအချို့က အစ္စရေးအစိုးရရင်းမြစ်များကို ကိုးကား၍ ခါမေနီ သေဆုံးပြီးဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ အမေရိကန်သမ္မတ နှင့် အစ္စရေးဝန်ကြီးချုပ် တို့လည်း အီရန်ဘက်မှ တရားဝင် အတည်ပြုမပြုမီ ခါမေနီ သည် သေဆုံးပြီးဆိုသည်ကို ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အီရန်အရာရှိများကမူ စတင်ကာလတွင် ထိုအချက်ကို ငြင်းဆိုခဲ့ကြသည်။
နောက်ပိုင်းတွင် အမေရိကန်သမ္မတ က Truth Social တွင် “သမိုင်းတွင် အဆိုးရွားဆုံးလူများထဲမှ တစ်ဦးဖြစ်သော ခါမေနီ သေဆုံးပြီ… ၎င်းသည် ကျွန်ုပ်တို့၏ ထောက်လှမ်းရေးနှင့် အဆင့်မြင့် လိုက်လံရှာဖွေစနစ်များမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့” ဟု ရေးသားခဲ့သည်။
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ၏ သုံးသပ်ချက်များအရ အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ မှ တင်းမာသဘောထားရှိသူတစ်ဦးက ခါမေနီ၏ နေရာကို အစားထိုးနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
၂၀၂၆ ခုနှစ် မတ်လ ၁ ရက် နံနက်အစောပိုင်းတွင် အီရန်နိုင်ငံပိုင် သတင်းမီဒီယာများက ခါမေနီ သေဆုံးကြောင်း ကြေညာခဲ့သည်။ Fars News Agency (အစ္စလာမစ် တော်လှန်ရေးအစောင့်တပ်နှင့် ဆက်နွယ်သော သတင်းဌာန) ကလည်း ခါမေနီ၏ သမီး၊ သားမက်၊ မြေးနှင့် သားမယားတို့လည်း တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် အီရန်အစိုးရက နိုင်ငံတစ်ဝန်း ၄၀ ရက်ကြာ ဝမ်းနည်းခြင်းကာလ ကြေညာခဲ့သည်။
ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ ၏ တပ်မှူးအချို့ သေဆုံးနိုင်ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိကြောင်း ဆိုခဲ့သည်။ နောက်ပိုင်းတွင် အစ္စရေးစစ်တပ်နှင့် ဒေသတွင်းရင်းမြစ်များကို ကိုးကား၍ အီရန်ကာကွယ်ရေးဝန်ကြီး အဇစ် နာဆာဇာဒေ နှင့် အီရန်အစောင့်တပ် မြေပြင်တပ်ဖွဲ့မှူး မိုဟာမက် ပက်ကပူ တို့သည် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးနိုင်ကြောင်း ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဆေးယိဒ် အဘက်စ် အာရာဂ်ချီ က အဆိုပါ ဆုံးရှုံးမှုများကို အသိအမှတ်ပြုပြောကြားခဲ့သော်လည်း “အလွန်ကြီးမားသည့် ပြဿနာမဟုတ်” ဟု လျှော့ချပြောဆိုခဲ့သည်။
Iran International သတင်းဌာနက အီရန်ကာကွယ်ရေးကောင်စီ ဥက္ကဋ္ဌ သေဆုံးခဲ့ကြောင်းနှင့် ထောက်လှမ်းရေးဌာန၏ ထိပ်တန်းအရာရှိလေးဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် အစ္စရေးစစ်တပ် က အီရန်လုံခြုံရေးခေါင်းဆောင် ခုနစ်ဦး သေဆုံးမှုကို အတည်ပြုနိုင်ကြောင်း ကြေညာခဲ့သည်။
၂၀၂၆ ခုနှစ် မတ်လ ၁ ရက်တွင် အီရန်နိုင်ငံပိုင် မီဒီယာများက စစ်တပ် ဦးစီးချုပ် Abdolrahim Mousavi နှင့် သမ္မတဟောင်း Mahmoud Ahmadinejad တို့လည်း တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။[၈]
မဟာမိတ်အချင်းချင်းမှားယွင်းပစ်ခတ်ခြင်း
[ပြင်ဆင်ရန်]ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၏ ‘မဟာမိတ်အချင်းချင်း မှားယွင်းပစ်ခတ်မှု’ကြောင့် အမေရိကန် F-15E ‘Strike Eagle’ တိုက်လေယာဉ် သုံးစီးသည် ကူဝိတ်လေပိုင်နက်တွင် သီးခြားစီ ပစ်ချခံခဲ့ရသည်။
အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးကို ကွပ်ကဲနေသည့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ၂၀၂၆ ခုနှစ်၊မတ် ၂ရက် ညနေပိုင်းတွင် ကူဝိတ်၏ မှားယွင်းပစ်ချမှုကို အတည်ပြု ထုတ်ပြန်ခဲ့သည်။
လေယာဉ်တစီးလျှင် နှစ်ဦးနှုန်းဖြင့် လေယာဉ်မှူး ခြောက်ဦးစလုံးမှာ လေယာဉ်ပေါ်မှ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းခဲ့သည်။
၂၀၂၆ ခုနှစ်၊ မတ် ၂ ရက်နေ့တွင် အီရန်နိုင်ငံသည် ဆော်ဒီအာရေးဘီးယားကို လေကြောင်းတိုက်ခိုက်မှုအသစ်ထပ်လုပ်ခဲ့သည်။ ရေနံချက်စက်ရုံ တစ်ရုံ မီးလောင်ခဲ့ရသည်။
ဆက်၍ ကာတာနိုင်ငံ ရှိ LNG ဓာတ်ငွေ့စက်ရုံကြီးတစ်ခုကိုလည်း တိုက်ခိုက်ခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ စစ်မီးတောက်လာချိန်တွင် ကမ္ဘာတလွှားရှိ စတော့ဈေးကွက်များ ဈေးနှုန်းများ ထိုးကျသွားသည်။ ရွှေဈေး နှင့် ရေနံဈေးများ ထိုးတက်လာခဲ့သည်။
စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီတင်သွင်းသည့် ရေလမ်းကြောင်းများတွင် အဟန့်အတားများဖြစ်ပေါ်ပြီး၊ စက်သုံးဆီခြိုးခြံချွေတာရန်နှင့် ဖူလုံမှုရှိစေရန်အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစတင်ကာ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအားလုံး သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း မောင်းနှင်ရမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ စည်းကမ်းချက်များအရ ပုဂ္ဂလိကပိုင်ယာဉ်များသည် လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/----) နှင့် "မ" ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 1A/----) သာ မောင်းနှင်ခွင့်ရှိမည်ဖြစ်သော်လည်း လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် EV မော်တော်ဆိုင်ကယ်များမှာမူ ယင်းကန့်သတ်ချက်တွင် မပါဝင်ဘဲ နေ့စဉ်ပုံမှန်အတိုင်း မောင်းနှင်နိုင်မည်ဖြစ်သည်။[၉]
စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ လေပိုင်နက်များ ပိတ်ထားရပြီး လေယာဉ်ခရီးစဉ် ထောင်နှင့်ချီ ဖျက်သိမ်းထားရသဖြင့် မြန်မာနိုင်ငံမှ အရှေ့အလယ်ပိုင်းသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများမှာလည်း ခရီးစဉ်များ ရက်ရွှေ့ဆိုင်းနေရသည်။ [၁၀]
အာဂျင်တီးနား: နိုင်ငံခြားရေးဝန်ကြီး ပက်ဘလို ကွီရို (Pablo Quirno) က အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးစစ်ဆင်မှုများကို ထောက်ခံခဲ့သည်။[၁၁]
ဩစတြေးလျ: ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီသည် နိုင်ငံခြားရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး တို့နှင့်အတူ ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ဩစတြေးလျသည် "ဖိနှိပ်မှုဆန့်ကျင်ရေးတွင် ရဲရင့်သော အီရန်ပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည်" ဟု ပြောကြားခဲ့သည်။.[၁၂]
ဘရာဇီး: အစိုးရက တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး နိုင်ငံတကာဥပဒေကို လိုက်နာရန် တောင်းဆိုခဲ့သည်။[၁၃]
ကနေဒါ: ဝန်ကြီးချုပ် မာ့ခ်ကာနီ သည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ထောက်ခံ ခဲ့သည်။[၁၄]
တရုတ်: တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အီရန်အပေါ် ရန်လိုမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အီရန်၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရမည်ဟုလည်း အလေးပေးပြောကြားခဲ့သည်။.[၁၅] အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခဲ့ပြီး အီရန်အပေါ် ရန်လိုမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အီရန်၏ အချုပ်အခြာအာဏာကို လေးစားရမည်ဟုလည်း အလေးပေးပြောကြားခဲ့သည်။[၁၆] [၁၇] [၁၈] [၁၉]
ဒိန်းမတ်: နိုင်ငံခြားရေးဝန်ကြီးသည် အီရန်၏ အတိတ်က အပြုအမူကို လုံးဝလက်မခံနိုင်ကြောင်း ရှုမြင်ခဲ့သည်။[၂၀]
ပြင်သစ်: သမ္မတ အီမန်နျူရယ် မက်ခရွန် သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အီမန်နျူရယ် မက်ခရွန် သည် ယူကေဝန်ကြီးချုပ် ကီယာစတားမာ နှင့် ဂျာမန်အဓိပတိ တို့နှင့်အတူ ဒေသတွင်းနိုင်ငံများအပေါ် အီရန်၏တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။[၂၁]
ဂျာမနီ: ဂျာမနီအဓိပတိ က တိုက်ခိုက်မှုများကို ကြိုတင်သတင်းရရှိထားကြောင်း ပြောကြားခဲ့ပြီး ဂျာမနီအစိုးရသည် ပြင်သစ် နှင့် ယူကေ တို့နှင့် ပူးတွဲ၍ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။[၂၂]
ဟန်ဂေရီ: နိုင်ငံခြားရေးဝန်ကြီးသည် ထိုစစ်ရေးတိုက်ခိုက်မှုများအပေါ် စွမ်းအင်လမ်းကြောင်းများ အနှောင့်အယှက်ဖြစ်နိုင်သည့် စိုးရိမ်မှုကို ပြသခဲ့သည်။[၂၃]
အိန္ဒိယ: ပြည်ပရေးရာဝန်ကြီးသည် တင်းမာမှုကို ထိန်းသိမ်းပြီး အခြေအနေ လျှော့ချရန် တိုက်တွန်းခဲ့သည်။[၂၄] အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ ဒါမိုဒါဒါစ် မိုဒီ က ဘင်ဂျမင် နေတန်ယာဟု နှင့် စကားပြောခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် ထုတ်ပြန်ခဲ့ပြီး စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် အရေးကြီးကြောင်း သတိပေးခဲ့သည်။တိုက်ခိုက်မှုမတိုင်မီ တစ်ပတ်ခန့်အလိုတွင် မိုဒီသည် အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ဝေဖန်မှုများလည်း ခံခဲ့ရသည်။မိုဒီအစိုးရလက်ထက်တွင် အိန္ဒိယနှင့် အစ္စရေးသည် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိလာပြီး အိန္ဒိယသည် အစ္စရေးထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။[၂၅][၂၆] [၂၇]
အင်ဒိုနီးရှား: အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို “စိတ်မကောင်းဖြစ်ကြောင်း” ဖော်ပြခဲ့ပြီး ပရာဘိုဝို ဆူဘီယန်တိုက အီရန်နိုင်ငံ တီဟီရန် သို့ သွားရောက်၍ ပဋိပက္ခကို ကြားဝင်ညှိနှိုင်းပေးရန် ကမ်းလှမ်းခဲ့သည်။[၂၈] [၂၉] [၃၀][၃၁][၃၂]
အီတလီ: အီရန်ကို ရှင်းလင်းသည့် သင်္ကေတများ ပေးထားပြီး ဖြစ်သော်လည်း အီရန်ဘက်က လိုက်နာမှုမရှိခဲ့ဟု ပြောကြားခဲ့သည်။[၃၃] [၃၄] [၃၅]
ဂျပန်: ဂျပန်အစိုးရသည် အဆိုပါအခြေအနေထဲမှ ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ပြင်ဆင်သွားရန် သတ်မှတ်ပြီး နိုင်ငံသားများကို ကာကွယ်ကောင်းမွန်စွာ ထိန်းသိမ်းခြင်းနှင့် ဘေးလွတ်အောင်ကြိုးစားမည်ဟု ထုတ်ပြန်ခဲ့သည်။[၃၆][၃၇] ဆနအဲ တခအိချိသည် အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီအစည်းအဝေးတွင် အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေးကို လုံးဝသည်းခံနိုင်မည်မဟုတ်ကြောင်း နှင့် ဂျပန်၏ မူဝါဒမှာ အမြဲတမ်းတည်ရှိနေသည ဟု အလေးထားပြောကြားခဲ့သည်။သို့သော် ဂျပန်သည် အစ္စရေးနှင့် အမေရိကန်တို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်ကိုမျှ ပြောကြားခဲ့ခြင်း မရှိပေ။[၃၈] [၃၉]
ကာဇက်စတန်: နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် သွေးစည်းညီညွတ်ကြောင်း ပြောကြားခဲ့ပြီး အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကိုလည်း ရှုတ်ချခဲ့သည်။[၄၀][၄၁]
ကူဝိတ်: ၎င်းတို့နယ်မြေအတွင်း အီရန်၏ တိုက်ခိုက်မှုများကို “နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း” ဟု ပြောဆိုကာ ရှုတ်ချခဲ့သည်။
လက်ဘနွန်: လက်ဘနွန်နိုင်ငံကို ပို၍ကျယ်ပြန့်သည့် ဒေသတွင်းစစ်ပွဲထဲ ဆွဲယူခြင်းကို မလက်ခံနိုင်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး၊ လီဘနွန်၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ဦးစားပေးရမည် ဟု အလေးထားပြောကြားခဲ့သည်။ထို့နောက် နိုင်ငံအား နိုင်ငံတကာစစ်ပွဲကြီးထဲ ဝင်ပတ်မပါဝင်ဖို့ တောင်းဆိုခဲ့သည်။[၄၂][၄၃] [၄၄] [၄၅]
မြောက်ကိုရီးယား: နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါတိုက်ခိုက်မှုများကို “တရားမဝင်သော ကျူးကျော်တိုက်ခိုက်မှု၏ အလွန်ရက်စက်ပြီး အချုပ်အခြာအာဏာ ချိုးဖောက်မှု၏ အယုတ်မာဆုံးပုံစံ” ဟု ရှုတ်ချခဲ့သည်။ ထို့အပြင် အစ္စရေးနှင့် အမေရိကန်တို့၏ “ရှက်ဖွယ်ကောင်းပြီး ဂိုဏ်းဖွဲ့လူဆိုးဆန်သော လုပ်ရပ်” ကို ပြသနေကြောင်း စွပ်စွဲခဲ့သည်။[၄၆][၄၇][၄၈]
အိုမန်: ၂၀၂၆ ခုနှစ် အီရန်–အမေရိကန် နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများ တိုးတက်နေစဉ် တိုက်ခိုက်မှုများ ပေါ်ပေါက်ခြင်းအပေါ် “အထူးအံ့အားသင့်စိုးရိမ်မှု” ကို ဖော်ပြခဲ့သည်။ “ဤအရေးမှာ သင်တို့၏ စစ်ပွဲ မဟုတ်ပါ” ဟု ထပ်မံ ပြောကြားခဲ့သည်။[၄၉][၅၀][၅၁]
ပါကစ္စတန်: အစ္စရေးနှင့် အမေရိကန်တို့ တိုက်ခိုက်မှုများကို “မလိုလားအပ်သော တိုက်ခိုက်မှုများ” ဟု သုံးနှုန်းခဲ့ပြီး၊ထိုသို့ အင်အားသုံးမှုကို ပြင်းထန်စွာရှုတ်ချခဲ့သည်။ တိုက်ပွဲကို ချက်ချင်း ရပ်စဲရန် နှင့် နိုင်ငံရေးနည်းလမ်းနှင့်ဆွေးနွေးရန် အရေးကြီးကြောင်း ပြောဆိုခဲ့သည်။ [၅၂]
ပါလက်စတိုင်း: ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံများအပေါ် အီရန် ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။ [၅၃]
ကာတာ: နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကာတာနယ်မြေကို အီရန် က တိုက်ခိုက်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ ၎င်းက အီရန်၏ လုပ်ဆောင်ချက်အား ကာတာ၏ အချုပ်အခြာအာဏာအား ချိုးဖောက်ခြင်း ဟု သတ်မှတ်ခဲ့သည်။ တိုက်ခိုက်မှုကို တားဆီးရန်အတွက် နိုင်ငံတကာဥပဒေအရ တုံ့ပြန်ခွင့်ရှိကြောင်း ထပ်မံအတည်ပြုခဲ့သည်။
ရုရှား: အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို “အန္တရာယ်များသော လုပ်ရပ်” ဟု ရှုတ်ချခဲ့ပြီး ၎င်းကို “စဉ်းစားဆင်ခြင်မှုမရှိသော၊ ကြိုတင်စီစဉ်ထားပြီး အကြောင်းမဲ့ လက်နက်ကိုင် ကျူးကျော်တိုက်ခိုက်မှု” ဟု ပြောဆိုခဲ့သည်။[၅၄] [၅၅] သမ္မတ ပူတင် က အယာတိုလာ အလီ ခါမေနီ နှင့် ၎င်း၏ မိသားစုကို အသက်ဆုံးခြင်းကို “နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားသော အမှု” ဟု ရှုတ်ချခဲ့သည်။ [၅၆]
ဆော်ဒီအာရေးဘီးယား: ပင်လယ်ကွေ့နိုင်ငံများအပေါ် အီရန်၏ လက်တုံ့ပြန်မှုများအား ရှုတ်ချခဲ့သည်။ ဘာရိန်း၊ ကာတာ၊ ကူဝိတ်နှင့် ဂျော်ဒန်တို့နှင့်အတူ အီရန်အား ကြေညာချက်ဖြင့် ရှုတ်ချခဲ့သည်။[၅၇]
တောင်အာဖရိက: အရှေ့အလယ်ပိုင်းဒေသရှိ သက်ဆိုင်သူများ၏ အမည်ကို တိုက်ရိုက်မဖော်ပြဘဲ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိန်းသိမ်းမှု နှင့် နိုင်ငံတကာဥပဒေ လိုက်နာမှုအတွက် ကြိုးပမ်းအားထုတ်မှုများကို “နှစ်ဆတိုးမြှင့်လုပ်ဆောင်ရန်” တိုက်တွန်းခဲ့သည်။ ထိုသို့ပြောဆိုရာတွင် သမ္မတသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ ကို ကိုးကားပြောဆိုခဲ့သည်။[၅၈]
စပိန်: စပိန်ဝန်ကြီးချုပ်သည် ၎င်း၏အစိုးရအနေဖြင့် အမေရိကန် နှင့် အစ္စရေး တို့၏ တစ်ဖက်သတ် စစ်ရေးလှုပ်ရှားမှုများကို “ငြင်းပယ်ကြောင်း” ပြောဆိုခဲ့သည်။ ထိုလုပ်ရပ်များသည် ဒေသတွင်း တင်းမာမှုကို မြင့်တက်စေပြီး နိုင်ငံတကာစနစ်ကို ပို၍ မတည်ငြိမ်ပြီး ရန်လိုသော အခြေအနေသို့ ဦးတည်စေကြောင်းလည်း ဆိုသည်။ ထို့ပြင် အီရန် အစိုးရနှင့် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ ၏ လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့ပြီး၊ ချက်ချင်း တင်းမာမှုလျှော့ချရန်နှင့် “ရေရှည် နိုင်ငံရေးဖြေရှင်းချက်” ရရှိရန် ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့သည်။[၅၉][၆၀]
ဆီးရီးယား: ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ ကာတာ၊ ကူဝိတ်နှင့် ဂျော်ဒန်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အီရန်၏တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။[၆၁]
ထိုင်ဝမ်: သမ္မတ လိုင့်ချင်းဒေ သည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်ဝမ်နိုင်ငံသားများ၏ ဘေးကင်းရေးအတွက် ကမ္ဘာ့မဟာမိတ်များနှင့် နီးကပ်စွာ အဆက်အသွယ်ထားရှိကာ ဒေသတွင်းရှိ ထိုင်ဝမ်နိုင်ငံသားများ ဘေးကင်းစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ [၆၂][၆၃]
ထိုင်း: ဝန်ကြီးချုပ် အာနုထင်း ချာန်ဝီရာကွန်း သည် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် တိုက်တွန်းသည်။ [၆၄][၆၅]
တူရကီ: နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေသတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရန် သက်ဆိုင်သူ အားလုံးကို တောင်းဆိုခဲ့သည်။ တူရကီသမ္မတ က အစ္စရေး၏ ရန်လိုမှုများကို ကန့်ကွက်သည့်အပြင်၊ ပင်လယ်ကွေ့နိုင်ငံများကို အီရန်က တိုက်ခိုက်ခဲ့ခြင်းအတွက်လည်း ရှုတ်ချခဲ့သည်။
ယူကရိန်း: သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး သည် အစ္စရေး–အမေရိကန် တိုက်ခိုက်မှုများကို ထောက်ခံခဲ့ပြီး အမေရိကန်ပြည်ထောင်စု ၏ ပြတ်သားသော လုပ်ဆောင်မှုသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ပြတ်သားသော သန္နိဋ္ဌာန်ရှိသမျှ ကမ္ဘာ့အန္တရာယ်ပြုသူများ အားနည်းလာကြောင်းနှင့် ယင်းအခြေအနေကို ရုရှား ကိုလည်း နားလည်စေရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသသည် နောက်ဆုံးတွင် ပိုမိုလုံခြုံတည်ငြိမ်လာမည်ဟု ဆိုသည်။တစ်ချိန်တည်းတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကလည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၏ အကြောင်းရင်းမှာ အီရန်အစိုးရ၏ အကြမ်းဖက်မှုနှင့် ပြစ်ဒဏ်မခံရခြင်းတို့ဖြစ်ပြီး၊ အထူးသဖြင့် မကြာသေးမီလများအတွင်း ပိုမိုကျယ်ပြန့်လာသော ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု: ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏နယ်မြေအတွင်းသို့ အီရန် ၏ တိုက်ခိုက်မှုများကို အပြင်းထန်ဆုံးစကားလုံးများဖြင့် ရှုတ်ချခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများသည် “အန္တရာယ်ရှိသော တင်းမာမှုမြင့်တက်မှုနှင့် အရပ်သားများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို ခြိမ်းခြောက်သည့် သူရဲဘောကြောင်သော လုပ်ရပ်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် တုံ့ပြန်ဆောင်ရွက်ရန် “အပြည့်အဝ အခွင့်အရေး” ရှိကြောင်းလည်း ဖော်ပြခဲ့သည်။
ယူနိုက်တက်ကင်းဒမ်း: အစောပိုင်းတွင် ဗြိတိန် သည် အမေရိကန်ပြည်ထောင်စု အား တိုက်ခိုက်မှုအတွက် ၎င်း၏ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့် မပေးခဲ့သာ်လည်း နောက်တွင် ဗြိတိန်၏ စစ်အခြေစိုက်စခန်းများကို ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့်ပေးရန် သဘောတူခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေနှင့် နောက်တွင် ကိုက်ညီကြောင်းလည်း ဝန်ကြီးချုပ် ကီယာစတားမာ ပြောဆိုခဲ့သည်။ [၆၆] [၆၇] [၆၈] .[၆၉] [၇၀]
ဗင်နီဇွဲလား: အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး သံတမန်ရေးရာ ဆွေးနွေးမှုများကြားတွင် အန္တရာယ်ရှိပြီး မကြုံစဖူး တိုးမြင့်လာမှုဟု ပြောဆိုခဲ့သည်။ထို့အပြင် အိမ်နီးချင်းများအပေါ် အီရန်၏တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒေသတွင်းတွင် ဆွေးနွေးမှုကင်းမဲ့မှု၏ ဖြစ်ရပ်များအတွက် အကြောင်းရင်းအဖြစ် အပြစ်တင်ခဲ့သည်။[၇၁]အဆိုပါ ထုတ်ပြန်ချက်ကို အီရန်ခေါင်းဆောင် သေဆုံးမှု အတည်ပြုချက် ထုတ်ပြန်ပြီးနောက် ဗင်နီဇွဲလားသည် လူမှုမီဒီယာပေါ်မှ ထုတ်ပြန်ထားချက် အားလုံးကို ဖျက်ထုတ်လိုက်သည်။ [၇၂]
မြန်မာ:အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအပေါ် မြန်မာနိုင်ငံက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အခြေခံသည့် သံတမန်ရေးဆွေးနွေးမှုများမှတစ်ဆင့် ပြဿနာကို ဖြေရှင်းရန်နှင့် နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားကာ ပဋိပက္ခများကို လျှော့ချရန် တိုက်တွန်းခဲ့သည်။[၇၃]
ကုလသမဂ္ဂ: အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် တိုက်ခိုက်မှုများကို ရှုတ်ချပြီး “အမေရိကန်နှင့် အစ္စရေးတို့က အီရန်ပေါ် အသုံးပြုထားသော စစ်အင်အား၊ နှင့် အနောက်ဒေသတစ်လွှား အီရန်၏ လက်တုံ့ပြန်မှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်[၇၄]
ဥရောပသမဂ္ဂ:အဆိုပါ ပဋိပက္ခကို “အလွန်စိုးရိမ်ဖွယ်ရာ” ဟု ပြောဆိုခဲ့ပြီး တင်းမာမှုများ လျှော့ချရန် ထိန်းသိမ်းသတိထားရန် တိုက်တွန်းခဲ့သည်။ [၇၅]
NATO: ပြောရေးဆိုခွင့်ရှိသူက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး၊ အကြီးတန်းအရာရှိတစ်ဦးက Stars and Stripes သတင်းဌာနသို့ ပြောကြားရာတွင် အီရန်၏ တိုက်ခိုက်မှုများ ကျယ်ပြန့်လာနိုင်ခြေရှိပါက အဖွဲ့ဝင်နိုင်ငံများကို ကာကွယ်နိုင်ရန် ဒုံးကျည်ကာကွယ်ရေး သတိရှိမှုကို မြှင့်တင်ထားကြောင်း ပြောဆိုခဲ့သည်။[၇၆][၇၇]
- ↑ "The C.I.A. Helped Pinpoint a Gathering of Iranian Leaders. Then Israel Struck." (in en-US)၊ The New York Times၊ 1 March 2026။
- ↑ Fabian၊ Emanuel (28 February 2026)။ Israel calls up 20,000 reservists, in addition to the 50,000 reservists currently on duty။
- ↑ "US-Iran talks end with no deal but potential signs of progress"၊ Reuters၊ 26 February 2026။
- ↑ "Oil Shipments in Persian Gulf Already Disrupted by Iran Attack"၊ The New York Times၊ 28 February 2026။
- ↑ Nevitt၊ Mark (15 March 2026)။ Legal and Operational Issues in the Strait of Hormuz: Transit Passage Under Fire (in en-US)။ 18 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Qatar says Iran attack caused significant damage at Ras Laffan gas facility။ 19 March 2026 တွင် ပြန်စစ်ပြီး။
- ↑ "Update from Johnatan Reiss" (in en-US)၊ The New York Times၊ 28 February 2026။
- ↑ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက် | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။
- ↑ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အလုပ်သွားလုပ်ကြမည့် မြန်မာများအခက်ကြုံ (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။
- ↑ "El Gobierno "celebró" la muerte de Jamenei y Quirno recordó a las víctimas de la AMIA" (in es)၊ Perfil၊ 1 March 2026။
- ↑ Press conference - Sydney | Prime Minister of Australia (in en) (1 March 2026)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Magalhaes၊ Luciana။ "Brazilian government condemns strikes on Iran"၊ Reuters၊ 28 February 2026။
- ↑ "Canada backs United States actions in Iran"၊ Politico၊ 28 February 2026။
- ↑ "China condemns attacks on Iran, urges ceasefire and talks"၊ Reuters၊ 1 March 2026။
- ↑ Foreign Ministry Spokesperson's Remarks on the Military Strikes Against Iran by the U.S. and Israel_Ministry of Foreign Affairs of the People's Republic of China။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ "China urges citizens to evacuate from Iran 'as soon as possible'" (in en-IN)၊ The Hindu၊ 28 February 2026။
- ↑ Foreign Ministry Spokesperson's Remarks on the Killing of Iran's Supreme Leader Ayatollah Ali Khamenei (1 March 2026)။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ "Live updates: Iran war spreads as U.S. jets crash and Israel trades fire with Hezbollah" (in en)၊ NBC News၊ 2 March 2026။
- ↑ "How every EU country responded to the strikes on Iran"၊ Politico၊ 1 March 2026။
- ↑ "Germany, France and UK tell Iran to stop attacks in region"၊ The Straits Times၊ 28 February 2026။
- ↑ "Merz accepts a harder world on Iran"၊ Euractiv၊ 1 March 2026။
- ↑ "Breaking: The 'geopolitical Commission'"၊ Euractiv၊ 2 March 2026။
- ↑ Exercise restraint, prioritise civilians: India urges de-escalation in Middle East (in en) (28 February 2026)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ 'Remain near shelters, avoid non-essential travel': India warns citizens in Israel after Tehran attack (in en) (28 February 2026)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ NORKA sets up helpdesk for Kerala people in Iran, Israel (in en)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ "Israel Strikes Hezbollah in Lebanon as War With Iran Escalates"၊ The New York Times၊ 1 March 2026။
- ↑ Indonesia's Prabowo 'Ready' to Fly to Tehran as Mediator။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Perang Iran Israel: Presiden Prabowo tawarkan jadi juru runding konflik AS-Israel dengan Iran – 'Sangat tidak realistis' (in id) (2 March 2026)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Segudang Alasan Indonesia Harus Keluar dari Board of Peace (in id) (2 March 2026)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Catatan Komisi I DPR soal Posisi RI di Antara Iran & Board of Peace (in id-ID)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ JPNN (in id)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Qual è la posizione dell'Italia sull'attacco all'Iran (in it) (28 February 2026)။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Roma avvisata dopo l'attacco, solidarietà di Meloni a leader del Golfo (in it) (28 February 2026)။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Attacco Usa e Israele a Iran, oltre 58mila italiani bloccati nel Golfo (in it) (28 February 2026)။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Takaichi, Sanae [takaichi_sanae] (2026-02-28)။ 日本政府として、あらゆるリスクに備え、万全の対応を行なってまいります。 (in ja)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ 高市首相「あらゆるリスクに対応」 邦人保護の徹底指示―経済・安保に影響懸念・イラン攻撃 (in ja) (2026-02-28)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ Takaichi chides Iran; expats fear for their families in Middle East (2026-03-02)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ 小泉防衛相「自衛隊による邦人輸送を準備」 中東情勢緊迫受け (in ja) (2026-03-01)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ Satubaldina၊ Assel (28 February 2026)။ Kazakh President Orders Emergency Planning as Iran Tensions Escalate။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ "US-Israel attacks Iran LIVE updates: Iran President, 2 officials to lead transition after Ayatollah Khamenei's death" (in en-IN)၊ The Hindu၊ 1 March 2026။
- ↑ Lebanon PM says Beirut won't let anyone drag country into war (in en)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ PM Nawaf Salam calls for unity, warns against escalation (in en)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Lebanese PM calls Hezbollah rocket attack on Israel 'irresponsible' (in en)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ "Here's the latest."၊ The New York Times၊ 1 March 2026။
- ↑ Kim၊ Heejin။ "North Korea says Israeli attacks and US military operation against Iran are 'illegal aggression'"၊ Reuters၊ 1 March 2026။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ "N. Korea condemns US-Israel attack on Iran as 'gangster-like conduct'"၊ The Korea Times၊ 1 March 2026။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ "North Korea condemns US-Israel attacks on Iran as 'illegal'"၊ Dawn (newspaper)၊ 1 March 2026။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Multiple Arab states that host US assets targeted in Iran retaliation (28 February 2026)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Oman voices profound concern and condemns escalation following US airstrikes on Iran။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ "US, Israel attack Iran live: Trump announces 'major combat operations'"၊ Al Jazeera English|Al Jazeera၊ 28 February 2026။
- ↑ Pakistan condemns unwarranted attacks against Iran, calls for halt to escalation (28 February 2026)။
- ↑ Lehmann၊ Noam။ "Palestinian Authority condemns Iran, offers support to Arab states" (in en-US)၊ The Times of Israel၊ 28 February 2026။
- ↑ Nicholls၊ Catherine (28 February 2026)။ Russia condemns "reckless" airstrikes on Iran, as Finland and Ireland express concern (in en)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Lavrov၊ Sergey။ Statement by the Russian Foreign Ministry regarding military aggression of the United States and Israel against Iran။
- ↑ "World reacts to Khamenei's death in Tehran as Israel, US, and Iran continue to trade strikes"၊ Yahoo News၊ 1 March 2026။
- ↑ Saudi condemns 'Iranian aggression' against UAE, Bahrain, Qatar, Kuwait, Jordan (in en) (28 February 2026)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Post Reporter။ "Cyril Ramaphosa calls for dialogue in the Middle East amid escalating tensions" (in en)၊ IOL၊ 1 March 2026။
- ↑ "Spain slams US and Israeli strikes on Iran, reflecting shift in foreign policy"၊ Euronews၊ 28 February 2026။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Sánchez၊ Pedro (28 February 2026)။ Rechazamos la acción militar unilateral de EE.UU. e Israel, que supone una escalada y contribuye a un orden internacional más incierto y hostil။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Syria condemns Iranian strikes on several Arab countries (in en-US)။ Syrian Arab News Agency (28 February 2026)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Shuwei၊ Wu (28 February 2026)။ 美以空襲伊朗 賴總統: 密切關注局勢與友盟保持聯繫 (in zh-Hant-TW)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Taiwan closely monitoring situation after U.S., Israel strike Iran: Lai - Focus Taiwan (in en-US) (28 February 2026)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Thai PM says preparing to evacuate citizens in Middle East (in en) (2 March 2026)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ 29 Thais in Iran ask to return home as Foreign Ministry sets up "war room" (2 March 2026)။ 2 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Beale၊ Jonathan (28 February 2026)။ 'We do not want to see wider regional conflict' – UK government။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Edwards၊ Christian (28 February 2026)။ British planes "in the sky" in Middle East, says Starmer (in en)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ "Iran latest: supreme leader Ayatollah Ali Khamenei confirmed dead" (in en)၊ The Times။
- ↑ "UK has not given US permission to use RAF bases for Iran strikes"၊ BBC News၊ 19 February 2026။
- ↑ "Iran Live Updates: U.S. Reports American Casualties as Trump Says He's 'Willing to Talk' to Iran"၊ The New York Times၊ 1 March 2026။
- ↑ "Condena de Venezuela y Cuba por ofensiva militar de EE.UU. e Israel contra Irán" (in es)၊ BAE Negocios၊ 28 February 2026။
- ↑ Pitazo၊ Redacción El (1 March 2026)။ Canciller de Venezuela elimina comunicado en el que condenaba ataque de EE. UU. contra Irán (in es)။ 1 March 2026 တွင် ပြန်စစ်ပြီး။ “El canciller venezolano, Yván Gil, borró de sus redes sociales y de la de la Cancillería de Venezuela el comunicado en el que condenaba el ataque de Estados Unidos e Israel contra Irán, cuando apenas se confirmó la muerte del líder supremo iraní, Alí Jameneí. [...] El comunicado ya no puede encontrarse en ninguna red social relacionada a la Casa Amarilla.”
- ↑ အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်။ MOI Myanmar (၆ မတ် ၂၀၂၆)။ ၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ Alsharif၊ Mirna။ "U.N. secretary-general condemns military escalation in Iran" (in en)၊ NBC News၊ 28 February 2026။
- ↑ Von der Leyen llama abiertamente a una "transición creíble" de poder en Irán (1 March 2026)။ 1 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Counterstrikes continue at US Navy base in Bahrain; residential buildings off base attacked (in en) (28 February 2026)။ 28 February 2026 တွင် ပြန်စစ်ပြီး။
- ↑ Bayer၊ Lily (28 February 2026)။ NATO closely following developments in Iran, spokesperson says။ 28 February 2026 တွင် ပြန်စစ်ပြီး။