ဝီကီရင်းမြစ်:ဝီကီရင်းမြစ် ဆိုတာ ဘာလဲ - ဝီကီရင်းမြစ်
မာတိကာသို့ ခုန်သွားရန်
ဝီကီရင်းမြစ် မှ
အကြောင်း
ဝီကီရင်းမြစ် ဆိုတာ ဘာလဲ
ညီအစ်မ ပရောဂျက်များ
ဝီကီပီးဒီးယား ဆောင်းပါး
အဆိုအမိန့်များ
ကျောင်းသုံးစာအုပ်
သင်ရိုးညွှန်းတမ်း
ဝီကီဒေတာ အိုင်တမ်
မေတာ
အတိုကောက်
WS:WIW
ဤစာမျက်နှာသည် ဝီကီရင်းမြစ်၏ အဓိပ္ပာယ်၊ ဝီကီရင်းမြစ်ဆိုသည်မှာ၊ ဝီကီရင်းမြစ်က ဘာမဟုတ်ဘူးလဲနှင့် အခြားသော ဝီကီမီဒီယာ ပရောဂျက်များနှင့် မတူကွဲပြားမှုများကို ဖော်ပြရန် ရည်ရွယ်သည်။ ဤစာမျက်နှာရှိ ဖော်ပြချက်များသည်
အကျဉ်းချုံး
ဖော်ပြချက်များဖြစ်ပြီး အသေးစိတ် ဆွေးနွေးမှုများနှင့် ငြင်းခုန်မှုများသည် ဆွေးနွေးချက် စာမျက်နှာတွင် ဆောင်ရွက်သင့်သည်။
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက်
- သည် မည်သည့်ဘာသာစကားမဆိုဖြင့်
ရင်းမြစ်စာသားများ
နှင့် ရင်းမြစ်စာသားများ၏
ဘာသာပြန်ဆိုမှုများ
ကို ပါဝင်သော တိုးပွားလာသည့်
အခမဲ့အကြောင်းအရာ
အွန်လိုင်းစာကြည့်တိုက်တစ်ခု ဖန်တီးရန်
ဝီကီမီဒီယာဖောင်ဒေးရှင်း
၏ စီမံကိန်းတစ်ခု ဖြစ်သည်။
ဤစာမျက်နှာသည် ဝီကီရင်းမြစ်ဆိုသည်မှာ အဘယ်နည်း၊ မည်သည်တို့ မဟုတ်သနည်း၊ အခြားဝီကီမီဒီယာစီမံကိန်းများနှင့် မည်သို့ကွဲပြားသနည်းဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးပမ်းထားသည်။ ဤစာမျက်နှာရှိ ဖော်ပြချက်များသည် အတော်အတန်
တိုတောင်း
သော်လည်း ပိုမိုအသေးစိတ်ကျသော မူဝါဒစာမျက်နှာများသို့ လင့်ခ်များ ပါဝင်ပါသည်။ မူဝါဒများအကြောင်း
ဆွေးနွေးခြင်း
ကို သက်ဆိုင်ရာ မူဝါဒဆွေးနွေးရန် စာမျက်နှာများတွင် ပြုလုပ်သင့်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်
ဝီကီရင်းမြစ်
ကို မူလက စီစဉ်နေစဉ်အချိန်တွင် "Project Sourceberg" ("Project Gutenberg" ၏ စကားလုံး) ဟု ခေါ်ခဲ့သည်။
ရင်းမြစ်စာသားများကို ps.wikipedia.org တွင် ထားရှိလိုက်ခြင်းဖြင့် ပရောဂျက်၏ လှုပ်ရှားမှုများကို စတင်ခဲ့သည်။ "PS" ဆိုသည်မှာ "primary sources" သို့မဟုတ် "Project Sourceberg" ၏ အတိုကောက်ဖြစ်ပြီး ပံ့ပိုးသူများက သတ်မှတ်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင်
ပါရှတို ဘာသာစကား
ဝီကီပီးဒီးယား၏ ဒိုမိန်းအခွဲနှင့် မှားနိုင်ခဲ့သည်။
Project Sourceberg ကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယာယီအင်တာနက်လိပ်စာ (
) ကို တရားဝင် ရရှိခဲ့ပြီး ps.wikipedia.org မှ စာသားများအားလုံးနှင့် ဆွေးနွေးချက်များကို ရွှေ့ပြောင်းခဲ့သည်။ ပရောဂျက်၏ အမည်အား
ဝီကီရင်းမြစ်
သို့ ပြောင်းလဲရန် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မဲခွဲခြင်း ပြုလုပ်ခဲ့သည်။ အမည်ပြောင်းလဲခဲ့သော်လည်း အမြဲပုံသေဒိုမိန်းလိပ်စာဖြစ်သော
သို့ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၂၃ မတိုင်မီအထိ မပြောင်းခဲ့ပေ။
source.wikipedia.org ၌ ပရောဂျက်တရားဝင်စတင်ပြီး နှစ်ပတ်အတွင်း စာမျက်နှာပေါင်း ၁၀၀၀ ကျော် ဖန်တီးခဲ့ကာ စာမျက်နှာ ၂၀၀ ခန့်သည် ဆောင်းပါးအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်အစပိုင်းတွင် မှတ်ပုံတင်ထားသော အသုံးပြုသူ ၁၀၀ ခန့် ရှိခဲ့သည်။ ၂၀၀၄ ခုနှစ် ဇူလိုင်လအစောပိုင်းတွင် ဆောင်းပါးအရေအတွက် ၂၄၀၀ အထိရှိခဲ့ကာ မှတ်ပုံတင်အသုံးပြုသူ ၅၀၀ ကျော်ရှိလာခဲ့သည်။
၂၀၀၅ ခုနှစ် မေလ ၁၂ ရက်နေ့တွင် သီးခြားဘာသာစကား ဒိုမိန်းအခွဲများ သတ်မှတ်သွားရန် မဲခွဲခြင်း ပြီးဆုံးခဲ့ကာ သက်ဆိုင်ရာဘာသာစကားများ၏ စာသားများကို ကိုယ်ပိုင်ဝီကီဆီသို့ လွှင့်တင်ရန် ခွင့်ပြုပေးခဲ့သည်။ အဆိုပါ ဘာသာစကား ဒိုမိန်းအခွဲများကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ဆောင်ရွက်ခဲ့သည်။ မဲခွဲပြီး မကြာမီ မေလ ၁၈ ရက်နေ့တွင် ဝီကီရင်းမြစ်သည် ဆောင်းပါးပေါင်း ၂၀,၀၀၀ ပြည့်ခဲ့သည်။
အခြားကြည့်ရန်။
ဝီကီရင်းမြစ်အကြောင်း ဝီကီပီးဒီးယား ဆောင်းပါး
(သမိုင်းကြောင်း အပြည့်အစုံ)
A personal historical perspective on Wikisource from its very beginnings
(သမိုင်းဝင် စာတမ်းများဆီသို့ ချိတ်ဆက်ထားမှုများ ပါဝင်သည်)
ဝီကီရင်းမြစ်အကြောင်း မေတာ ဆွေးနွေးချက်
(မလွှင့်တင်မီ ဆွေးနွေးမှုများ)
ဝီကီရင်းမြစ်မှာ ဘာတွေ ပါဝင်နိုင်သလဲ
ပြင်ဆင်ရန်
အတိုကောက်
WS:IO
ကျွန်ုပ်တို့
ထည့်သွင်းသော
အချို့အရာများမှာ:
၁။ မည်သည့်စာရေးဆရာမဆို ယခင်က ထုတ်ဝေခဲ့သော
ရင်းမြစ်စာသားများ
၂။ မူရင်းစာသားများ၏
ဘာသာပြန်ဆိုမှုများ
၃။ နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာအဆင့် စိတ်ဝင်စားဖွယ်
သမိုင်းဆိုင်ရာ စာရွက်စာတမ်းများ
၄။ ဝီကီရင်းမြစ်တွင် လက်ရာများပါဝင်သော စာရေးဆရာများ၏
စာစုစာရင်းများ
ပါဝင်မှုများသည် ဤစာရင်းသို့သာ ကန့်သတ်မထားသည်မှာ သဘာဝကျပါသည်။
ဝီကီရင်းမြစ်မှာ ဘာတွေ ချန်လှပ်ထားသလဲ
ပြင်ဆင်ရန်
ဝီကီရင်းမြစ်မှ
ချန်လှပ်ထားသော
စာသားများအတွက် အခြေခံစံနှုန်းအချို့မှာ:
၁။
မူပိုင်ခွင့် ချိုးဖောက်မှုများ
၂။ စီမံကိန်းသို့ ပံ့ပိုးသူတစ်ဦး၏
မူရင်းရေးသားချက်များ
၃။
သင်္ချာဆိုင်ရာ
အချက်အလက်များ၊ ဖော်မြူလာများ၊ နှင့် ဇယားများ
၄။ (ကွန်ပျူတာများအတွက်)
ရင်းမြစ်ကုဒ်
၅။
စာရင်းအင်းဆိုင်ရာ
ရင်းမြစ်အချက်အလက်များ (ရွေးကောက်ပွဲရလဒ်များကဲ့သို့)
ဤသည်တို့မှာ ဝီကီရင်းမြစ်မှ ချန်လှပ်ထားသော အခြေခံဆုံး၊ ထင်ရှားဆုံးအရာများ ဖြစ်သည်။ မူဝါဒ သို့မဟုတ် ထုံးတမ်းစဉ်လာအရ ချန်လှပ်ထားသော အခြားအရာများ ရှိနိုင်သည်မှာ သဘာဝကျသည်။
ပိုမိုသိရှိလိုပါက
ဝီကီရင်းမြစ်တွင် ပါဝင်သည့်အရာများ
တွင် ကြည့်ပါ။
ဘာသာစကားများနှင့် ဘာသာပြန်များLanguages and translations
ပြင်ဆင်ရန်
ဝီကီရင်းမြစ်သည် ဘာသာစကားစုံ ပရောဂျက်တစ်ခု ဖြစ်သည်။ စာသားများနှင့် စာဘာသာပြန်များကို ဆီလျော်သော ဒိုမိန်းအခွဲနှင့် ယေဘုယျ
wikisource.org
ဝီကီတွင် ရေးသားနိုင်သည်။
ဤမြန်မာ ဝီကီသည်
မူလမြန်မာဘာသာဖြင့် ရင်းမြစ်စာသားများ
အခြားဘာသာစကားများမှ ရင်းမြစ်စာသားများအတွက် မြန်မာဘာသာပြန်ဆိုမှုများ
မြန်မာဘာသာနှင့် အပြိုင် ဘာသာပြန် ရင်းမြစ်စာသားများ
စာသားများနှင့် ဘာသာပြန်များကို လင့်ချိတ်ခြင်းနှင့် အမျိုးအစားခွဲခြားပေးရန် အရေးကြီးပြီး ထိုသို့ပြုလုပ်ခြင်းက မည်သူမဆို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်မည် ဖြစ်သည်။
ဘာသာပြန်များနှင့် ပတ်သက်သော အချက်အလက်များအတွက် ကျေးဇူးပြု၍
Wikisource:ဘာသာပြန်များ
တွင် ကြည့်ပါ။
ဝီကီရင်းမြစ်နှင့် အခြား ဝီကီမီဒီယာ ပရောဂျက်များ
ပြင်ဆင်ရန်
ဝီကီရင်းမြစ်လား ဒါမှမဟုတ် ဝီကီစာအုပ်လား
ပြင်ဆင်ရန်
အဆိုပါ ပရောဂျက်နှစ်ခု၏ ခြားနားချက်မှာ လွယ်ကူပါသည်။
ဝီကီ
ရင်းမြစ်
က တစ်နေရာရာတွင် ထုတ်ဝေပြီးဖြစ်သော အကြောင်းအရာများကို အဓိက အသားပေးသည်။
ဝီကီရင်းမြစ်
ကို အများပြည်သူပိုင်ဖန်တီးမှုများ၏ စာကြည့်တိုက်တစ်ခုအဖြစ် မြင်နိုင်ပါသည်။
ဝီကီ
စာအုပ်
ဆိုသည်မှာ ပါဝင်ပံ့ပိုးသူများ ကိုယ်တိုင် ရေးသားထားသော
လမ်းညွှန်အကြောင်းအရာများ
(ဥပမာ လေ့လာမှုလမ်းညွှန်များ၊ စာသင်ခန်း သင်ရိုးများ၊ မှတ်စုစာသားများ) ဖြစ်သည်။
ဝီကီရင်းမြစ်လား ဒါမှမဟုတ် ဝီကီပီးဒီးယားလား
ပြင်ဆင်ရန်
ဝီကီပီးဒီးယားသည်
စွယ်စုံကျမ်း
တစ်ခုဖြစ်ပြီး ဝီကီရင်းမြစ်က
စာကြည့်တိုက်
တစ်ခု ဖြစ်ပါသည်။ ဝီကီပီးဒီးယားတွင် စာအုပ်များ
အကြောင်း
ဆောင်းပါးများ ပါဝင်ပြီး ဝီကီရင်းမြစ်တွင် စာအုပ်
တစ်ခုလုံး
ပါဝင်သည်။ စာရေးသူများအကြောင်း ကျမ်းကိုးစာများသည် နှစ်ခုလုံးတွင် ပါဝင်နေနိုင်သည်။
စာမျက်နှာများ ကာကွယ်ခြင်း
ပြင်ဆင်ရန်
ဝီကီမီဒီယာ ပရောဂျက်အများစုရှိ ဝီကီစာမျက်နှာများသည် အစဉ်တိုးတက်ဖြစ်ထွန်းနေစေရန် ဒီဇိုင်းထုတ်ထားသည်။ ဥပမာအားဖြင့် ဝီကီပီးဒီးယားဆောင်းပါးများ သို့မဟုတ် ဝီကီစာအုပ် ဖတ်စာလမ်းညွှန်များ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဝီကီရင်းမြစ်သည် အခြားတစ်နေရာရာတွင် ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် စာသားအငြိမ်များ၏ စာကြည့်တိုက်တစ်ခု ဖြစ်သည်။ အများအားဖြင့် အဆိုပါ စာသားများကို ပြောင်းလဲရန် သို့မဟုတ် ဆင့်ကဲပြောင်းလဲရန် မရည်ရွယ်ပါ။ ပြုပြင်ပြောင်းလဲမှုပြုလုပ်ပါက ယင်းစာသားများ၏ ကျစ်လျစ်မှုကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။ ထို့ကြောင့် ဝီကီရင်းမြစ်မူဝါဒဖြင့် စာမျက်နှာများကို တည်းဖြတ်ခြင်းမှ "ကာကွယ်"ထားရန် (ပုံစံမှန်ကန်ပြီး အမှားမရှိဟု သတ်မှတ်နိုင်ပါက) အကြံပြုထားသည်။ ပြောင်းလဲပြင်ဆင်ရန် လိုအပ်ခြင်း သို့မဟုတ် အမှားပြင်ဆင်ရန်များကို ဆွေးနွေးချက် စာမျက်နှာမှတဆင့် သုံးသပ်လုပ်ဆောင်ရန် ဖြစ်သည်။
ဤနည်းဖြင့် ဝီကီရင်းမြစ်သည် သမိုင်းဆိုင်ရာ ကျစ်လျစ်စေရန် သတင်းမော်ကွန်းတင်ခြင်းဖြင့် စာမျက်နှာများကို "ကာကွယ်"ထားသော ဝီကီနယူးစ်နှင့် ပိုဆင်တူသည်။
နောက်ထပ်အချက်အလက်များအတွက် *
Wikisource:Protection policy
ကို ကြည့်ပါ။
NPOV
ပြင်ဆင်ရန်
အတိုကောက်
WS:NPOV
WS:POV
WS:Neutral
WS:Neutrality
တမ်းပလိတ်:See also
ဘက်မလိုက်သောအမြင်
("'N"'neutral "'P"'oint "'o"'f "'View"') သည် ဝီကီမီဒီယာ မိသားစု၏ ပရောဂျက်အားလုံးအတွက် သက်ရောက်သည့် အဓိက မူဝါဒစည်းမျဉ်းဖြစ်သည်။ မူရင်းစာသားတွေထဲမှာ NPOV ကို ထပ်ဟပ်ဖို့ မလိုပါ။ ပြန်လည်ထုတ်လုပ်ခြင်းနှင့် အသိအမှတ်ပြုဖော်ပြခြင်းများ ရှိသရွေ့ NPOV ကို ချိုးဖောက်ခြင်းမဟုတ်ပါ။ သို့သော် စာသား၏ အပိုင်းအချို့ကို အလေးထားခြင်း (သို့) စာသား၏ တစ်ပိုင်းကိုသာ ပြန်လည်ဖန်တီးခြင်းသည် သီးခြားရှုထောင့်တစ်ခုထံမှ ရှုမြင်ခြင်းဟု ဖော်ပြနိုင်သည်။
မိတ်ဆက်နှင့် အခြား ရှင်းလင်းချက်များကို ရေးသားရာတွင် NPOV ကို နှလုံးသွင်းရေးသားသင့်သည်။
မူပိုင်ခွင့်များ
ပြင်ဆင်ရန်
အခြားသော ဝီကီမီဒီယာ ပရောဂျက်များနည်းတူ မူပိုင်ခွင့်ဥပဒေများသည် ဝီကီရင်းမြစ်တွင်လည်း အကျိုးသက်ရောက်ပြီး ယင်းတို့ကို စိတ်တွင်
သိရှိထားရမည်
ဖြစ်သည်။
မူပိုင်ခွင့်များနှင့် ပတ်သက်၍ အောက်ပါတို့ကို ကြည့်ပါ။
Wikisource:Copyright
Wikisource:Possible copyright violations
(မူပိုင်ခွင့် ချိုးဖောက်ကြောင်း သံသယရှိသည်များ စာရင်း)
" မှ ရယူရန်
ကဏ္ဍ
ဝီကီရင်းမြစ်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆိုတာ ဘာလဲ
အကြောင်းအရာအသစ် ထပ်ထည့်ရန်