ဝီကီမီဒီယာ ဖောင်ဒေးရှင်း - ဝီကီပီးဒီးယား
မာတိကာသို့ ခုန်သွားရန်
ဝီကီပီးဒီးယား မှ
Wikimedia Foundation, Inc.
ဖွဲ့တည်ချိန်
စိန့်ပီတာစဘတ်မြို့
ဖလော်ရီဒါပြည်နယ်
အမေရိကန်
ဇွန်
၂၀၊
၂၀၀၃
၂၀၀၃-၀၆-၂၀
တည်ထောင်သူ
ဂျင်မီဝေးလ်စ်
အမျိုးအစား
အကျိုးအမြတ်မယူသော အဖွဲ့အစည်း
ရည်ရွယ်ချက်
အခမဲ့၊ open content၊
ဝီကီ
အခြေပြု
အင်တာနက်
ပရောဂျက်များ
တည်နေရာ
ဆန်ဖရန်စစ္စကိုမြို့
ကယ်လီဖိုးနီးယားပြည်နယ်
၊ အမေရိကန်ပြည်ထောင်စု /
လော့စ်အိန်ဂျယ်လိစ်မြို့
၊ ကယ်လီဖိုးနီးယားပြည်နယ် (မှတ်ပုံတင်အေးဂျင့်)
ဝန်ဆောင်မှုဒေသ
ကမ္ဘာတစ်ဝန်း
ဝန်ဆောင်မှုနည်းလမ်း
ဝီကီပီးဒီးယား
ဝစ်ရှင်နရီ
ဝီကီကိုးကား
ဝီကီစာအုပ်
ဝီကီရင်းမြစ်
Wikimedia Commons
ဝီကီမျိုးစိတ်
ဝီကီသတင်း
ဝီကီဗာစတီ
ဝီကီဒေတာ
Wikivoyage
၊ Wikimedia Incubator နှင့်
မေတာ-ဝီကီ
အရေးကြီးပုဂ္ဂိုလ်များ
Patricio Lorente
(ဘုတ်အဖွဲ့ဥက္ကဋ္ဌ)
Lila Tretikov
(အမှုဆောင်ဒါရိုက်တာ)
ဘဏ္ဍာရေး
US$ ၄၈.၆ သန်း
ကုန်ကျစရိတ်များ
$၃၅.၇ သန်း
အလုပ်သမား
၂၇၅ ဦးဝန်းကျင် (၂၀၁၅ ဩဂုတ်လအထိ)
စေတနာ့ဝန်ထမ်း
၃၅၉,၀၀၀ (၂၀၀၅)
ဝက်ဘ်ဆိုဒ်
wikimediafoundation.org
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
အင်္ဂလိပ်
Wikimedia Foundation
; အတိုကောက်
WMF
) သည် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဝီကီများစွာကို စီမံခန့်ခွဲနေသည်။ ဌာနချုပ်မှာ
ဆန်ဖရန်စစ္စကိုမြို့
ကယ်လီဖိုးနီးယားပြည်နယ်
တွင် တည်ရှိသည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှာ အင်တာနက် စွယ်စုံကျမ်း ဝီကီပီးဒီးယားကို လွှင့်တင်သည့် အဖွဲ့အစည်းအဖြစ် လူသိများသည်။ ဝီကီပီးဒီးယားအပြင်
ဝစ်ရှင်နရီ
ဝီကီကိုးကား
ဝီကီစာအုပ်
ဝီကီရင်းမြစ်
Wikimedia Commons
ဝီကီမျိုးစိတ်
ဝီကီသတင်း
ဝီကီဗာစတီ
ဝီကီဒေတာ
ဝီကီခရီးသွား
၊ Wikimedia Incubator နှင့်
မေတာ-ဝီကီ
တို့ကိုလည်း စီမံခန့်ခွဲလျက်ရှိသည်။
အဖွဲ့အစည်းကို ၂၀၀၃ ခုနှစ်တွင် ဝီကီပီးဒီးယား တွဲဖက်တည်ထောင်သူ
ဂျင်မီဝေးလ်စ်
မှ ဝီကီပီးဒီးယားနှင့် အခြားသော ညီအစ်မပရောဂျက်များကို အကျိုးအမြတ်မယူသောနည်းဖြင့် ရန်ပုံငွေပံ့ပိုးနိုင်ရန်အတွက် တည်ထောင်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဖောင်ဒေးရှင်း၌ ဝန်ထမ်းပေါင်း ၂၅၀ ခန့်ရှိပြီး နှစ်စဉ်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိနေပြီဖြစ်သည်။
ဖောင်ဒေးရှင်းကို Lila Tretikov က အမှုဆောင်ဒါရိုက်တာအနေဖြင့် ဦးဆောင်ကာ Patricio Lorente က ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်
၂၀၀၁ ခုနှစ်တွင် အင်တာနက် စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သူ
ဂျင်မီဝေးလ်စ်
နှင့် ဆော့ဖ်ဝဲလ်ရေးသားသူ
လာရီဆန်ဂါ
တို့သည် အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သည့် ဝီကီပီးဒီးယားကို စတင်တည်ထောင်ခဲ့သည်။ ပရောဂျက်ကို အစောပိုင်းတွင် ဝေးလ်စ်၏ ဘိုးမစ်ကုမ္ပဏီမှ ရန်ပုံငွေထောက်ပံ့ခဲ့သည်။ ဝီကီပီးဒီးယားသည် အရှိန်အဟုန်နှင့်ကြီးထွားလာကာ လူသိများလာခဲ့ပြီးနောက် ပရောဂျက်ကို ရန်ပုံငွေထောက်ပံ့ရန် ဆိုင်းငံ့အချိန်ဆွဲခြင်းခံရခဲ့သည်။
ဝီကီပီးဒီးယားအနေဖြင့် ဘိုးမစ်ကုမ္ပဏီ၏အရင်းအနှီးကို လျော့နည်းလာစေသဖြင့် ဝေးလ်စ်နှင့် ဆန်ဂါတို့သည် ပရောဂျက်ကို ရန်ပုံငွေထောက်ပံ့နိုင်ရန် ပရဟိတအဖွဲ့အစည်းတစ်ခု တည်ထောင်ရန် စဉ်းစားခဲ့ကြသည်။
၂၀၀၃ ခုနှစ် ဇွန်လ ၂၀ တွင် ဝီကီမီဒီယာ ဖောင်ဒေးရှင်းကို ဝီကီပီးဒီးယားနှင့် နျူပီးဒီးယား တို့ဖြင့် တည်ထောင်ခဲ့သည်။
၂၀၀၄ ခုနှစ် စက်တင်ဘာ ၁၇ တွင် အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့်နှင့် ကုန်သွယ်တံဆိပ်ရုံး၌
ဝီကီပီးဒီးယား
ကို ကုန်သွယ်တံဆိပ်မူပိုင် လျောက်ထားခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမှတ်တံဆိပ်အား မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ အမှတ်တံဆိပ်ကာကွယ်ခြင်းကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံတွင်လည်းကောင်း၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဥရောပသမဂ္ဂတွင် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့သည်။ စာအုပ်များနှင့် ဒီဗွီဒီကဲ့သို့သော အခြားကုန်ပစ္စည်းအချို့တွင် ဝီကီပီးဒီးယားအမှတ်တံဆိပ် အသုံးပြုခြင်းကို လိုင်စင်ခွင့်ပြုရန် ရည်ရွယ်ခဲ့သည်။
၂၀၀၅ ခုနှစ် ဧပြီလတွင် အမေရိကန် ပြည်တွင်းအခွန်လုပ်ငန်းမှ ဝီကီမီဒီယာ ဖောင်ဒေးရှင်းအား ပညာပေးဖောင်ဒေးရှင်းအဖြစ် သတ်မှတ်ပေးခဲ့သည်။
ဖလော်ရီဒါပြည်နယ် ပြဋ္ဌာန်းဥပဒေများ၏ မှတ်ပုံတင်လိုအပ်ချက်များနှင့် မကိုက်ညီခြင်းကြောင့် ဝီကီမီဒီယာ ဖောင်ဒေးရှင်းအနေဖြင့် သမဝါယမအဖွဲ့အစည်းတစ်ခု ဖြစ်မလာနိုင်တော့ကြောင်းကို ဘုတ်အဖွဲ့မှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် အဖွဲ့ဝင်အခွင့်အရေးများ၊ လုပ်ဆောင်ချက်များနှင့် ဆက်စပ်သမျှကို အဖွဲ့အစည်းတွင်း ဥပဒေများနှင့် ကိုက်ညီမှုရှိစေရန် ဖယ်ရှားခဲ့သည်။ အဖွဲ့အစည်းတွင်း ဥပဒေများကို ပြင်ဆင်ရန် ဆုံးဖြတ်ခြင်းအား ဘုတ်အဖွဲ့မှ တညီတညွတ်တည်း ထောက်ခံခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုများအား
ဆန်ဖရန်စစ္စကို ပင်လယ်အော် ဧရိယာ
သို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ စိတ်တူကိုယ်တူအဖွဲ့အစည်းများ၊ အလားအလာရှိသော တွဲဖက်များ၊ ပညာရှင်ပေါများခြင်းတို့သာမက
စိန့်ပီတာစဘတ်မြို့
နှင့်စာလျှင် နိုင်ငံတကာသို့ အဆင်ပြေပြေသွားလာနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်းများကြောင့် ဆန်ဖရန်စစ္စကိုအား ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
၁၀
၁၁
၁၂
ဝီကီမီဒီယာ ပရောဂျက်များ
ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး -
ဝီကီမီဒီယာ ပရောဂျက်များ
ဖောင်ဒေးရှင်းအနေဖြင့် ဝီကီပီးဒီးယားသာမက အခမဲ့ဖြစ်သည့် အခြားသော ဝီကီများကိုလည်း အသိပညာ ဖြန့်ဝေသည့်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲလျက်ရှိသည့် ပရောဂျက်များတွင် အောက်ပါတို့ပါဝင်သည်။
အမည်:
ဝီကီစာအုပ်
ဖော်ပြချက်:
ပြဋ္ဌာန်းစာအုပ်များ စုဆောင်းမှု
ဝက်ဘ်ဆိုဒ်:
//www.wikibooks.org
အမည်:
ဝီကီသတင်း
ဖော်ပြချက်:
အွန်လိုင်းသတင်းစာ
ဝက်ဘ်ဆိုဒ်:
//www.wikinews.org
အမည်:
ဝီကီမျိုးစိတ်
ဖော်ပြချက်:
သက်ရှိမျိုးစိတ်များ၏ အမျိုးအစားခွဲများ စုဆောင်းမှု
ဝက်ဘ်ဆိုဒ်:
//species.wikimedia.org
အမည်:
ဝီကီဒေတာ
ဖော်ပြချက်:
အသိပညာ အခြေပြု
ဝက်ဘ်ဆိုဒ်:
//www.wikidata.org
အမည်:
ဝီကီပီးဒီးယား
ဖော်ပြချက်:
အွန်လိုင်းစွယ်စုံကျမ်း
ဝက်ဘ်ဆိုဒ်:
//www.wikipedia.org
အမည်:
ဝီကီဗာစတီ
ဖော်ပြချက်:
ကျူတိုရီရယ်များနှင့် သင်ရိုးညွှန်းတမ်းများ စုဆောင်းမှု၊ ပူးပေါင်းသုတေသနပြုလုပ်နိုင်ခြင်း
ဝက်ဘ်ဆိုဒ်:
//www.wikiversity.org
အမည်:
Wikimedia Commons
ဖော်ပြချက်:
ဓာတ်ပုံများ၊ အသံများ၊ ဗွီဒီယိုများနှင့် အထွေထွေမီဒီယာများ စုဆောင်းထားရှိရာနေရာ
ဝက်ဘ်ဆိုဒ်:
//commons.wikimedia.org
အမည်:
ဝီကီကိုးကား
ဖော်ပြချက်:
အဆိုအမိန့်များ စုဆောင်းထားမှု
ဝက်ဘ်ဆိုဒ်:
//www.wikiquote.org
အမည်:
ဝီကီခရီးသွား
ဖော်ပြချက်:
ခရီးသွားလမ်းညွှန်
ဝက်ဘ်ဆိုဒ်:
//www.wikivoyage.org
အမည်:
မေတာ-ဝီကီ
ဖော်ပြချက်:
ဝီကီမီဒီယာ ပရောဂျက်များ၏ ဗဟိုချက်
ဝက်ဘ်ဆိုဒ်:
//meta.wikimedia.org
အမည်:
ဝီကီရင်းမြစ်
ဖော်ပြချက်:
ဒစ်ဂျစ်တယ် စာကြည့်တိုက်
Website:
//www.wikisource.org
အမည်:
ဝစ်ရှင်နရီ
ဖော်ပြချက်:
အွန်လိုင်းအဘိဓာန်
နှင့်
ဝေါဟာရပဒေသာကျမ်း
ဝက်ဘ်ဆိုဒ်:
//www.wiktionary.org
ကိုးကား
ပြင်ဆင်ရန်
Cbrown1023
Board of Trustees
Wikimedia Foundation။
July 22, 2015 တွင် ပြန်စစ်ပြီး။
Wikimedia Foundation, Inc. Financial Statements June, 2013 and 2012
(PDF)။
Upload.wikimedia.org။
December 14, 2013 တွင် ပြန်စစ်ပြီး။
Staff and contractors page (Wikimedia Foundation website)
Wikimedia Foundation။
August 7, 2015 တွင် ပြန်စစ်ပြီး။
(ပြင်သစ်)
Open for business (၂၀၀၇), Jaap Bloem & Menno van Doorn (trad. Audrey Vuillermier), éd. VINT, 2007 (
ISBN 978-90-75414-20-2
), p. 93.
No official number available since 2006
10 December 2013 ၌
မော်ကွန်းပြန်ကြည့်စက်
တွင်
မော်ကွန်းတင်ပြီး
Neate၊ Rupert။
Wikipedia founder Jimmy Wales goes bananas
"၊
The Daily Telegraph
၊ October 7, 2008
October 25, 2009 တွင် ပြန်စစ်ပြီး
"The encyclopedia's huge fan base became such a drain on Bomis's resources that Mr Wales, and co-founder Larry Sanger, thought of a radical new funding model
– charity."
Jimmy Wales
(June 20, 2003)။
Announcing Wikimedia Foundation
mail:wikipedia-l
November 26, 2012 တွင် ပြန်စစ်ပြီး။
Wikimedia Foundation, Inc. Financial Statements June, 2014 and 2013
(PDF)။
Upload.wikimedia.org။
December 11, 2014 တွင် ပြန်စစ်ပြီး။
Nair၊ Vipin။
Growing on volunteer power
"၊ Business Line၊ December 5, 2005
December 26, 2008 တွင် ပြန်စစ်ပြီး
Bylaws revision
Carlos Moncada
(September 25, 2007)။
Wikimedia Foundation Moving To Another Bay Area
The Tampa Tribune
28 December 2007 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
20 September 2015 တွင် ပြန်စစ်ပြီး။
Richard Mullins
(September 26, 2007)။
Online Encyclopedia To Leave St. Petersburg For San Francisco
The Tampa Tribune
28 December 2007 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
20 September 2015 တွင် ပြန်စစ်ပြီး။
Kim၊ Ryan
(October 10, 2007)။
Wikipedia team plans move to San Francisco
San Francisco Chronicle
11 October 2007 တွင်
မူရင်း
အား မော်ကွန်းတင်ပြီး။
20 September 2015 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
နှင့်ပတ်သက်သမျှကို
ဝီကီပီးဒီးယား၏
ညီအစ်မပရောဂျက်များ
တွင်
ရှာဖွေဖတ်ရှုရန်
ဝစ်ရှင်နရီမှ
အဓိပ္ပာယ်ဖွင့်ဆိုချက်များ
Commons မှ
မီဒီယာများ
ဝီကီသတင်းမှ
သတင်းများ
ဝီကီကိုးကားချက်မှ
အဆိုအမိန့်များ
ဝီကီရင်းမြစ်မှ
ရင်းမြစ်စာသားများ
ဝီကီစာအုပ်မှ
ပြဋ္ဌာန်းစာအုပ်များ
ဝီကီတက္ကသိုလ်မှ
လေ့လာနိုင်သော အကိုးအကားများ
တရားဝင်ဝက်ဘ်ဆိုဒ်
တရားဝင် ဘလော့ခ်စာမျက်နှာ
ဝက်ဘ်ဆိုဒ်လမ်းညွှန်
wikimedia
connect
Wikimedia on freenode
WMF mailing list archives
Sheldon Rampton's 2003 post on mail.wikipedia.org
ဝီကီမီဒီယာဖောင်ဒေးရှင်း ၂၀၁၀-၂၂ နှစ်ပတ်လည် အစီအစဉ်များ
၊ WMF wiki
ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ဘဏ္ဍာရေး အစီရင်ခံစာ
၊ WMF wiki
ဝီကီမီဒီယာ ဖောင်ဒေးရှင်း နှစ်ပတ်လည် အစီရင်ခံစာ
၊ WMF wiki
ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ဌာနတွင်းနည်းဥပဒေများ
၊ WMF wiki
အခြား
ပြင်ဆင်ရန်
ဝီကီမီဒီယာ ဖောင်ဒေးရှင်း companies
grouped at
OpenCorporates
The Wikimedia Foundation
profile at Charity Navigator, charitynavigator.org
Organizational Profile
29 December 2014 ၌
မော်ကွန်းပြန်ကြည့်စက်
တွင်
မော်ကွန်းတင်ပြီး
– National Center for Charitable Statistics (Urban Institute)
တွစ်တာ
ပေါ်ရှိ
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
ရှု
ပြော
ပြင်
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
လူပုဂ္ဂိုလ်များ
လက်ရှိ
Aaron Halfaker
James Heilman
Dariusz Jemielniak
Katherine Maher
ဂျင်မီဝေးလ်စ်
ယခင်
Hampton Catlin
Danese Cooper
Bishakha Datta
Florence Devouard
Oscar van Dillen
Sue Gardner
Arnnon Geshuri
Mike Godwin
Guy Kawasaki
Erik Möller
Lila Tretikov
Luis Villa
လက်ရှိလုပ်ငန်းများ
ဝီကီပီးဒီးယား
ဝီကီပီးဒီးယားများစာရင်း
ဝစ်ရှင်နရီ
ဝစ်ရှင်နရီများစာရင်း
Wikimedia Commons
ဝီကီဒေတာ
ဝီကီအဆိုအမိန့်
ဝီကီစာအုပ်
ဝီကီခရီးသွား
ဝီကီမျိုးစိတ်
ဝီကီသတင်း
ဝီကီတက္ကသိုလ်
ဝီကီခရီးသွား
အခြား
ဝီကီမီဒီယာလှုပ်ရှားမှု
List of Wikimedia chapters
မေတာ-ဝီကီ
ဝီကီမေးနီးယား
မီဒီယာဝီကီ
တရားစွဲဆိုမှု
Wikimedia v. NSA
Knowledge Engine
ဆက်နွယ်မှု
The Signpost
" မှ ရယူရန်
ကဏ္ဍများ
OpenCorporates groupings
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
ပညာရေးဖောင်ဒေးရှင်းများ
အမေရိကန်နိုင်ငံအခြေစိုက် ဖောင်ဒေးရှင်းများ
အမေရိကန်နိုင်ငံရှိ အင်တာနက်ကုမ္ပဏီများ
ဝှက်ထားသော ကဏ္ဍများ:
Webarchive template wayback links
Pages using ISBN magic links
အင်္ဂလိပ်ဘာသာစကား ပါဝင်သော ဆောင်းပါးများ
Lang-xx တမ်းပလိတ် အသုံးပြုထားသော စာမျက်နှာများ
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
အကြောင်းအရာအသစ် ထပ်ထည့်ရန်